< ယေဇကျေလ 42 >
1 ၁ ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
Un viņš mani izveda ārējā pagalmā pret ziemeli, un viņš mani noveda pie tiem kambariem, kas bija tam atlikumam pretī un tai ēkai pretī uz ziemeļa pusi.
2 ၂ ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တရာ၊ အနံအတောင်ငါးဆယ်ရှိကြ၏။
Tās priekšas garums bija simts olektis līdz ziemeļa puses durvīm, un platums bija piecdesmit olektis.
3 ၃ အတောင်နှစ်ဆယ်ရှိသော အတွင်းတန်တိုင်းရှေ့၊ ပြင်တန်တိုင်း ကျောက်ခင်းရှေ့တွင် တဘက်တချက်၌ နံရံ အခန်းသုံးဆင့်ရှိ၏။
Pret tām divdesmit olektīm, kas bija iekšējam pagalmam, un pret to grīdu, kas bija ārējam pagalmam, stāvēja marga pret margu trijās rindās.
4 ၄ ထိုအခန်းများရှေ့မှာ တတောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံဆယ်တောင် ရှိသောစင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။
Un priekš tiem kambariem bija staigājams ceļš desmit olektis plats; uz iekšpusi ceļš simts olekšu, un viņu durvis bija pret ziemeli.
5 ၅ အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
Un tie augškambari bija šaurāki nekā tie apakšējie un tie vidējie; jo tās margas aizņēma rūmi.
6 ၆ အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ၍ ကျဉ်းကြ၏။
Jo jebšu tie trejās rindās stāvēja, tad tomēr šiem nebija nekādi stabi kā tie pagalmu stabi, tāpēc tie bija šaurāki nekā tie apakšējie un tie vidējie no zemes uz augšu.
7 ၇ ထိုအခန်းများတဘက်တချက်၊ ပြင်တန်တိုင်း ဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ၏။
Un tas mūris, kas kambaru ārapusē bija, līdz ārējam pagalmam tai kambaru priekšā, tā garums bija piecdesmit olektis.
8 ၈ ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ၏။
Jo kambaru garums ārējā pagalmā bija piecdesmit olektis, un redzi pret Dieva namu bija simts olektis.
9 ၉ ပြင်တန်တိုင်းမှလာ၍၊ ထိုအခန်းများ ခြေရင်း အရှေ့ဘက်၌ ဝင်ရာလမ်းရှိ၏။
Un apakš šiem kambariem bija ieiešana no rīta puses, kad nāca no ārējā pagalma.
10 ၁၀ အိမ်တော်တောင်ဘက်၊ လွတ်လပ်သော အရပ် ကို ကာသော တန်တိုင်းနံရံ၌လည်း အခန်းများရှိကြ၏။
Un gar pagalma mūri pret rīta pusi tā atlikuma un tās ēkas priekšā bija kambari.
11 ၁၁ ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်း အလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။
Un ceļš bija viņu priekšā tāds pat kā to kambaru priekšā, kas pret ziemeli; kā viņu garums, tā viņu platums, un visas viņu izejamās vietas bija pēc viņu līdzības un tāpat kā tās citas durvis.
12 ၁၂ တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည် ဖြစ်၍၊ တန်တိုင်းတဘက်တချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတတံခါးဝရှိ၏။
Un tādas pat bija tās durvis tiem kambariem pret dienvidiem, un vienas durvis bija tai priekšā, it klāt pie tā stāvā mūra, kad nāk no rīta puses.
13 ၁၃ တိုင်းသောသူကလည်း၊ လွတ်လပ်သော အရပ် ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်း သောအခန်း၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများ ကို စားရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်း သောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော် သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။
Tad viņš uz mani sacīja: tie kambari ziemeļa pusē un tie kambari dienvidu pusē, kas tā atlikuma priekšā, tie ir svēti kambari, kur priesteriem, kas pie Tā Kunga pieiet, būs ēst tās augsti svētās dāvanas. Tur tiem tās augsti svētās dāvanas būs nolikt, proti ēdamo upuri un grēku upuri un nozieguma upuri, jo tā vieta ir svēta.
14 ၁၄ ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှု တော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တန်တိုင်သို့မထွက်ရ။ ထိုအဝတ်သန့်ရှင်းသောကြောင့် ချွတ်ထား၍အခြားသော အဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာ သို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။
Kad tie priesteri ieiet, tad tiem no svētās vietas nebūs atkal iziet ārējā pagalmā, bet tiem turpat būs nolikt savas drēbes, kurās tie kalpojuši, jo tās ir svētas. Tad tiem būs apvilkt citas drēbes un iziet ļaužu priekšā.
15 ၁၅ အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊
Kad viņš nu tā nama iekšpuses mērošanu bija pabeidzis, tad viņš mani veda ārā pie tiem vārtiem pret rīta pusi, un viņš to mēroja visapkārt.
16 ၁၆ တိုင်းစရာကျူလုံးနှင့်အရှေ့မျက်နှာကို တိုင်းလျှင် ကျူလုံးအပြန် ငါးရာရှိ၏။
Viņš mēroja rīta pusi ar mērojamo kārti, piecsimt kārtis bija ar mērojamo kārti visapkārt.
17 ၁၇ မြောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
Viņš mēroja ziemeļa pusi, piecsimt kārtis ar mērojamo kārti visapkārt.
18 ၁၈ တောင်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
Arī dienvidu pusi viņš mēroja piecsimt kārtis ar mērojamo kārti.
19 ၁၉ အနောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
Tad viņš griezās uz vakara pusi un tur mēroja piecsimt kārtis ar mērojamo kārti.
20 ၂၀ လေးမျက်နှာကိုတိုင်း၍ ပတ်လည်း၌ရှိသော တန်တိုင်သည် သန့်ရှင်းသောအရပ်၊ မသန့်ရှင်းသော အရပ်တို့ကို ပိုင်းခြင်းလျက်၊ အလျားအပြန်ငါးရာ၊ အနံ လည်း အပြန်ငါးရာရှိ၏။
Viņš to mēroja uz visām četrām pusēm. Visapkārt bija mūris: garumā piecsimt kārtis un platumā piecsimt, atšķirt to svēto no tā nesvētā.