< ယေဇကျေလ 46 >
1 ၁ အရှင်ထာဝရဘုရားမိန့်တော် မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတန်တိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထား ရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
၁အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။-
2 ၂ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါး တိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင်၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ။
၂နန်းစံနေဆဲမင်းသားသည်ထိုတံခါးဖြင့် တံတိုင်းအပြင်ဝင်းကနေ၍ မုခ်ပေါက်အတွင်း ၌ရှိသောအခန်းထဲသို့ဝင်ရမည်။ သူသည် မိမိ၏မီးရှို့ရာယဇ်များနှင့်မိတ်သဟာ ယဇ်များကိုယဇ်ပုရောဟိတ်တို့ပူဇော်နေ ကြစဉ် မုခ်ပေါက်တိုင်များအနီးတွင်ရပ်၍ နေရမည်။ သူသည်တံခါးဝတွင်ရှိခိုးဝတ် ပြုပြီးနောက်အပြင်သို့ပြန်၍ထွက်ရမည်။ တံခါးကိုမူညနေအထိမပိတ်ဘဲထား ရမည်။-
3 ၃ ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည်။
၃ဥပုသ်နေ့နှင့်လဆန်းနေ့ကျရောက်တိုင်း လူအပေါင်းတို့သည်တံခါးရှေ့မှနေ၍ ထာဝရဘုရားအားဦးညွှတ်ရှိခိုးရကြ မည်။-
4 ၄ ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။
၄ဥပုသ်နေ့၌မင်းသားသည်ထာဝရဘုရား ၏ထံတော်သို့မီးရှို့ရန်ယဇ်များအဖြစ် ဖြင့် အပြစ်အနာအဆာကင်းသောသိုး ငယ်ခြောက်ကောင်နှင့်သိုးထီးတစ်ကောင် ကိုယူဆောင်ခဲ့ရမည်။-
5 ၅ ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။
၅သူသည်သိုးထီးတစ်ကောင်စီနှင့်အတူ ဘောဇဉ်ပူဇော်သကာအဖြစ်မုန့်ညက် တင်းဝက်၊ သိုးငယ်တစ်ကောင်စီနှင့်အတူ မိမိပေးလှူလိုသမျှကိုယူဆောင်ခဲ့ရ မည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာ ငါးဆယ်သားကျယူဆောင်ခဲ့ရမည်။-
6 ၆ လဆန်းနေ့၌ အပြစ်မပါသော နွားထီး တကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတကောင်ကို ပူဇော်ရမည်။
၆လဆန်းနေ့၌သူသည်အပြစ်အနာအဆာ ကင်းသည့်နွားသိုးပျိုတစ်ကောင်၊ သိုးငယ် ခြောက်ကောင်နှင့်အတူ သိုးထီးတစ်ကောင် ကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာ အဖြစ်မုန့်ညက်တင်းဝက်နှင့်နွားသိုးပျို တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တင်း ဝက်နှင့်သိုးထီးတစ်ကောင်ကိုလည်းကောင်း၊ သိုးငယ်များနှင့်အတူမိမိပေးလှူလို သမျှကိုပူဇော်ရမည်။ မုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာငါး ဆယ်သားကိုပေးလှူရမည်။-
7 ၇ ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎င်းပူဇော်ရမည်။
၇
8 ၈ မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။
၈မင်းသားသည်မိမိဝင်လမ်းအတိုင်းမုခ် ပေါက်မှထွက်ရမည်။
9 ၉ ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သော တံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။
၉``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။-
10 ၁၀ ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။
၁၀မင်းသားသည်လူများဝင်သည့်အခါဝင် ၍သူတို့ထွက်သည့်အခါထွက်ရမည်။-
11 ၁၁ ပွဲခံ၍ ပရိသတ်စည်းဝေးရာ ကာလ၌ ဘောဇဉ် ပူဇော်သက္ကာဘို့၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုး တကောင်နှင့် တဧဖါ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို၎င်း ပူဇော်ရမည်။
၁၁ပွဲနေ့များ၌ပြုမြဲပွဲတော်များမှာပူဇော် သည့်နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင် လျှင်ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ် ဝက်၊ သိုးငယ်တစ်ကောင်နှင့်အတူကိုးကွယ် ဝတ်ပြုသူပေးလှူလိုသမျှကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ်ဝက် လျှင် သံလွင်ဆီတစ်ပိဿာငါးဆယ်သားကို လည်းပူဇော်ရမည်။
12 ၁၂ မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ၊ အရှေ့သို့မျက်နှာပြု သော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌မီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကို ပိတ်ထားရမည်။
၁၂``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
13 ၁၃ နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ် ဘို့ အပြစ်မပါ၊ အခါမလည်သော သိုးသငယ်တကောင် ကို နံနက်အချိန်၌ ပူဇော်ရမည်။
