< ယေဇကျေလ 5 >
1 ၁ တဖန်တုံ၊ အချင်းလူသား၊ ထက်သောထား တည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့် ချိန်၍ အစုစုခွဲထားလော့။
Ши ту, фиул омулуй, я о сабие аскуцитэ, я-о ка бричь де рас ши трече-о песте кап ши барбэ. Я апой о кумпэнэ де кынтэрит ши ымпарте пэрул.
2 ၂ မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့်ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည်။
О треиме дин ел арде-о ын фок, ын мижлокул четэций, кынд се вор ымплини зилеле ымпресурэрий; о треиме я-о ши тае-о ку сабия де жур ымпрежурул четэций; яр о треиме рисипеште-о ын вынт, кэч вой траӂе сабия дупэ ей.
3 ၃ အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။
Тотушь я врео кыцьва перь ши стрынӂе-й ын поалеле хайней тале.
4 ၄ ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့ လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။
Дин ачештя сэ май ей ярэшь врео кыцьва, сэ-й арунчь ын фок ши сэ-й арзь ын фок. Дин ей ва еши ун фок ымпотрива ынтреӂий касе а луй Исраел.
5 ၅ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ ရှိသောတိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊
Аша ворбеште Домнул Думнезеу: ‘Ачеста есте Иерусалимул! Еу ыл пусесем ын мижлокул нямурилор ши де жур ымпрежурул луй сунт цэрь.
6 ၆ ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ ချက်ပညတ်တရားကို လွန်ကျူး သည်ထက်၊ ထိုမြို့သားတို့သည်သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။
Дар ел с-а рэзврэтит ымпотрива леӂилор ши порунчилор Меле ши с-а фэкут май виноват декыт нямуриле ши цэриле де примпрежур, кэч а несокотит леӂиле Меле, н-а урмат порунчиле Меле.’
7 ၇ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့် ကျင်သောကြောင့် ၎င်း၊ ငါ၏စီရင်ချက်လမ်းသို့မဟုတ်၊ ငါ၏ပညတ်တရား ကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့၏ထုံးစံဓလေ့ သို့လိုက်သောကြောင့်၎င်း၊
Де ачея, аша ворбеште Домнул Думнезеу: ‘Пентру кэ аць фост май ындэрэтничь декыт нямуриле каре вэ ынконжоарэ, пентру кэ н-аць урмат порунчиле Меле ши н-аць ымплинит леӂиле Меле ши н-аць лукрат нич мэкар дупэ леӂиле нямурилор каре вэ ынконжоарэ,
8 ၈ ငါသည်ကိုယ်တိုင်သင့်တဘက်၌ နေ၍၊ တပါး အမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကိုစီရင်မည်။
дин причина ачаста, аша зиче Домнул Думнезеу: «Ятэ, ам неказ пе тине ши вой адуче ла ындеплинире ын мижлокул тэу жудекэциле Меле, суб окий нямурилор.
9 ၉ သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင်၌ စီရင်မည်။
Дин причина тутурор урычунилор тале, ыць вой фаче че н-ам фэкут ничодатэ ши нич ну вой май фаче вреодатэ.
10 ၁၀ သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်။
Де ачея, пэринций вор мынка пе копиий лор ын мижлокул тэу ши копиий вор мынка пе пэринций лор; Ымь вой ымплини жудекэциле ымпотрива та ши вой рисипи ын тоате вынтуриле пе тоць чей че вор май рэмыне дин тине.»
11 ၁၁ ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာ ဌာနကို သင်သည်ညစ်ညူးစေသောကြောင့်၊ ငါသည် လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။
Де ачея, пе вяца Мя’, зиче Домнул Думнезеу, ‘пентру кэ Мь-ай пынгэрит Локашул Меу чел Сфынт ку тоць идолий ши тоате урычуниле тале, ши Еу Ымь вой ынтоарче окий де ла тине; окюл Меу ва фи фэрэ милэ ши ну Мэ вой ындура.
12 ၁၂ သင်၏သုံးစုတို့တွင်၊ တစုသည်နာဘေးဖြင့် သေ၍၊ သင်၏အလယ်၌မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည်။ တစခုသည်သင့်ပတ်လည်၌ ထားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့်၍၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည်။
О треиме дин локуиторий тэй ва мури де чумэ ши ва фи нимичитэ де фоамете ын мижлокул тэу: о треиме ва кэдя учисэ де сабие ын журул тэу ши о треиме о вой рисипи ын тоате вынтуриле ши вой скоате сабия дупэ ей.
13 ၁၃ ထိုသို့ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသ အရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေ လိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလို ကိုပြည့်စုံ စေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။
Ымь вой потоли астфел мыния, Ымь вой домоли астфел урӂия ку ей ши Мэ вой рэзбуна ка сэ штие кэ Еу, Домнул, ам ворбит ын мыния Мя, вэрсынду-Мь урӂия песте ей.
14 ၁၄ ထိုမှတပါး၊ အနားမှာရှောက်သွားသမျှသော သူတို့ရှေ့တွင် သင့်ကိုလူဆိတ်ညံရာ၊ ပတ်လည်၌နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာ ဖြစ်စေမည်။
Те вой префаче ынтр-ун пустиу, те вой фаче де окарэ принтре нямуриле каре те ынконжоарэ, ынаинтя тутурор трекэторилор.
15 ၁၅ ဒေါသအမျက်အရှိန်အားဖြင့် သင်၌ပြင်းပစွာ သော အပြစ်ဒဏ်ကို ငါစီရင်သောအခါ၊ ပတ်လည်၌ နေသောလူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ်လိမ့်မည်။ ထိုသို့ငါထာဝရ ဘုရား မိန့်တော်မူ၏။
Вей ажунӂе де окарэ ши де рушине, вей фи о пилдэ ши о гроазэ пентру нямуриле каре те ынконжоарэ кынд вой адуче ла ындеплинире жудекэциле Меле ымпотрива та, ку мыние, ку урӂие ши ку педепсе аспре – Еу, Домнул, о спун – кынд вой арунка ымпотрива лор сэӂециле нимичитоаре але фоаметей, каре дау моартя ши пе каре ле вой тримите сэ вэ нимичяскэ.
16 ၁၆ သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်း ဘေးတည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌၎င်း၊ သင်တို့တွင်မွတ်သိပ်ခြင်းဘေးကို တိုးပွါးစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌၎င်း၊
Кэч ла ненорочириле воастре вой май адэуга ши фоаметя ши вэ вой сфэрыма тоягул пыний.
17 ၁၇ သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်း ဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ထားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့ သည် လွှမ်းမိုးသောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။
Вой тримите ымпотрива воастрэ ну нумай фоаметя, чи ши фяреле сэлбатиче, каре вэ вор лэса фэрэ копий. Чума ши вэрсаря де сынӂе вор трече прин мижлокул тэу; вой адуче песте тине ши сабия. Еу, Домнул, ворбеск.’”