< ဧဇရ 2 >
1 ၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊
၁ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။-
2 ၂ ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲက ထွက်၍ဗေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာ ယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့် အတူလိုက် လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည် ၌ အသီးသီးဆိုင်သော မြို့ရွာသို့ ရောက်သောနိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား၊
၂သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ဖြစ်ကြ၏။ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသားချင်းစုအလိုက် လူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်၏။
3 ၃ ပါရုတ်အမျိုးသား နှစ်ထောင်တရာခုနစ်ဆယ် နှစ်ယောက်၊
၃ပါရုတ်သားချင်းမှ ၂၁၇၂ ရှေဖတိသားချင်းစုမှ ၃၇၂ အာရာသားချင်းစုမှ ၇၇၅ ပါဟတ်မောဘသားချင်းစု (ယောရှုနှင့်ယွာဘတို့၏မြေးများ) ၂၈၁၂ ဧလံသားချင်းစုမှ ၁၂၅၄ ဇတ္တုသားချင်းစုမှ ၉၄၅ ဇက္ခဲသားချင်းစုမှ ၇၆၀ ဗာနိသားချင်းစုမှ ၆၄၂ ဗေဗဲသားချင်းစုမှ ၆၂၃ အာဇဂဒ်သားချင်းစုမှ ၁၂၂၂ အဒေါနိကံသားချင်းစုမှ ၆၆၆ ဗိဂဝဲသားချင်းစုမှ ၂၀၅၆ အာဒိန်သားချင်းစုမှ ၄၅၄ အာတာဟုလည်းကောင်းနာမည်တွင်သည့် ဟဇကိသားချင်းစုမှ ၉၈ ဗေဇဲသားချင်းစုမှ ၃၂၃ ယောရသားချင်းစုမှ ၁၁၂ ဟာရှုံသားချင်းစုမှ ၂၂၃ ဂိဗ္ဗာသားချင်းစုမှ ၉၅
4 ၄ ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက်၊
၄
5 ၅ အာရာအမျိုးသား ခုနစ်ရာခုနစ်ဆယ်ငါးယောက်၊
၅
6 ၆ ပါဟတ်မောဘအမျိုး၊ ယောရှုယွာဘ အမျိုးသား နှစ်ထောင်ရှစ် ရာတဆယ်နှစ်ယောက်၊
၆
7 ၇ ဧလံအမျိုးသား တထောင်နှစ်ရာငါးဆယ် လေးယောက်၊
၇
8 ၈ ဇတ္တု အမျိုးသားကိုးရာလေးဆယ်ငါးယောက်၊
၈
9 ၉ ဇက္ခဲ အမျိုးသားခုနစ်ရာ ခြောက်ဆယ်၊
၉
10 ၁၀ ဗာနိအမျိုးသားခြောက်ရာလေးဆယ်နှစ်ယောက်၊
၁၀
11 ၁၁ ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံး ယောက်၊
၁၁
12 ၁၂ အာဇဂဒ် အမျိုးသားတထောင်နှစ်ရာ နှစ်ဆယ် နှစ်ယောက်၊
၁၂
13 ၁၃ အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခြောက်ယောက်၊
၁၃
14 ၁၄ ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ် ခြောက် ယောက်၊
၁၄
15 ၁၅ အာဒိန်အမျိုးသား လေးရာငါးဆယ်လေး ယောက်၊
၁၅
16 ၁၆ ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက်၊
၁၆
17 ၁၇ ဗေဇဲ အမျိုးသား သုံးရာနှစ်ဆယ်သုံးယောက်၊
၁၇
18 ၁၈ ယောရအမျိုးသား တရာတဆယ်နှစ်ယောက်၊
၁၈
19 ၁၉ ဟာရှုံအမျိုးသား နှစ်ရာနှစ်ဆယ်သုံးယောက်၊
၁၉
20 ၂၀ ဂိဗ္ဗာ အမျိုးသား ကိုးဆယ်ငါးယောက်၊
၂၀
21 ၂၁ ဗက်လင်မြို့သား တရာနှစ်ဆယ်သုံးယောက်၊
၂၁အောက်ပါဖော်ပြပါမြို့တွင်နေထိုင်ခဲ့သူဘိုးဘေးတို့မှ ဆင်းသက်ပေါက်ပွားလာသူများသည်လည်း ယေရုရှလင်မြို့သို့ပြန်လာကြလေသည်။ ဗက်လင်မြို့မှ ၁၂၃ နေတောဖမြို့မှ ၅၆ အာနသုတ်မြို့မှ ၁၂၈ အာဇမာဝက်မြို့မှ ၄၂ ကိရယသာရိမ်မြို့ခေဖိရမြို့နှင့် ဗေရုတ်မြို့တို့မှ ၇၄၃ ရာမမြို့နှင့်ဂါဘမြို့မှ ၆၂၁ မိတ်မတ်မြို့မှ ၁၂၂ ဗေသလမြို့နှင့်အာဣမြို့မှ ၂၂၃ နေဗောမြို့မှ ၅၂ မာဂဗိတ်မြို့မှ ၁၅၆ အခြားဧလံမြို့မှ ၁၂၅၄ ဟာရိမ်မြို့မှ ၃၂၀ လောဒမြို့ဟာဒိဒ်မြို့နှင့် သြနောမြို့တို့မှ ၇၂၅ ယေရိခေါမြို့မှ ၃၄၅ သေနာမြို့မှ ၃၆၃၀
22 ၂၂ နေတောဖမြို့သား ငါးဆယ်ခြောက်ယောက်၊
၂၂
23 ၂၃ အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက်၊
၂၃
24 ၂၄ အာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
၂၄
25 ၂၅ ကိရယသာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာ လေးဆယ်သုံးယောက်၊
၂၅
26 ၂၆ ရာမမြို့၊ ဂါဘမြို့သားခြောက်ရာနှစ်ဆယ်တယောက်၊
၂၆
27 ၂၇ မိတ်မတ်မြို့သား တရားနှစ်ဆယ်နှစ်ယောက်၊
၂၇
28 ၂၈ ဗေသလမြို့၊ အာဣမြို့သားနှစ်ရာ နှစ်ဆယ် သုံးယောက်၊
၂၈
