< ယေဇကျေလ 44 >

1 ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာ ပြုသော ပြင်တံခါးသို့ ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။
ထိုနောက် ၊ သန့်ရှင်း ရာအရပ်အရှေ့ သို့ မျက်နှာပြု သောပြင် တံခါး သို့ ဆောင် သွား၍ ၊ ထိုတံခါးသည် ပိတ် လျက်ရှိ၏။
2 ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူ ကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။
ထာဝရဘုရား ကလည်း ၊ ဤ တံခါး ကိုမ ဖွင့် ဘဲ ပိတ် ထားလျက်ရှိရမည်။ လူ များမ ဝင် ရကြ။ အကြောင်းမူကား ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင် တော်မူသောကြောင့် ပိတ် ထားလျက်ရှိရမည်။
3 မင်းသားအဘို့ဖြစ်၏။ မင်းသားသည် ထာဝရ ဘုရားရှေ့တော်၌ စားသောက်၍ထိုတံခါးဝမှာ ထိုင်ရ လိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
မင်းသား အဘို့ဖြစ်၏။ မင်းသားသည် ထာဝရဘုရား ရှေ့ တော်၌ စားသောက် ၍ထိုတံခါးဝ မှာ ထိုင် ရ လိမ့်မည်၊ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက် ဝင် ရလိမ့်မည်ဟု မိန့် တော်မူ၏။
4 ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍။ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
ထိုအခါ အိမ် တော်ရှေ့ ၊ မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုဆောင်သွား ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထာဝရဘုရား ၏အိမ် တော်ကို ဖြည့် တော်မူသဖြင့် ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။
5 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင် လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။
ထာဝရဘုရား ကလည်း၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှု ၍ မှတ် လော့။ ထာဝရဘုရား ၏ အိမ် တော်အဘို့ ငါစီရင် ထုံးဖွဲ့ချက် ပညတ် တရားရှိသမျှ တို့ကို နားထောင် လော့။ အိမ် တော်ဝင် ရာတံခါးဝနှင့် သန့်ရှင်း ရာဌာနမှ ထွက် ရာတံခါးဝရှိသမျှ တို့ကို စေ့စေ့မှတ် လော့။
6 ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့ အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဣသရေလအမျိုးသားတို့၊
ပုန်ကန် တတ်သောသူ ဣသရေလ အမျိုးသား တို့ အား အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဣသရေလ အမျိုးသား တို့၊
7 သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့် အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်း ငှါ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံ သောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲသော စိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။
သင်တို့သည် ငါ့ ဘောဇဉ် တည်းဟူသောဆီဥ နှင့် အသွေး ကို ပူဇော် သောအခါ ၊ ငါ့ ဗိမာန် ကိုညစ်ညူး စေခြင်းငှါ ၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကို မခံ သောကိုယ် ရှိသောတပါး အမျိုးသားတို့ကို ငါ ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း ၍နေရာ ချသဖြင့် ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ စက်ဆုပ် ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ ပဋိညာဉ် ကို ဖျက် ကြပြီ။
8 ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။
ငါ ၏သန့်ရှင်း ရာဌာနကို မ စောင့် ။ ထိုဌာန၌ စောင့် သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထား ကြပြီ။
9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိ သောတပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင် နေ၍၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကိုမခံသော ကိုယ် ရှိ သောတပါး အမျိုးသားသည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ မ ဝင် ရ။
10 ၁၀ ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။
၁၀ဣသရေလ အမျိုးသားတို့သည် ငါ့ ထံမှ ထွက်၍ လမ်းလွှဲ ပြီးလျှင်၊ မိမိ တို့ရုပ်တု များနောက်သို့ လိုက် သွား သောအခါ၊ ငါ့ ထံမှ ထွက်၍လမ်းလွှဲ သော လေဝိ သားတို့ သည်လည်း ကိုယ် အပြစ် ကိုခံရ ကြမည်။
