< ယေဇကျေလ 1 >
1 ၁ သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခါနိမင်းကြီး နန်းကျပဥ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊
Now it came to pass in the thirties year, in the fourth month, on the fifth day of the month, that I was in the midst of the captivity by the river of Chobar; and the heavens were opened, and I saw visions of God.
2 ၂ မိုဃ်းကောင်းကင်ပွင့်၍ ဘုရားသခင်၏ဗျာဒိတ် ရူပါရုံတို့ကို မြင်ရ၏။
On the fifth day of the month; this was the fifth year of the captivity of king Joakim.
3 ၃ ထိုအခါခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။
And the word of the Lord came to Jezekiel the priest, the son of Buzi, in the land of the Chaldeans, by the river of Chobar; and the hand of the Lord was upon me.
4 ၄ ငါကြည့်ရှု၍၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ၏။
And I looked, and, behold, a sweeping wind came from the north, and a great cloud on it, and [there was] brightness round about it, and gleaming fire, and in the midst of it as it were the appearance of amber in the midst of the fire, and brightness in it.
5 ၅ ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား၊ လူ၏ပုံသဏ္ဍန်ကိုဆောင်၍၊
And in the midst as it were the likeness of four living creatures. And this was their appearance; the likeness of a man was upon them.
6 ၆ မျက်နှာလေးခုစီ၊ အတောင်လည်း လေးခုစီ ရှိကြ၏။
And each one [had] four faces, and each one [had] four wings.
7 ၇ ခြေထောက်သည် ဖြောင့်သေည ခြေထောက်ဖြစ်၏။ ခြေဘဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သော ကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နျာအတောင်အောက်၌ လူလက်ရှိ၏။
And their legs were straight; and their feet were winged, and [there were] sparks, like gleaming brass, and their wings were light.
8 ၈ ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း ပြည့်စုံကြ၏။
And the hand of a man was under their wings on their four sides.
9 ၉ အတောင်ချင်းတခုနှင့်တခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။
And the faces of them four turned not when they went; they went everyone straight forward.
10 ၁၀ မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ျာဘက်၌ လူမျက်နှာ၊ ခြင်္သေ့ မျက်နှာနှင့်၎င်း၊ လက်ဝဲဘက်၌နွားမျက်နှာ၊ ရွှေလင်းတ မျက်နှင်နှင့်၎င်း ပြည့်စုံကြ၏။
And the likeness of their faces was the face of a man, and the face of a lion on the right of the four; and the face of a calf on the left of the four; and the face of an eagle to the four.
11 ၁၁ အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်းစပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက် ရှိကြ၏။
And the four had their wings spread out above; each one [had] two joined to one another, and two covered their bodies.
12 ၁၂ ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည် အတိုင်း သွားကြ၏။ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။
And each one went straight forward: wherever the spirit was going they went, and turned not back.
13 ၁၃ ထိုသတ္တဝါတို့၏ အဆင်းအရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက်အရောင်နှင့်တူ၏။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြား လှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။
And in the midst of the living creatures [there was] an appearance as of burning coals of fire, as an appearance of lamps turning amongst the living creatures; and the brightness of fire, and out of the fire came forth lightning.
14 ၁၄ သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍၊ ပြေးလျက် ပြန်လာလျက်ရှိကြ၏။
15 ၁၅ ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတခုစီ ထင်ရှား၏။
And I looked, and, behold, the four [had each] one wheel on the ground near the living creatures.
16 ၁၆ ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့်တူ၏။ ထိုလေးခုတို့ သည် အဆင်းအရောင်တညီတည်း ရှိကြ၏။ ပုံသဏ္ဍာန်မူ ကား၊ ဘီးတခုအထဲ၌ ဘီးတခုတပ်သကဲ့သို့ဖြစ်၏။
And the appearance of the wheels was as the appearance of beryl: and the four had one likeness: and their work was as it were a wheel in a wheel.
17 ၁၇ သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲသွားတတ်ကြ၏။
They went on their four sides: they turned not as they went;
18 ၁၈ ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဘွယ် ဖြစ်ကြ၏။ ထိုလေးပါးတို့သည်မျက်စိနှင့်ပြည့်ကြ၏။
neither did their backs [turn]: and they were high: and I saw them, and the backs of them four were full of eyes round about.
19 ၁၉ သတ္တဝါတို့သည် သွားသောအခါ၊ ဘီးတို့သည် လည်း ထက်ကြပ်ပါကြ၏။
And when the living creatures went, the wheels went by them: and when the living creatures lifted themselves off the earth, the wheels were lifted off.
20 ၂၀ သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သော အခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော် သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍ လိုက်ကြ ၏။ သတ္တဝါတို့၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။
Wherever the cloud happened to be, there was the spirit ready to go: the wheels went and were lifted up with them; because the spirit of life was in the wheels.
21 ၂၁ သူတို့သွားသောအခါဘီးတို့သည်သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ဝိညာဉ်တော်သည် ဘီးတို့၌ရှိ၏။
When those went, [the wheels] went; and when those stood, [the wheels] stood; and when those lifted themselves off the earth, they were lifted off with them: for the spirit of life was in the wheels.
22 ၂၂ ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုဃ်း မျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက် ဘွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။
And the likeness over the heads of the living creatures was as a firmament, as the appearance of crystal, spread out over their wings above.
23 ၂၃ မိုဃ်းမျက်နှာကြက်အောက်မှာ သူတို့အတောင် များသည် တခုသို့တခုတည့်တည့်ပြန့်လျက်ရှိ၍၊ ပြင်ဘက် ၌လည်း ကိုယ်ကိုဖုံးစရာဘို့ အတောင်နှစ်ခုစီရှိ၏။
And their wings were spread out under the firmament, reaching one to the other; two [wings] to each, covering their bodies.
24 ၂၄ သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏။
And I heard the sound of their wings when they went, as the sound of much water: and when they stood, their wings were let down.
25 ၂၅ ရပ်၍အတောင်တို့ကို ချသောအခါ၊ သူတို့၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်ထဲက စကားသံ သည် ထွက်၏။
And behold! a voice from above the firmament
26 ၂၆ သူတို့၏ခေါင်းများအထက်၊ မိုဃ်းမျက်နှက်ကြက် အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင် ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဍာန် အပေါ်၌လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ်၏။
that was over their head, [there was] as the appearance of a sapphire stone, [and] the likeness of a throne upon it: and upon the likeness of the throne was the likeness as an appearance of a man above.
27 ၂၇ ပလ္လင်အတွင်း၌၎င်း၊ ပတ်လည်၌၎င်း၊ ခါး သဏ္ဍာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင် နှင့်မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီး အရောင်ကဲ့သို့ ထင်ရှား ၍ ပတ်လည်၌ ထွန်းတောက်လေ၏။
And I saw as it were the resemblance of amber from the appearance of the loins and upwards, and from the appearance of the loins and under I saw an appearance of fire, and the brightness thereof round about.
28 ၂၈ ထိုသို့ထွန်းတောက်သော အရောင်သည် မိုဃ်း ရွာသောနေ့တွင်၊ မိုဃ်းတိမ်၌ပေါ်သော သက်တံ့၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွှေကား၊ ထာဝရဘုရား၏ ဘုန်းတော်သဏ္ဌာန်အဆင်းအရောင်ဖြစ်သတည်း။
As the appearance of the bow when it is in the cloud in days of rain, so was the form of brightness round about.