< ယေဇကျေလ 45 >
1 ၁ သင်တို့သည် မြေကို အမွေခံခြင်းငှါ စာရေးတံ ချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အနံ တသောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။
Moreover, when ye shall divide by lot the land for inheritance, ye shall offer an oblation to Jehovah, a holy portion of the land; the length shall be five and twenty thousand reeds, and the breadth ten thousand. This shall be holy in all its borders round about.
2 ၂ ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက် သည် သန့်ရှင်းရာဌာနဘို့ ဖြစ်ရမည်။ ထိုအကွက် ပတ်လည်၌ သန့်ရှင်းသော နယ်လည်းအတောင် ငါးဆယ် ရှိရမည်။
And of this there shall be for the sanctuary five hundred in length and five hundred in breadth square round about; and fifty cubits round about for the suburbs thereof.
3 ၃ ထိုသို့အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။
And of this measure shalt thou measure in length five and twenty thousand, and in breadth ten thousand; and in it shall be the sanctuary, the most holy place.
4 ၄ ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်း ရာဌာန်တည်စရာတို့ သန့်ရှင်းသော မြေဖြစ်ရမည်။
This is the holy portion of the land; it shall be for the priests, the ministers of the sanctuary, who come near to minister to Jehovah; and it shall be a place for their houses, and a holy place for the sanctuary.
5 ၅ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့ နေရာအခန်းနှစ်ဆယ် တည်ဆောက်စရာတို့ ဖြစ်ရမည်။
Five and twenty thousand in length, and ten thousand in breadth, shall the Levites, the ministers of the house, have for themselves for a possession, and twenty rooms.
6 ၆ မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသော အရပ်တဘက်တချက်၌ အလျားတသောင်းငါးထောင်၊ အနံငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့ အဘို့ ဖြစ်ရမည်။
And ye shall appoint the possession of the city five thousand in breadth, and five and twenty thousand in length, over against the oblation of the holy portion; it shall be for all the house of Israel.
7 ၇ သန့်ရှင်းသောမြေကွက်နှင့်မြို့တော် နယ်နိမိတ် အနောက်ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ဘက် တရှောက်လုံးတပိုင်းသည် မင်းသားအဘို့ ဖြစ်ရမည်။
And a portion shall be for the prince on this side and on that side of the oblation of the holy portion and of the possession of the city, before the oblation of the holy portion and before the possession of the city, from the west side westward, and from the east side eastward; and the length shall be over against every one of the portions, from the west border to the east border.
8 ၈ ငါ၏မင်းသားတို့သည် နောက်တဖန် ငါ၏လူတို့ ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင်သော မြေဖြစ်ရမည်။ ကြွင်းသော မြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။
As for the land, it shall be to him a possession in Israel, that my princes may no more oppress my people, but give the rest of the land to the house of Israel according to their tribes.
9 ၉ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလမင်းသားတို့၊ ရောင့်ရဲသော စိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သော အမှုတို့ကို ပြုကြလော့။ နောက်တဖန်ငါ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Thus saith the Lord Jehovah: Let it suffice you, O princes of Israel! Remove violence and spoil, and execute judgment and justice, and cease from your expulsions of my people, saith the Lord Jehovah.
10 ၁၀ မှန်သောချိန်ခွင်၊ မှန်သောဧဖါ၊ မှန်သော ဗတ်တို့ကို သုံးရကြမည်။
Ye shall have just balances, and a just ephah, and a just bath.
11 ၁၁ ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါး သည် ဟောမဲကို အမှီပြု၍၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစု ရှိရမည်။
The ephah and the bath shall be of one measure; that the bath may contain the tenth part of a homer, and the ephah the tenth part of a homer; the measure thereof shall be according to the homer.
12 ၁၂ ဂေရာနှင့်ဆယ်ကိုတကျပ်၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည်။
And the shekel shall be twenty gerahs; twenty shekels, five and twenty shekels, and fifteen shekels shall be to you one maneh.
13 ၁၃ ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော်ရမည်။
This is the heave-offering which ye shall offer: the sixth part of an ephah out of a homer of wheat, and the sixth part of an ephah out of a homer of barley.
14 ၁၄ ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တကောရ တွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း။
And as for the statute concerning oil, the bath of oil, ye shall offer the tenth part of a bath out of a cor; a cor being ten baths; for a homer is ten baths.
15 ၁၅ သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စား ရာ၊ ရေများသော အရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
And ye shall offer one lamb out of the flock, out of two hundred, from the watered pastures of Israel, for the flour-offering and for the burnt-offering, and for the thank-offerings, to make reconciliation for them, saith the Lord Jehovah.
16 ၁၆ ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။
All the people of the land shall give this heave-offering for the prince in Israel.
17 ၁၇ မင်းသားသည်လည်းပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော်ရမည်။
And it shall be the duty of the prince to give burnt-offerings, and flour-offerings, and drink-offerings, in the feasts, and in the new moons, and in the sabbaths, and in all the solemn assemblies of the house of Israel; he shall present the sin-offering, and the flour-offering, and the burnt-offering, and the peace-offerings, to make reconciliation for the house of Israel.
18 ၁၈ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပဌမလတရက်နေ့တွင်၊အပြစ်မပါ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ် စေရမည်။
Thus saith the Lord Jehovah: In the first month, on the first day of the month, thou shalt take a young bullock without blemish, and shalt cleanse the sanctuary.
19 ၁၉ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင် အသွေးအချို့ကို ယူ၍ အိမ်တော်တိုင်၌၎င်း၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့်၌၎င်း၊ အတွင်းတန်တိုင်း တံခါး တိုင်၌၎င်း ထည့်ရမည်။
And the priest shall take of the blood of the sin-offering, and put it upon the posts of the house, and upon the four corners of the ledge of the altar, and upon the posts of the gate of the inner court.
20 ၂၀ ထိုမှတပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူ အတွက် ခုနှစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။
And so shalt thou do on the seventh day for him that hath transgressed through error or simplicity; so shall ye make reconciliation for the house.
21 ၂၁ ပဌမလတဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကို သာ စားရမည်။
In the first month, on the fourteenth day of the month, ye shall have the passover, a feast of seven days; every one shall eat unleavened bread.
22 ၂၂ ထိုနေ့၌ မင်းသားသည် ကိုယ်ဘို့၎င်း၊ ပြည်သူ ပြည်သားအပေါင်းတို့ကို၎င်း၊ နွားထီးတကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော်ရမည်။
And upon that day shall the prince sacrifice for himself and for all the people of the land a bullock for a sin-offering.
23 ၂၃ ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ ရယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသော သိုးထီး ခုနစ်ကောင်ကို၎င်း၊ အပြစ်ဖြေရာ ယဇ်တို့ဆိတ်သငယ် တကောင်ကို၎င်း နေ့တိုင်းပူဇော်ရမည်။
And the seven days of the feast he shall sacrifice a burnt-offering to Jehovah, seven bullocks and seven rams without blemish daily the seven days; and a he-goat daily for a sin-offering.
24 ၂၄ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ၊ ဆီတဟိန်ကို ပြင်ဆင်ရမည်။
And he shall present a flour-offering, an ephah for a bullock, and an ephah for a ram, and a hin of oil for an ephah.
25 ၂၅ သတ္တမလတဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင် အပြစ်ဖြေရာ ယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ကာ၊ ဆီပူဇော်သက္ကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံး ပြုရမည်။
In the seventh month, on the fifteenth day of the month, shall he do the like, in the feast, seven days, according to the sin-offering, and the burnt-offering, and the flour-offering, and the oil.