11 ၁၁ သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ရာယဇ် နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ်၍၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။
၁၁သို့ရာတွင် ၊ ငါ ၏သန့်ရှင်း ရာဌာနနှင့်ဆိုင်သော အမှု စောင့်ဖြစ်၍၊ ဗိမာန် တော်၌တံခါး တို့ကို စောင့် လျက် ၊ အမှု တော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ ရာယဇ် နှင့် လူ များပူဇော်သော ယဇ်ကောင် တို့ကိုသတ် ၍၊ လူများ ကိုယ်စားအမှု တော်ကို ဆောင်ရွက်ရကြမည်။
12 ၁၂ သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့်၊ ဣသရေလအမျိုးထိမိ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့်၊ သူတို့ တဘက်၌ငါကျိန်ဆို၍၊ သူတို့သည် ကိုယ်အပြစ်ကို ခံရ ကြမည်။
၁၂သူတို့သည် ရုပ်တု တို့ရှေ့မှာ လူများအမှု ကို ဆောင်ရွက်သဖြင့် ၊ ဣသရေလ အမျိုး ထိမိ ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့် ၊ သူ တို့ တဘက် ၌ငါကျိန်ဆို ၍၊ သူတို့သည် ကိုယ် အပြစ် ကို ခံရ ကြမည် ။
13 ၁၃ ယဇ်ပုရောဟိတ်လုပ်၍ ငါ့ထံသို့မချဉ်းကပ်ရကြ။ အလွန်သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်း၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ခံရကြမည်။
၁၃ယဇ်ပုရောဟိတ် လုပ်၍ ငါ့ ထံသို့ မ ချဉ်းကပ် ရကြ။ အလွန် သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်း သောအရာတို့ကို မချဉ်းကပ် ရကြ။ ကိုယ် အရှက်ကွဲ ခြင်း၊ ကိုယ်ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုခံရ ကြမည်။
14 ၁၄ အိမ်တော်ကိုစောင့်၍၊ အိမ်တော်၌ ခပ်သိမ်း သောအမှုတို့ကို ဆောင်ရွက်စေခြင်းငှါ ငါခန့်ထားမည်။
၁၄အိမ် တော်ကိုစောင့် ၍၊ အိမ်တော်၌ ခပ်သိမ်း သောအမှု တို့ကို ဆောင်ရွက် စေခြင်းငှါ ငါခန့်ထား မည်။
15 ၁၅ ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေ သော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ် ကြ၏။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၅ဣသရေလ အမျိုးသား တို့သည် ငါ့ ထံမှ ထွက်၍ လမ်းလွဲ သောအခါ ၊ ငါ ၏သန့်ရှင်း ရာဌာနကို စောင့်နေသော လေဝိ အမျိုးဖြစ်သော ဇာဒုတ် သား ၊ ယဇ်ပုရောဟိတ် တို့သည် ငါ့ အမှု ကိုဆောင်ခြင်းငှါ ငါ့ ထံသို့ ချဉ်းကပ် ရကြ၏။ ငါ့ အား ဆီဥ နှင့် အသွေး ကို ပူဇော် ခြင်းငှါ အရှေ့ မှာရပ် ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16 ၁၆ ထိုသူတို့သည် ငါ၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ ငါ့အမှုကိုဆောင်ခြင်းငှါ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ်၍ ငါ့အမှုစောင့်ဖြစ်ရကြမည်။
၁၆ထိုသူ တို့သည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ ဝင် ၍ ငါ့ အမှု ကိုဆောင်ခြင်းငှါ ၊ ငါ့ စားပွဲ အနားသို့ ချဉ်းကပ် ၍ ငါ့ အမှု စောင့်ဖြစ်ရကြမည်။
17 ၁၇ သူတို့သည် အတွင်းတန်တိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်း တန်တိုင်းတံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။
၁၇သူတို့သည် အတွင်း တန်တိုင်း တံခါး အတွင်း သို့ ဝင် သောအခါ ၊ ပိတ် အဝတ် ကိုသာ ဝတ် ရကြမည်။ အတွင်း တန်တိုင်း တံခါး အတွင်း၌ အမှု တော်ကိုဆောင်ရွက်စဉ် ၊ သိုးမွေး အဝတ်ကို မ ဝတ် ရကြ။
18 ၁၈ ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း၍၊ ခါး၌ ပိတ်ပေါင်းဘီကိုဝတ်ရကြမည်။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ။
၁၈ခေါင်း ပေါ်မှာ ပိတ် ဦးထုပ် ကို ဆောင်း ၍ ၊ ခါး ၌ ပိတ် ပေါင်းဘီ ကိုဝတ် ရကြမည်။ ချွေးထွက် စေသော အဝတ်ကို မ ဝတ် ရကြ။
19 ၁၉ လူများရှိရာ ပြင်တန်တိုင်းသို့ ထွက်သွားသော အခါ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်၊ အခြား သောအဝတ်ကိုဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ။
၁၉လူ များရှိရာ ပြင် တန်တိုင်း သို့ ထွက်သွား သောအခါ ၊ အမှုတော်ကို ဆောင် စဉ်တွင်ဝတ်သောအဝတ် ကို ချွတ် ၍ ၊ သန့်ရှင်း သောအခန်း တို့၌ ထား ပြီးလျှင် ၊ အခြား သောအဝတ် ကိုဝတ် ရကြမည်။ အရင်အဝတ် ကိုဝတ်လျက် လူ များတို့ကို မ သန့်ရှင်း စေရကြ။
20 ၂၀ မိမိတို့ဆံပင်ကိုလည်း မရိတ်ရ၊ မရှည်စေခြင်းငှါ ဖြတ်ရမည်။
၂၀မိမိ တို့ဆံပင် ကိုလည်း မ ရိတ် ရ၊ မ ရှည် စေခြင်းငှါဖြတ် ရမည်။
