< ယေဇကျေလ 48 >
1 ၁ ဣသရေလအမျိုးခရိုင်စုအမည်ကား၊ မြောက် ဘက်၌ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ် မြို့နယ်တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ် တိုင်အောင်၎င်း ဒန်ခရိုင်ရှိရမည်။
A IA hoi na inoa o na ohana. Mai ka welau kukulu akau a hiki i ka mokuna o ke alanui o Hetelona kahi e komo ai iloko o Hamata, Hazarenana, ka palena o Damaseko ma ke kukulu akau, a hiki i ka mokuna o Hamata; no ka mea, oia kona mau aoao, ka hikina a me ke komohana, no Dana hookahi.
2 ၂ ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။
A ma ka palena o Dana, mai ka aoao hikina a hiki i ka aoao komohana, no Asera hookahi.
3 ၃ အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
A ma ka palena o Asera, mai ka aoao hikina, a hiki i ka aoao komohana, no Napetali hookahi.
4 ၄ နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။
A ma ka palena o Napetali, mai ka aoao hikina a hiki i ka aoao komohana, no Manase hookahi.
5 ၅ မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။
A ma ka palena o Manase, mai ka aoao hikina a hiki i ka aoao komohana, na Eperaima hookahi.
6 ၆ ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။
A ma ka palena o Eperaima, mai ka aoao hikina a hiki i ka aoao komohana, no Reubena hookahi.
7 ၇ ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
A ma ka palena o Reubena, mai ka aoao hikina a hiki i ka aoao komohana, no Iuda hookahi.
8 ၈ ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာန ရှိရမည်။
A ma ka palena o Iuda, mai ka aoao hikina a hiki i ka aoao komohana, oia ka alana a oukou e mohai ai, he iwakaluakumamalima tausani ohe o ka laula, a o ka loa e like ia me kekahi apana, mai ka aoao hikina a hiki i ka aoao komohana; a iwaenakonu auanei ka wahi hoano.
9 ၉ ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား၊ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိရမည်။
A o ka alana a oukou e mohai aku ai ia Iehova he iwakaluakumamalima tausani ka loa, a ho umi tausani ka laula.
10 ၁၀ ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ်၍ မြောက်ဘက်၌နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌အနံတသောင်း၊ အရှေ့ဘက်၌ အနံ တသောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင် ကျယ်၍၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
A no lakou, no na kahuna keia alana hoano; ma ke kukulu akau he iwakaluakumamalima tausani ka loa, a ma ke komohana he umi tausani ka laula, a ma ka hikina he umi tausani ka laula, a ma ke kukulu hema he iwakaluakumamalima tausani ka loa; a mawaenakonu hoi ka wahi hoano no Iehova.
11 ၁၁ ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင် ၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။
No na kahuna i hoolaaia o na keiki a Zadoka, na mea i malama i ka'u oihana, na mea i auwana ole i ka wa i auwana aku ai na mamo a Iseraela, me na mamo a Levi hoi i auwana ai.
12 ၁၂ လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။
A o keia alana a ka aina i mohaiia'ku, e lilo no ia i mea hoano loa ia lakou ma ka palena o na mamo a Levi.
13 ၁၃ ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်း ရှိရမည်။
A no na mamo a Levi, ma ke kupono i ka palena o ka poe kahuna, he iwakaluakumamalima tausani ka loa, a o ka laula he umi tausani; o ka loa a pau he iwakaluakumamalima tausani ia, a he umi tausani ka laula.
14 ၁၄ ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်း သောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။
Aole lakou e kuai lilo aku i kauwahi ona, aole hoi e kuai, aole hoi e hoolilo ia hai i ka hua mua o ka aina; no ka mea, he hoano no ia no Iehova.
15 ၁၅ နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေး သော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
A o ka lima tausani i waihoia ma ka laula e ku pono ana i ka iwakaluakumamalima tausani, he wahi hoano ole no ke kulanakauhale, no na wahi e noho ai, a me kahi kaawale; a mawaenakonu ke kulanakauhale.
16 ၁၆ မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေး ထောင်ငါးရာ၊ တောင်ဘက်၌လေးထောင်ငါးရာ၊ အရှေ့ ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေး ထောင်ငါးရာရှိရမည်။
Eia na ana o ia mea, o ka aoao kukulu akau eha tausani elima haneri, a o ka aoao kukulu hema eha tausani elima haneri, a o ka aoao hikina eha tausani elima haneri, a o ka aoao komohana eha tausani elima haneri.
17 ၁၇ မြို့နယ်ကား၊ မြောက်ဘက်၌နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
A o kahi kaawale no ke kulanakauhale, ma ke kukulu akau ia elua haneri me kanalima, a ma ke kukulu hema elua haneri me kanalima, a ma ka hikina elua haneri me kanalima, a ma ke komohana elua haneri me kanalima.
