< ယေဇကျေလ 47 >

1 ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။
MAHOPE iho, lawe hou ae oia ia'u i ka puka o ka hale; aia hoi, puka mai la na wai mai loko mai o ka paepae o ka hale ma ka hikina; no ka mea, ma ka hikina ke alo o ka hale; a kahe mai ka wai mai lalo mai, mai ka aoao akau o ka hale, ma ke kukulu hema o ke kuahu.
2 တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။
Alaila, hoopuka oia ia'u ma ke ala o ka ipuka ma ke kukulu akau, a alakai ia'u a puni ma ke ala mawaho i ka puka waho ma ke ala e nana ana i ka hikina; aia hoi, ua kahe aku na wai ma ka aoao akau.
3 ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။
A hele aku ma ka hikina ke kanaka maloko o kona lima kahi kaula, ana ae la hoi oia i hookahi tausani kubita, alakai ae la oia ia'u mawaena o na wai; a ua hiki mai na wai i na puupuuwawae.
4 တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။
A ana hou ae la oia i hookahi tausani, a aiakai ia'u mawaena o na wai, a ua hiki na wai i na kuli: ana hou ae la oia i hookahi tausani, a lawe ia'u iwaeua, a ua hiki na wai i ka puhaka.
5 တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထ သောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။
Alaila, ana hou ae la oia i hookahi tausani; he muliwai ka, aole hiki ia'u ke hele ae ma kela kapa; no ka mea, ua kiekie ae na wai, na wai e au ai, aole hiki ke heleia'e.
6 ထိုသူက၊ အချင်းလူကား၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
A olelo mai la oia ia'u, Ua ike anei oe i keia, e ke keiki a ke kanaka? Alaila, lawe maila oia ia'u, a hoihoi mai ia'u ma ke kae o ka muliwai.
7 ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။
A i ka wa i hoi ai au, aia hoi, he nui na kumu laau ma ke kae o ka muliwai ma kela aoao, a ma keia aoao.
8 ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
Alaila, olelo mai la oia ia'u, Ke puka aku nei keia mau wai i ka aina hikina, a ke kahe nei ilalo i ka waonahele, a komo i ka moana: a hookomoia iloko o ka moaua e hoolaia na wai.
9 အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
Eia hoi keia, o na mea a pau e ola ana, a e oni ana, ma na wahi a pau a ka muliwai e hiki aku ai, e ola no ia; a he nui auanei ka lehulehu o na ia, no ka hiki ana o keia mau wai ilaila, no ka mea, e hoolaia na wai; a e ola na mea a pau kahi e hiki aku ai ka muliwai.
10 ၁၀ အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
Eia hoi koia, e ku na lawaia ma ia, mai Enegedi, a hiki i Enegelaima; a no ka hohola ana ia i na upena; a he nui ke ano o ka lakou poe ia, e like me na ia o ke kai nui, he nui wale.
11 ၁၁ ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ၊ အစဉ် ငန်ရလိမ့်မည်။
Aka, o kona mau wahi pohopoho, a me kona mau wahi lepo wai, na mea hoi i hoola ole ia, e hooliloia ia no ka paakai.
12 ၁၂ မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည်။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည် စားစရာ အပိုဖြစ် ၏။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို၏။
A ma ka pili o ka muliwai ma kona kae ma kela aoao, ma keia aoao, e ulu ai na kumu laau a pau i mea ai, aole e mae ko lakou lau, aole hoi e pau kona hua; ma kona mau mahina e hoohua mai ia i hua hou, no ka mea, o ko lakou mau wai, ua kahe mai lakou mai kahi hoano mai; a lilo kona hua i ai, a o kona lau i laau lapaau.
13 ၁၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည်။
Ke i mai nei Iehova ka Haku, penei; Eia ka palena e ai ai oukou i ka aina, mamuli o na ohana umikumamalua o Iseraela; he mau apana ko Iosepa.
14 ၁၄ ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။
A e ai oukou ia kekahi me kekahi, me a'u i hapai ai i kuu lima e haawi ai ia i ko oukou mau makua; a e haule keia aina no oukou i hooilina.
15 ၁၅ မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့ လိုက်လျက်၊
Eia hoi ka palena o ka aina ma ka aoao kukulu akau mai ke kai nui ma ke alanui o Hetelona kahi e hele ai i Zedada;
16 ၁၆ ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊
Hamata, Berota, Siberaima, ka mea iwaena o ka palena o Damaseko, a me ka palena o Hamata; Hazara-hatikona, ka mea ma ka palena o Haurana.
17 ၁၇ တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း။
A o ka palena mai ke kai o Hazarenana ia, ka palena o Damaseko, o ka akau hoi ma ke kukulu akau, a me ka palena o Hamata. Oia hoi ka aoao kukulu akau.
18 ၁၈ အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။
A ma ka aoao hikina, e ana oukou mai waena o Haurana a me Damaseko, a me Gileada, a me ka aina o ka Iseraela, ma Ioredane mai ka palena a hiki i ke kai hikina, A oia ka aoao hikina.
19 ၁၉ တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း၊ ရှောက်သွား ရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း။
A o ka aoao hema ma ke kukulu hema, mai Tamara, a hiki i Meriba Kadesa, ka muliwai a hiki i ke kai nui. Oia no hoi ka aoao hema ma ke kukulu hema.
20 ၂၀ အနောက်ဘက်၌ မဟာပင်လယ်သည် တောင် ဘက်မှစ၍၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤ၍ကား၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း။
A o ka aoao komohana hoi, oia ke kai nui mai kela palena, a hiki ma ke komo ana o Hamata. Oia ka aoao komohana.
21 ၂၁ ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည်။
Pela e puunaue ai oukou i keia aina no oukou e like me na ohana a Iseraela.
22 ၂၂ အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။
Ae hiki no keia, e puunaue oukou ma ka pu ana, i hooilina no oukou, a no na malihini e noho ana iwaena o oukou, a loaa ia lakou na keiki iwaena o oukou; a lilo lakou ia oukou me he poe la i hanauia ma ka aina iwaena o na mamo a Iseraela; e loaa ia lakou me oukou ka hooilina iwaena o na ohana a Iseraela.
23 ၂၃ တပါးအမျိုးသား နေလေရာရာခရိုင်၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။
Eia keia, ma ka ohana i noho ai ka malihini, malaila e haawi ai oukou i hooilina nona, wahi a Iehova ka Haku.

< ယေဇကျေလ 47 >