21 ၂၁ ယဇ်ပုရောဟိတ်သည် အတွင်းတန်တိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကိုမသောက်ရ။
၂၁ယဇ်ပုရောဟိတ် သည် အတွင်း တန်တိုင်း ထဲသို့ ဝင် သောအခါ စပျစ်ရည် ကိုမ သောက် ရ။
22 ၂၂ မုတ်ဆိုးမနှင့် မစုံဘက်ရ။ လင်ကွာသောမိန်းမ နှင့် မစုံဘက်ရ။ ဣသရေလအမျိုး အပျိုကညာနှင့် သော်၎င်း၊ ယဇ်ပုရောဟိတ်၏မယားဖြစ်ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်း စုံဘက်ရမည်။
၂၂မုတ်ဆိုးမ နှင့် မစုံဘက်ရ။ လင်ကွာ သောမိန်းမနှင့် မ စုံဘက် ရ။ ဣသရေလ အမျိုး အပျိုကညာ နှင့် သော်၎င်း၊ ယဇ်ပုရောဟိတ် ၏မယား ဖြစ် ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်းစုံဘက် ရမည်။
23 ၂၃ ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာတို့ကို၎င်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကို၎င်း ပိုင်းခြား၍သိစေခြင်းငှါ သွန်သင် ရကြမည်။
၂၃ငါ ၏လူ တို့သည် သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို၎င်း၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာတို့ကို၎င်းပိုင်းခြား ၍သိစေခြင်းငှါသွန်သင် ရကြမည်။
24 ၂၄ တရားတွေ့မှုကိုစီရင်လျှင်၊ ငါ၏ဓမ္မသတ် အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ ငါ၏ဥပုသ်နေ့တို့ကို၎င်း စောင့်ရှောက်ရကြမည်။
၂၄တရားတွေ့ မှုကိုစီရင်လျှင်၊ ငါ ၏ဓမ္မသတ် အတိုင်း စီရင် ရကြမည်။ ငါ ၏ဓမ္မပွဲ တို့ကို ဆောင်ရွက်လျှင်၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို၎င်း ၊ ငါ ၏ဥပုသ် နေ့တို့ကို၎င်းစောင့်ရှောက် ရကြမည်။
25 ၂၅ အသေကောင်ကိုချဉ်း၍ ကိုယ်ကို မညစ်ညူး စေရ။ သို့ရာတွင်၊ ကိုယ်မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ၏။
၂၅အသေကောင် ကိုချဉ်း ၍ ကိုယ်ကိုမ ညစ်ညူး စေရ။ သို့ရာတွင် ၊ ကိုယ်မိ ဘ ၊ သား သမီး ၊ ညီအစ်ကို ၊ လင် မ နေ သောနှမ အတွက် ကိုယ်ကို ညစ်ညူး စေရသော အခွင့်ရှိ၏။
26 ၂၆ သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည်။
၂၆သန့်ရှင်း ခြင်းကိုပြုပြီးမှ ခုနစ် ရက် နေ ရမည်။
27 ၂၇ သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၇သန့်ရှင်း ရာဌာန၌ အမှုတော်ကိုဆောင် ခြင်းငှါ အတွင်း တန်တိုင်း သန့်ရှင်း ရာဌာနထဲသို့ ဝင် သောနေ့ တွင် ၊ အပြစ် ဖြေရာယဇ်ကို ပူဇော် ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
28 ၂၈ ထိုအရာသည် ယဇ်ပုရောဟိတ်တို့၏ အမွေဥစ္စာ ဖြစ်ရမည်။ ငါသည်သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူတို့အားအမွေမြေကို မပေးရ။ ငါသည်သူတို့၏ အမွေမြေဖြစ်၏။
၂၈ထိုအရာသည် ယဇ်ပုရောဟိတ် တို့၏ အမွေ ဥစ္စာ ဖြစ် ရမည်။ ငါ သည်သူ တို့အမွေ ဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူ တို့အား အမွေ မြေကို မ ပေး ရ။ ငါ သည်သူ တို့၏ အမွေ မြေဖြစ်၏။
29 ၂၉ ပူဇော်သောမုန့်ညက်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုး သား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။
၂၉ပူဇော် သောမုန့်ညက်နှင့် အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ကို စား ရကြမည်။ ဣသရေလ အမျိုးသားကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သိမ်းယူ ရကြမည်။
30 ၃၀ အဦးသီးသောအသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သက္ကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူ ရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက် ရောက်စေခြင်းငှါ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌ လှူရမည်။
၃၀အဦး သီးသောအသီးအမျိုးမျိုး နှင့် ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ အလုံးစုံ တို့ကို ယဇ်ပုရောဟိတ် သည် သိမ်းယူ ရမည်။ သူသည်သင့် အိမ် ၌ ကောင်းကြီး မင်္ဂလာကို သက်ရောက် စေခြင်းငှါ ၊ အဦး နယ်သော မုန့်စိမ်း ကို သူ ၌ လှူ ရမည်။
31 ၃၁ ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသော အကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။
၃၁ငှက် ဖြစ်စေ ၊ သား ဖြစ်စေ၊ အလိုလို သေသော အကောင်၊ သားရဲ ကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ် မ စား ရ။

< ယေဇကျေလ 44 >