18 ၁၈ သန့်ရှင်းသော မြေအနားမှာအလျား၌ ကြွင်း သေးသော အရှေ့ဘက်၌ တသောင်း၊ အနောက်ဘက်၌ တသောင်းကျယ်သော မြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည်။
A o ke koena o ka loa e ku pono ana i ka alana o ka apana hoano, he umi tausani ma ka hikina, a he umi tausani ma ke komohana: a e ku pono no ia i ka alana o ka apana hoano; a e lilo kona hua i ai na ka poe lawelawe na ke kulanakauhale.
19 ၁၉ မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည်။
A o ka poe lawelawe na ke kulanakauhale, e lawelawe lakou nana, no loko mai o na ohana a pau a Iseraela.
20 ၂၀ ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော် ရမည်။
O ka alana okoa, he iwakaluakumamalima tausani ka loa, me ka iwakaluakumamalima tausani; e mohai aku oukou i ka alana hoano i ahalike, me ka apana no ke kulanakauhale.
21 ၂၁ ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည်။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာ ကျရမည်။
A o ke koena e lilo no ia no ka moi, ma kekahi aoao a ma kekahi hoi o ka alana hoano, a me ka apana no ke kulanakauhale, e ku pono ana i ka iwakaluakumamalima tausani o ka alana ma ka palena hikina, a ma ke komohana e ku pono ana i ka iwakaluakumamalima tausani ma ka palena komohaua, e ku pono ana i na apana no ka moi: a oia no ka alana hoano; a mawaenakonu ona kahi hoano o ka hale.
22 ၂၂ ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဘက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှ သည် မင်းသားအဘို့ဖြစ်ရမည်။
A mai ka apana o na mamo a Levi, a mai ka apana no ke kulanakauhale, iwaenakonu o ko ka moi, mawaena o ka palena o Iuda, a me ka palena o Beniamina, no ka moi no ia.
23 ၂၃ ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
A o ke koena o na ohana, mai ka aoao hikina a hiki i ka aoao komohana, no Beniamina hookahi.
24 ၂၄ ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည်။
A ma ka palena o Beniamina, mai ka aoao hikina a hiki i ka aoao komohana, no Simeona hookahi.
25 ၂၅ ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။
A ma ka palena o Simeona, mai ka aoao hikina a hiki i ka aoao komohana, no Isakara hookahi.
26 ၂၆ ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။
A ma ka palena o Isakara, mai ka aoao hikina a hiki i ka aoao komohaua, no Zebuluna hookahi.
27 ၂၇ ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။
A ma ka palena o Zebuluna mai ka aoao hikina a hiki i ka aoao komohana, no Gada hookahi.
28 ၂၈ ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေ တိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်း ရှောက်သွားရမည်။
A ma ka palena o Gada ma ka aoao hema ma ke kukulu hema, mai Tamara ka palena a hiki i Meriba Kadesa, a i ka muliwai ma ka aoao o ke kai nui.
29 ၂၉ ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Oia ka aina a oukou e puunaue ai ma ke pu ana no na ohana a Iseraela i hooilina; a oia hoi ko lakou mau apana, wahi a Iehova ka Haku.
30 ၃၀ မြို့မှထွက်ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက်၌ လေးထောင်ငါးရာကျယ်၍၊
Eia hoi na puka ana o ke kulanakauhale, ma ka aoao kukulu akau, eha tausani elima haneri ana.
31 ၃၁ မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။
A o na ipuka o ke kulanakauhale, mamuli no lakou o na inoa o na ohana a Iseraela: ekolu ipuka ma ke kukulu akau; hookahi ipuka o Reubena, hookahi ipuka o Iuda, hookahi ipuka o Levi.
32 ၃၂ မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
A ma ka aoao hikina eha tausani elima haneri; a ekolu ipuka; hookahi ipuka o Iosepa, hookahi ipuka o Beniamina, hookahi ipuka o Dana.
33 ၃၃ မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည်။
A ma ka aoao kukulu hema, eha tausani elima haneri ana: a ekolu ipuka; hookahi ipuka o Simeona, hookahi ipuka o Isakara, hookahi ipuka o Zebuluna.
34 ၃၄ မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
A ma ka aoao komohana, eha tausani elima haneri, a o ko lakou mau ipuka ekolu; hookahi ipuka o Gada, hookahi ipuka o Asera, hookahi ipuka o Napetali.
35 ၃၅ ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တသောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့် သတည်း။
O kona ana puni he umikumamawalu tausani ana: a mai ia la aku, eia hoi ka inoa o ke kulanakauhale, Malaila no Iehova.