< ယေဇကျေလ 42 >

1 ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
A LAILA lawe mai oia ia'u i ka pahale mawaho ma ka aoao kukulu akau; a hookomo ae ia'u iloko o ke keena e ku pono ana i kahi kaawale, ka mea imua o ke alo o ka hale ma ka aoao kukulu akau.
2 ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တရာ၊ အနံအတောင်ငါးဆယ်ရှိကြ၏။
Ma ke alo o ka loa o na kubita hookahi haneri ka ipuka kukulu akau, a o ka laula he kanalima kubita.
3 အတောင်နှစ်ဆယ်ရှိသော အတွင်းတန်တိုင်းရှေ့၊ ပြင်တန်တိုင်း ကျောက်ခင်းရှေ့တွင် တဘက်တချက်၌ နံရံ အခန်းသုံးဆင့်ရှိ၏။
E ku pono ana hoi i na kubita he iwakalua no ka pahale iloko, a ku pono ana hoi i ke keehana no ka pahale mawaho, he anuu e ku pono ana i ke anuu, ekolu papa.
4 ထိုအခန်းများရှေ့မှာ တတောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံဆယ်တောင် ရှိသောစင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။
A ma ke alo o na keena he wahi e holoholo ai he umi kubita ka laula maloko, he ala hookahi kubita; a ma ke kukulu akau ko lakou mau puka.
5 အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
Pokole mai hoi na keena luna: no ka mea, na pau ke kauwahi o lakou i na papaluna, i ko lalo loa, a me ko waeua o ka hale.
6 အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ၍ ကျဉ်းကြ၏။
No ka mea, ekolu ko lakou, aole hoi o lakou mau kia e like me na kia o na pahale; nolaila ua hoemiia ka hale i ko lalo a me ko waena mai ka honua aku.
7 ထိုအခန်းများတဘက်တချက်၊ ပြင်တန်တိုင်း ဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ၏။
A o ka pa mawaho e ku pono ana i na keena, e nana ana i ka pahale mawaho, ma ke alo o na keena, o kona loa he kanalima kubita.
8 ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ၏။
No ka mea, o ka loa o na keena maloko o ka pahale mawaho, he kanalima kubita; aia hoi, ma ke alo o ka luakini hookahi haneri kubita.
9 ပြင်တန်တိုင်းမှလာ၍၊ ထိုအခန်းများ ခြေရင်း အရှေ့ဘက်၌ ဝင်ရာလမ်းရှိ၏။
A malalo ae o keia mau keena ke komo ana ma ka aoao hikina, i ke komo ana'ku ilaila mai ka pahale mawaho aku.
10 ၁၀ အိမ်တော်တောင်ဘက်၊ လွတ်လပ်သော အရပ် ကို ကာသော တန်တိုင်းနံရံ၌လည်း အခန်းများရှိကြ၏။
Maloko na keena o ka manoanoa o ka pa ma ka hikina e ku pono ana i kahi kaawale, a e ku pono ana i ka hale.
11 ၁၁ ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်း အလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။
A o ke ala ma ko lakou alo, ua like me na keena ma ke kukulu akau i ka nana aku, ua like ka loa me ko lakou, a ua like ka laula me ko lakou; a o ko lakou puka ana ae, mamuli no ia o ko lakou ano a me ko lakou mau ipuka.
12 ၁၂ တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည် ဖြစ်၍၊ တန်တိုင်းတဘက်တချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတတံခါးဝရှိ၏။
A mamuli hoi o na puka o na keena, ma ka aoao kukulu hema, he puka ma ke poo o ke ala, ke ala ku pono i ke alo o ka pa, ma ka hikina, i ke komo ana o kekahi ilaila.
13 ၁၃ တိုင်းသောသူကလည်း၊ လွတ်လပ်သော အရပ် ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်း သောအခန်း၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများ ကို စားရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်း သောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော် သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။
Alaila olelo mai la oia ia'u, O ua keena ma ka akau, a o na keena ma ka hema, ma ke alo o kahi kaawale, he mau keena hoano ia, kahi o na kahuna i hookokoke ia Iehova, e ai ai i na mea hoano loa; malaila hoi e waiho iho ai lakou i na mea hoano loa, me ka mohai ai, a me ka mohailawehala, a me ka mohaihala, no ka mea, he hoano ia wahi.
14 ၁၄ ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှု တော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တန်တိုင်သို့မထွက်ရ။ ထိုအဝတ်သန့်ရှင်းသောကြောင့် ချွတ်ထား၍အခြားသော အဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာ သို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။
Aia komo na kahuna ilaila, aole lakou e hele aku mai loko aku o kahi hoano a i ka pahale mawaho, aka, malaila no e waiho iho ai lakou i ko lakou mau kapa komo i lawelawe ai lakou, no ka mea, he mau mea hoano ia; a e hookomo i na kapa komo e ae, a e hookokoke i kahi o na kanaka.
15 ၁၅ အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊
A pau kona ana ana'e i ka hale oloko, lawe mai oia ia'u i ka ipuka e nana ana i ka hikina, a ana'e la oia ia mea a puni.
16 ၁၆ တိုင်းစရာကျူလုံးနှင့်အရှေ့မျက်နှာကို တိုင်းလျှင် ကျူလုံးအပြန် ငါးရာရှိ၏။
Ana'e la hoi oia i ka aoao hikina me ke ana ohe, elima haneri ohe, me ke ana ohe a puni.
17 ၁၇ မြောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
Ana'e la hoi oia i ka aoao kukulu akau me ke ana ohe, elima haneri ohe, me ke ana ohe a puni.
18 ၁၈ တောင်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
Ana'e la hoi oia i ka aoao kukulu hema, me ke ana ohe, elima haneri ohe.
19 ၁၉ အနောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
Huli ao la ia i ka aoao komohana, a ana'e la elima haneri ohe, me ke ana ohe.
20 ၂၀ လေးမျက်နှာကိုတိုင်း၍ ပတ်လည်း၌ရှိသော တန်တိုင်သည် သန့်ရှင်းသောအရပ်၊ မသန့်ရှင်းသော အရပ်တို့ကို ပိုင်းခြင်းလျက်၊ အလျားအပြန်ငါးရာ၊ အနံ လည်း အပြန်ငါးရာရှိ၏။
Ana'e la oia ia ma kona mau aoao eha; he pa kona a puni, elima haneri ka loa, elima haneri ka laula, e kaawale ai iwaena o kahi hoano a me kahi hoano ole.

< ယေဇကျေလ 42 >