< ယေဇကျေလ 41 >
1 ၁ ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင် တို့ကို တိုင်းလျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထုသည် ဗိမာန် တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။
၁ထိုနောက်မှ ဗိမာန် တော်သို့ ခေါ် ၍ တံခါး တိုင် တို့ကို တိုင်း လျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထု သည် ဗိမာန် တော်ထု နှင့်အမျှခြောက် တောင် ရှိ၏။
2 ၂ ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင် ရှိ၏။ တံခါးဝတဘက်နှင့်တဘက်လည်း ငါးတောင်စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင် လေးဆယ်၊ အနံကားအတောင်နှစ်ဆယ်ရှိ၏။
၂ဗိမာန်တော်တံခါးဝ အကျယ် ကား ဆယ် တောင် ရှိ၏။ တံခါးဝ တဘက်နှင့်တဘက်လည်း ငါး တောင် စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း ၍၊ အလျား ကား အတောင် လေးဆယ် ၊ အနံ ကားအတောင် နှစ်ဆယ် ရှိ၏။
3 ၃ ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝတဘက်တချက် ခုနစ်တောင်စီရှိ၏။
၃ထိုနောက် ၊ အထဲ သို့ ဝင် ၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါး တိုင် နှစ် တောင် ၊ တံခါးဝ ခြောက် တောင် ၊ တံခါးဝ တဘက်တချက် ခုနစ် တောင် စီရှိ၏။
4 ၄ ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီ တည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
၄ထိုအခန်းသည် ဗိမာန် တော်အနံနှင့်တညီတည်းဖြစ်လျက်၊ အလျား အတောင် နှစ်ဆယ် ၊ အနံ လည်း အတောင် နှစ်ဆယ် ရှိသည်ကို တိုင်း ၍၊ ဤ အခန်းကား အလွန် သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။
5 ၅ ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထု ခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့ သည် အနံလေးတောင်စီရှိ၏။
၅ထိုနောက် ၊ အိမ် တော်ထရံ ကိုတိုင်း ၍ အထု ခြောက် တောင် ရှိ၏။ အိမ် တော်ပတ်လည် ထရံ အခန်းတို့ သည် အနံ လေး တောင် စီရှိ၏။
6 ၆ ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီနေကြ၏။
၆ထရံ အခန်းတို့သည် အစဉ်အတိုင်းသုံးဆယ် ၊ အဆင့်သုံး ဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ် တော်ထရံ ထဲသို့ မ ဝင် ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီ နေ ကြ၏။
7 ၇ ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့၎င်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တရှောက် လုံးဆက်ကာ ဆက်ကာဆုတ်၍၊ အခန်းနေရာသည် အစဉ် အတိုင်းကျယ်လျက် အဆင့်ဆင့်တက်၏။
၇ထရံအခန်း အောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း ၊ ဒုတိယ အဆင့်မှ သည် တတိယ အဆင့်သို့ ၎င်း တက်သည်အတိုင်း၊ အိမ်တော် ထရံ ပတ်လည် တရှောက်လုံး ဆက်ကာ ဆက်ကာ ဆုတ်၍၊ အခန်းနေရာသည် အစဉ်အတိုင်း ကျယ်လျက် အဆင့်ဆင့် တက်၏။
8 ၈ အိမ်တော်အထက်ပိုင်း ပတ်လည်၌ အမြင့်ဆုံး သော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတပြန်မျှ ကျယ်ကြ၏။
၈အိမ် တော်အထက် ပိုင်း ပတ်လည် ၌ အမြင့်ဆုံး သော ထရံ အခန်းတို့သည် ခြောက် တောင် ရှည်သော ကျူတပြန် မျှ ကျယ် ကြ၏။
9 ၉ ထရံအခန်းပြင်ဘက်၌ကာသော ထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။
၉ထရံ အခန်းပြင် ဘက်၌ ကာသော ထရံ သည် အထု ငါး တောင် ရှိ၏။ ကျန်ကြွင်း သောအရပ်သည် ထရံ အခန်းတို့နှင့် ဆိုင်၏။
10 ၁၀ အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ၏။
၁၀အိမ် တော်ပတ်လည် ၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်း တို့နှင့် အတောင် နှစ်ဆယ် ကွာလျက်ရှိကြ၏။
11 ၁၁ ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့်၍ မြောက်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း မျက်နှာ ပြုကြ၏။ ကျန်ကြွင်းသော အရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
၁၁ထရံ အခန်းတို့သည် ကျန်ကြွင်း သောအရပ်သို့ ဖွင့်၍ မြောက် ဘက်သို့၎င်း ၊ တောင် ဘက်သို့၎င်း မျက်နှာပြုကြ၏။ ကျန်ကြွင်း သော အရပ်သည် ပတ်လည် ၌ အနံ ငါး တောင် ရှိ၏။
12 ၁၂ လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
၁၂လွတ်လပ် သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသောတန်တိုင်းသည် အလျား အတောင် ခုနစ်ဆယ် ရှိ၍၊ အိမ် တော်ပတ်လည် တန်တိုင်း သည်လည်း အထု ငါး တောင် ၊ အလျား အတောင် ကိုးဆယ် ရှိ၏။
13 ၁၃ ထိုသို့အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ၏။
၁၃ထိုသို့ အိမ် တော်ကိုတိုင်း ၍ လွတ်လပ် သောအရပ်၊ အိမ် တော်ထရံ ၊ တန်တိုင်းပါလျက်အလျား အတောင် တရာ ရှိ၏။
14 ၁၄ အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ၏။
၁၄အရှေ့ မျက်နှာ၌ လွတ်လပ် သောအရပ်ပါလျက်၊ အိမ် တော်ဦး အတိုင်းအရှည် လည်း အတောင် တရာ ရှိ၏။
15 ၁၅ လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင် နှင့် နောက်တန် တိုင်ကိုတိုင်း၍၊ တဘက်တချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ၏။
၁၅လွတ်လပ် သောအရပ်၌ ကာသောရှေ့ တန်တိုင်း နှင့် နောက် တန်တိုင်းကိုတိုင်း ၍၊ တဘက်တချက်၌ရှိသောထရံ အခန်းပါလျက် အလျားအတောင် တရာ ရှိ၏။
16 ၁၆ အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ၊ တံခါးခုံ များ၊ ကျဉ်းသော ပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့ သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံး အုပ် လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
၁၆အတွင်း ဗိမာန် နှင့် တန်တိုင်း မုတ် များ၊ တံခါးခုံ များ၊ ကျဉ်း သော ပြတင်းပေါက် များ၊ တံခါးခုံ ရှိသမျှ တဘက်တချက်သုံး ဆင့်ရှိသောထရံ အခန်းနံရံများတို့ သည် မြေ မှပြတင်းပေါက် တိုင်အောင် ပျဉ်ပြား နှင့်ဖုံးအုပ် လျက်ရှိ၏။ ပြတင်းပေါက် တို့သည်လည်း ကွယ်ကာ လျက် ရှိကြ၏။
17 ၁၇ တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင် ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊
၁၇တံခါးပေါက် ရှိသမျှအထက် ၊ အတွင်း ဗိမာန် ပြင် ဘက်၊ အိမ်တော်အတွင်း ပြင် ထရံ ပတ်လည် ၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင်ပုံထု ၍၊
18 ၁၈ ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ၏။ ခေရုဗိမ်တခု၌ မျက်နှာနှစ်ခုစီပါလျက်၊
၁၈ခေရုဗိမ် နှစ်ခုကြားမှာ စွန်ပလွံ ပင်တခုစီရှိ၏။ ခေရုဗိမ် တခု၌ မျက်နှာ နှစ် ခုစီပါလျက်၊
19 ၁၉ စွန်ပလွံပင်နှစ်ခုကြားမှာ တဘက်၌လူမျက်နှာ၊ တဘက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။
၁၉စွန်ပလွံ ပင်နှစ်ခုကြားမှာ တဘက်၌လူ မျက်နှာ ၊ တဘက်၌ ခြင်္သေ့ မျက်နှာ ကို ပြကြ၏။
20 ၂၀ ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ် နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။
၂၀ထိုသို့ အိမ် တော်ပတ်လည် ၊ မြေ မှ သည်တံခါးပေါက် အထက် တိုင်အောင် ဗိမာန် တော်ထရံ ၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင် အရုပ်ထု လျက်ရှိ၏။
21 ၂၁ ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
၂၁ဗိမာန် တော်တိုင် တို့သည် လေးထောင့် ဖြစ်ကြ၏။ သန့်ရှင်း ရာဌာနနှင့်မျက်နှာ ချင်းတူ ကြ၏။
22 ၂၂ သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဘိနပ်၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို၏။
၂၂သစ်သား ယဇ်ပလ္လင် သည် အမြင့် သုံး တောင် ၊ အလျား နှစ် တောင် ၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့် ၊ ဘိနပ်၊ နံရံ တို့သည်သစ်သား ဖြင့်ပြီးကြ၏။ ဤ စားပွဲ ကား၊ ထာဝရဘုရား ရှေ့ တော်မှာတင်သော စားပွဲပေတည်းဟု ငါ့ အား ပြောဆို ၏။
23 ၂၃ ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊
၂၃ဗိမာန် တော်နှင့် သန့်ရှင်း ရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊
24 ၂၄ တံခါးတို့သည်လည်း တပ်သော တံခါးရွက် နှစ်ရွက်စီရှိ၏။
၂၄တံခါး တို့သည်လည်း တပ် သော တံခါးရွက် နှစ် ရွက်စီရှိ၏။
25 ၂၅ ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ မုတ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။
၂၅ဗိမာန် တော်ထရံ ၌ ထု သကဲ့သို့ တံခါးရွက် တို့၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင်ပုံ ထု လျက်ရှိ၏။ မုတ်ဦး အထက် မှာ ထုပ် တင်လျက်ရှိ၏။
26 ၂၆ မုတ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ပြတ်တင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။
၂၆မုတ် နံရံ ၊ အိမ် တော်အခန်း ထရံတို့သည် ထုပ် များ၊ ကျဉ်း သော ပြတင်းပေါက် များ၊ စွန်ပလွံ ပင်များနှင့် ပြည့်စုံကြ၏။