29 ၂၉ နေဗောမြို့သား ငါးဆယ်နှစ်ယောက်၊
၂၉
30 ၃၀ မာဂဗိတ် မြို့သား တရာငါးဆယ်ခြောက်ယောက်၊
၃၀
31 ၃၁ အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
၃၁
32 ၃၂ ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
၃၂
33 ၃၃ လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ဆယ်ငါးယောက်၊
၃၃
34 ၃၄ ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
၃၄
35 ၃၅ သေနာမြို့သားသုံးထောင် ခြောက်ရာသုံးဆယ် တည်း။
၃၅
36 ၃၆ ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုး ထဲက၊ ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက်၊
၃၆ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ယဇ်ပုရောဟိတ်သားချင်းစုစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ ယေဒါယသားချင်းစု (ယောရှု၏ သားမြေးများ) ၉၇၃ ဣမေရသားချင်းစုမှ ၁၀၅၂ ပါရှုရသားချင်းစုမှ ၁၂၄၇ ဟာရိမ်သားချင်းစုမှ ၁၀၁၇
37 ၃၇ ဣမေရ အမျိုးသားတထောင်ငါးဆယ် နှစ်ယောက်၊
၃၇
38 ၃၈ ပါရှုရ အမျိုးသားတထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက်၊
၃၈
39 ၃၉ ဟာရိမ်အမျိုးသား တထောင်တဆယ်ခုနစ် ယောက်တည်း။
၃၉
40 ၄၀ လေဝိသားစာရင်းဟူမူကား၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေး ယောက်၊
၄၀ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောလေဝိအနွယ်ဝင်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလသားချင်းစုမှ (ဟောဒဝိ၏သားမြေးများ) ၇၄
41 ၄၁ သီချင်းသည် အာသပ်အမျိုးသား တရာနှစ်ဆယ် ရှစ်ယောက်၊
၄၁ဗိမာန်တော်ဂီတပညာသည် (အာသပ်၏သားမြေးများ) ၁၂၈
42 ၄၂ တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသား အပေါင်း တရာသုံးဆယ်ကိုးယောက်တည်း။
၄၂ဗိမာန်တော်အစောင့်တပ်သား (ရှလ္လုံ၊ အာတာ၊ တာလမုန်၊ အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၉
43 ၄၃ ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖ အမျိုးသား၊ တဗ္ဗောက်အမျိုးသား၊
၄၃ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယာဟ၊ပါဒုန်၊ လေဗန၊ဟာဂဘ၊အက္ကုပ်၊ ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊ သြဇ၊ပါသာ၊ဗေသဲ၊ အာသနာ၊မဟုနိမ်၊နဖုသိမ်၊ ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ ဗာကုတ်၊သိသရ၊သာမ နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။
44 ၄၄ ကေရုတ်အမျိုးသား၊ သာယာဟအမျိုးသား၊ ပါဒုန်အမျိုးသား၊
၄၄
45 ၄၅ လေဗနအမျိုးသား၊ ဟာဂဘအမျိုးသား၊ အက္ကုပ် အမျိုးသား၊
၄၅
46 ၄၆ ဟာဂပ်အမျိုးသား၊ ရှာလမဲအမျိုးသား၊ ဟာနန် အမျိုးသား၊
၄၆
47 ၄၇ ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊ ရာယ အမျိုးသား၊
၄၇
48 ၄၈ ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊ ဂဇ္ဇမ်အမျိုးသား၊
၄၈
49 ၄၉ ဩဇအမျိုးသား၊ ပါသာအမျိုးသား၊ ဗေသဲ အမျိုးသား၊
၄၉
50 ၅၀ အာသနာအမျိုးသား၊ မဟုနိမ်အမျိုးသား၊ နဖုသိမ်အမျိုးသား၊
၅၀
51 ၅၁ ဗာကဗုတ်အမျိုးသား၊ ဟကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
၅၁
52 ၅၂ ဗာဇလုပ်အမျိုးသား၊ မဟိဒအမျိုးသား၊ ဟရရှအမျိုးသား၊
၅၂
53 ၅၃ ဗာကုတ်အမျိုးသား၊ သိသရအမျိုးသား၊ သာမ အမျိုးသား၊
၅၃
54 ၅၄ နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
၅၄
55 ၅၅ ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရုဒအမျိုးသား၊
၅၅ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုများမှာ၊ သောတဲ၊သောဖရက်၊ပေရုဒ၊ ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ဇေဗိမ်နှင့်အာမိတို့ဖြစ်သည်။
56 ၅၆ ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလ အမျိုးသား၊
၅၆
57 ၅၇ ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမိအမျိုးသား တည်း။
၅၇
58 ၅၈ ဘုရားကျွန်နှင့် ရှောလမုန် ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
