< ယေဇကျေလ 41 >
1 ၁ ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင် တို့ကို တိုင်းလျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထုသည် ဗိမာန် တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။
၁ထိုနောက်ထိုလူသည်ငါ့အားသန့်ရှင်းရာ ဌာနတည်းဟူသော ဗိမာန်တော်အလယ်ခန်း သို့ခေါ်ဆောင်သွားကာ ဗိမာန်တော်မုခ်ပေါက် လမ်းကိုတိုင်းတာ၍ကြည့်၏။ ထိုလမ်းသည် ထုဆယ်ပေ၊-
2 ၂ ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင် ရှိ၏။ တံခါးဝတဘက်နှင့်တဘက်လည်း ငါးတောင်စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင် လေးဆယ်၊ အနံကားအတောင်နှစ်ဆယ်ရှိ၏။
၂အနံတစ်ဆယ့်ခုနစ်ပေရှိ၏။ ယင်း၏ဝဲယာ နံရံများသည်ထုရှစ်ပေစီရှိ၏။ အလယ် ခန်းကိုတိုင်းတာကြည့်သောအခါအလျား ခြောက်ဆယ့်ရှစ်ပေ၊ အနံသုံးဆယ့်လေးပေ ရှိသည်ကိုတွေ့ရ၏။
3 ၃ ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝတဘက်တချက် ခုနစ်တောင်စီရှိ၏။
၃ထိုနောက်သူသည်အတွင်းဆုံးအခန်းသို့ ဝင်၏။ ထိုအခန်းအဝင်လမ်းကိုတိုင်းတာ ကြည့်ရာထုသုံးပေ၊ အနံဆယ်ပေရှိလေ သည်။ ဝဲယာရှိနံရံများမှာထုတစ်ဆယ့် နှစ်ပေရှိသတည်း။-
4 ၄ ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီ တည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
၄ထိုသူသည်ဤအခန်းကိုတိုင်း၍ကြည့် ၏။ ယင်းသည်အလျားအနံသုံးဆယ့်လေး ပေစီရှိ၏။ ထိုနောက်သူသည်ငါ့အား``ဤ အခန်းကားအလွန်သန့်ရှင်းရာဌာန တော်ပင်တည်း'' ဟုဆို၏။
5 ၅ ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထု ခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့ သည် အနံလေးတောင်စီရှိ၏။
၅ထိုလူသည်ဗိမာန်တော်အဆောက်အအုံ အတွင်းနံရံ၏ထုကိုတိုင်း၍ကြည့်ရာ ဆယ်ပေရှိ၏။ ထိုနံရံကိုကပ်၍ဗိမာန် တော်ပတ်လည်၌အကျယ်ခုနစ်ပေရှိ အခန်းငယ်များရှိ၏။-
6 ၆ ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီနေကြ