< ယေဇကျေလ 5 >

1 တဖန်တုံ၊ အချင်းလူသား၊ ထက်သောထား တည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့် ချိန်၍ အစုစုခွဲထားလော့။
인자야! 너는 날카로운 칼을 취하여 삭도를 삼아 네 머리털과 수염을 깎아서 저울에 달아 나누었다가
2 မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့်ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည်။
그 성읍을 에워싸는 날이 차거든 너는 터럭 삼분지 일은 성읍 안에서 불사르고 삼분지 일은 가지고 성읍 사방에서 칼로 치고 또 삼분지 일은 바람에 흩으라 내가 그 뒤를 따라 칼을 빼리라
3 အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။
너는 터럭 중에서 조금을 가져 네 옷자락에 싸고
4 ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့ လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။
또 그 가운데서 얼마를 가져 불에 던져 사르라 그 속에서 불이 이스라엘 온 족속에게로 나오리라
5 တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ ရှိသောတိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊
주 여호와께서 가라사대 이것이 곧 예루살렘이라 내가 그를 이방인 가운데 두어 열방으로 둘러 있게 하였거늘
6 ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ ချက်ပညတ်တရားကို လွန်ကျူး သည်ထက်၊ ထိုမြို့သားတို့သည်သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။
그가 내 규례를 거스려서 이방인보다 악을 더 행하며 내 율례도 그리함이 그 둘러 있는 열방보다 더하니 이는 그들이 내 규례를 버리고 내 율례를 행치 아니하였음이니라
7 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့် ကျင်သောကြောင့် ၎င်း၊ ငါ၏စီရင်ချက်လမ်းသို့မဟုတ်၊ ငါ၏ပညတ်တရား ကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့၏ထုံးစံဓလေ့ သို့လိုက်သောကြောင့်၎င်း၊
그러므로 나 주 여호와가 말하노라 너희 요란함이 너희를 둘러 있는 이방인보다 더하여 내 율례를 행치 아니하며 내 규례를 지키지 아니하고 너희를 둘러 있는 이방인의 규례대로도 행치 아니하였느니라
8 ငါသည်ကိုယ်တိုင်သင့်တဘက်၌ နေ၍၊ တပါး အမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကိုစီရင်မည်။
그러므로 나 주 여호와가 말하노라 나 곧 내가 저를 치며 이방인의 목전에서 너희 중에 벌을 내리되
9 သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင်၌ စီရင်မည်။
네 모든 가증한 일로 인하여 내가 전무후무하게 네게 내릴지라
10 ၁၀ သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်။
그리한즉 너희 중에서 아비가 아들을 먹고 아들이 그 아비를 먹으리라 내가 벌을 네게 내리고 너희 중에 남은 자를 다 사방에 흩으리라
11 ၁၁ ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာ ဌာနကို သင်သည်ညစ်ညူးစေသောကြောင့်၊ ငါသည် လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။
그러므로 나 주 여호와가 말하노라 내가 나의 삶을 두고 맹세하노니 네가 모든 미운 물건과 모든 가증한 일로 내 성소를 더럽혔은즉 나도 너를 아껴 보지 아니하며 긍휼을 베풀지 아니하고 미약하게 하리니
12 ၁၂ သင်၏သုံးစုတို့တွင်၊ တစုသည်နာဘေးဖြင့် သေ၍၊ သင်၏အလယ်၌မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည်။ တစခုသည်သင့်ပတ်လည်၌ ထားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့်၍၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည်။
너희 가운데서 삼분지 일은 온역으로 죽으며 기근으로 멸망할 것이요 삼분지 일은 너희 사방에서 칼에 엎드러질 것이며 삼분지 일은 내가 사방에 흩고 또 그 뒤를 따라 칼을 빼리라
13 ၁၃ ထိုသို့ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသ အရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေ လိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလို ကိုပြည့်စုံ စေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။
이와 같이 내 노가 다한즉 그들에게 향한 분이 풀려서 내 마음이 시원하리라 내 분이 그들에게 다 한즉 나 여호와가 열심으로 말한 줄을 그들이 알리라
14 ၁၄ ထိုမှတပါး၊ အနားမှာရှောက်သွားသမျှသော သူတို့ရှေ့တွင် သင့်ကိုလူဆိတ်ညံရာ၊ ပတ်လည်၌နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာ ဖြစ်စေမည်။
내가 또 너로 황무케 하고 너를 둘러 있는 이방인 중에서 모든 지나가는 자의 목전에 능욕거리가 되게 하리니
15 ၁၅ ဒေါသအမျက်အရှိန်အားဖြင့် သင်၌ပြင်းပစွာ သော အပြစ်ဒဏ်ကို ငါစီရင်သောအခါ၊ ပတ်လည်၌ နေသောလူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ်လိမ့်မည်။ ထိုသို့ငါထာဝရ ဘုရား မိန့်တော်မူ၏။
내 노와 분과 중한 책망으로 네게 벌을 내린즉 너를 둘러 있는 이방인에게 네가 수욕과 조롱을 당하고 경계와 괴이한 것이 되리라 나 여호와의 말이니라
16 ၁၆ သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်း ဘေးတည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌၎င်း၊ သင်တို့တွင်မွတ်သိပ်ခြင်းဘေးကို တိုးပွါးစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌၎င်း၊
내가 멸망케 하는 기근의 독한 살로 너희를 멸하러 보내되 기근을 더하여 너희의 의뢰하는 양식을 끊을 것이라
17 ၁၇ သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်း ဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ထားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့ သည် လွှမ်းမိုးသောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။
내가 기근과 악한 짐승을 너희에게 보내어 외롭게 하고 너희 가운데 온역과 살륙으로 행하게 하고 또 칼이 너희에게 임하게 하리라 나 여호와의 말이니라

< ယေဇကျေလ 5 >