၅၈ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောရှောလမုန်၏အစေခံများနှင့် ဗိမာန်တော်အလုပ်သမားများ၏သားမြေးဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်သတည်း။
59 ၅၉ ထိုမှတပါး၊ ဣသရေလအမျိုး မှန်သည်မမှန်သည်ကို၎င်း၊ မိမိတို့ အဆွေအမျိုးကို၎င်း၊ မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ် မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူဟူမူကား၊
၅၉တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသော၊-
60 ၆၀ ဒေလာယ အမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ် နှစ်ယောက်တည်း။
၆၀ဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာငါးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ပွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
61 ၆၁ ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သားဗာဇိလဲသမီး တယောက်နှင့် စုံဘက်၍၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊
၆၁အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။-
62 ၆၂ စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ၍မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ် အရာကိုမခံရကြ။
၆၂
63 ၆၃ ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
၆၃ယုဒဘုရင်ခံကသူတို့အားသင်တို့သည် ဥရိမ်နှင့်သုမိမ် ကိုအသုံးပြုနိုင်သောယဇ်ပုရောဟိတ်မပေါ်ထွန်းမီ၊ သန့်ရှင်းသောအစာများကိုမသုံးဆောင်ရဟုပြောကြားလိုက်သည်။
64 ၆၄ ပရိသတ်ပေါင်းကား လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
၆၄ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူစုစုပေါင်းဦးရေမှာ ၄၂၃၆၀ သူတို့၏အစေခံယောကျာ်း မိန်းမ ၇၃၃၇ အမျိုးသားအမျိုးသမီး ဂီတပညာသည်များ ၂၀၀ မြင်း ၇၃၆ ကောင် မြည်း ၂၄၅ ကောင် ကုလားအုတ် ၄၃၅ ကောင် လား ၆၇၂၀ ကောင်
65 ၆၅ ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီးချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ၊
၆၅
66 ၆၆ မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊
၆၆
67 ၆၇ ကုလားအုပ်ပေါင်းလေးရာသုံးဆယ်ငါးစီး၊ မြည်း ပေါင်းခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။
၆၇
68 ၆၈ အဆွေအမျိုးသူကြီးအချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော် ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှါ၊
၆၈ပြည်နှင်ဒဏ်သင့်သူတို့သည် ယေရုရှလင်မြို့ရှိထာဝရဘုရား၏ဗိမာန်တော်သို့ရောက်ရှိကြသောအခါ သားချင်းစုခေါင်းဆောင်အချို့တို့သည် နေရာဟောင်းတွင်ဗိမာန်တော်ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့စေတနာအလျောက်ပေးလှူကြလေသည်။-
69 ၆၉ တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါးခြောက်သောင်းတထောင်၊ ငွေအခွက်ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ် အစုံတရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။
၆၉ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။
70 ၇၀ ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သာမည လူအချို့၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည် မိမိတို့နေရာမြို့ရွာတို့၌၎င်း၊ ဣသရေလပြည်သူပြည်သားအပေါင်းတို့သည် မိမိတို့နေရာမြို့ရွာတို့၌၎င်းနေရာကျ ကြ၏။
၇၀ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်လူအချို့တို့သည် ယေရုရှလင်မြို့သို့မဟုတ်ထိုမြို့အနီးတွင်နေထိုင်ကြ၏။ ဂီတပညာသည်များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့်ဗိမာန်တော်အလုပ်သမားများသည် အနီးအနားရှိမြို့တို့တွင်နေထိုင်ကြလေသည်။ ကျန်ဣသရေလအမျိုးသားတို့သည် မိမိတို့ဘိုးဘေးနေထိုင်ခဲ့သောမြို့များသို့သွားရောက်နေထိုင်ကြသည်။