၁၃ထာဝရဘုရားက``နံနက်တိုင်းအပြစ် အနာအဆာကင်းသောတစ်နှစ်သားသိုး ငယ်တစ်ကောင်ကိုထာဝရဘုရားအား ပူဇော်ရမည်။ ဤပူဇော်သကာကိုနေ့စဉ် နေ့တိုင်းပြုလုပ်ရမည်။-
14 ၁၄ နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို၎င်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃ ကို၎င်း ပူဇော်ရမည်။ ဤရွှေ့ကား၊ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေ တည်း။
၁၄မုန့်ညက်ငါးပေါင်ကိုလည်းနံနက်တိုင်း ပူဇော်ဆက်သရမည်။ ယင်းနှင့်ရောစပ်ရန် သံလွင်ဆီငါးဆယ်သားကိုလည်းပူဇော် ရမည်။ ထာဝရဘုရားအားဆက်ကပ်သည့် ဤပူဇော်သကာနှင့်ဆိုင်သောဥပဒေ များသည်ထာဝစဉ်အာဏာတည်စေရ မည်။-
15 ၁၅ ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ နှင့် ဆီကို၎င်း ပြင်ဆင်ရမည်။
၁၅နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။
16 ၁၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစုံတခုကို ပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည်။
၁၆အရှင်ထာဝရဘုရားက``အကယ်၍နန်း စံနေဆဲမင်းသားသည်မိမိ၏သားတစ် ယောက်အားမိမိပိုင်မြေယာတစ်ကွက်ကို ပေးအပ်လျှင်ထိုမြေယာကိုထိုသား အမြဲပိုင်စေ၊-
17 ၁၇ မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲ အမွေခံရ မည်။
၁၇သို့သော်မင်းသားသည်မိမိ၏မြေကွက် တစ်ကွက်ကိုကျေးကျွန်တစ်ယောက်ယောက် အားပေးပါမူ ထိုကျေးကျွန်လွတ်လပ်ခွင့် ရချိန်ရောက်သောအခါ ယင်းမြေကွက် သည်မင်းသား၏လက်သို့ပြန်လည်ရောက် ရှိစေ။ ထိုမြေသည်မင်းသား၏မြေဖြစ် သဖြင့်သူနှင့်သူ၏သားများက သာလျှင်အစဉ်အမြဲပိုင်နိုင်၏။-
18 ၁၈ ထိုမှတပါး၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ။
၁၈ငါ၏လူမျိုးတော်ဝင်တို့ပိုင်မြေယာများ ကိုသိမ်းယူခြင်းအားဖြင့် သူတို့အားမ နှင်ထုတ်နိုင်စေရန်မင်းသားသည်မိမိ၏ သားတို့အားမိမိပိုင်မြေယာမှသာပေး ရမည်။ ငါ၏လူမျိုးတော်သည်မိမိပိုင် မြေမှမခွဲခွာစေရ'' ဟုမိန့်တော်မူ၏။
19 ၁၉ ထိုနောက်မှ တံခါးအနား၌ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ် ပုရောဟိတ် သန့်ရှင်းသော အခန်းများ ထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တခုကို ငါမြင်၏။
၁၉ထိုနောက်ထိုလူသည်တံတိုင်းအတွင်းဝင်း ၏တောင်ဘက်တံခါးအနီး၌ရှိသောအခန်း များ၏အဝင်ဝသို့ငါ့အားခေါ်ဆောင်သွား ၏။ ဤအခန်းများသည်သန့်ရှင်းမြင့်မြတ် သည့်အခန်းများဖြစ်၍ယဇ်ပုရောဟိတ် တို့အဖို့သီးသန့်ထားလေသည်။ ထိုသူ ကငါ့အားအခန်းများ၏အနောက်သို့ ညွှန်ပြလျက်၊-
20 ၂၀ ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်း စေခြင်းငှါ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ် ရကြဟု ငါ့အားပြောဆို၏။
၂၀ဤအရပ်ကားယဇ်ပုရောဟိတ်တို့အပြစ် ဖြေရာယဇ်၊ သို့မဟုတ်ဒုစရိုက်ဖြေရာ ယဇ်ကိုပူဇော်ရန်အသားများကိုပြုတ် ရာ၊ မုန့်ညက်ပူဇော်သကာကိုဖုတ်ရာအရပ် ဖြစ်၏။ လူတို့ဘေးအန္တရာယ်မဖြစ်ကြ စေရန်သန့်ရှင်းမြင့်မြတ်သည့်အရာမှန် သမျှကိုတံတိုင်းအပြင်ဝင်းသို့မထုတ် ကြခြင်းဖြစ်၏'' ဟုဆို၏။
21 ၂၁ တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တန်တိုင်းထောင့် လေးထောင့်တို့ကို ရှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင်၏။
၂၁ထိုနောက်သူသည်တံတိုင်းအပြင်ဝင်းသို့ ခေါ်ဆောင်သွားရာထောင့်လေးထောင့်တစ်ခု စီတွင်ဝင်းခြံငယ်တစ်ခုစီရှိသည်ကို ငါ့အားပြ၏။ ဝင်းခြံငယ်တစ်ခုစီသည် အလျားခြောက်ဆယ့်ရှစ်ပေ၊ အနံငါး ဆယ်ပေရှိ၍၊-
22 ၂၂ ထိုတန်တိုင်းငယ်တို့သည် အလျားအတောင် လေးဆယ်၊ အနံအတောင်သုံးဆယ်ရှိ၍၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။
၂၂
23 ၂၃ ထိုလေးထောင့်တို့အတွင်း ပတ်လည်၌ ချက် ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ၏။
၂၃ကျောက်နံရံဖြင့်ကာထားလေသည်။ ထို နံရံကိုမှီ၍မီးဖိုများကိုဆောက်လုပ် ထား၏။-
24 ၂၄ ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသော အရပ် ဖြစ်ကြသည်ဟု ငါ့အား ပြောဆို၏။
၂၄ထိုလူက``ဤမီးဖိုတို့ကား လူတို့ပူဇော်သည့် ယဇ်ကောင်များကိုဗိမာန်တော်အစေခံတို့ ပြုတ်သည့်မီးဖိုများဖြစ်၏'' ဟုငါ့အား ပြောပြ၏။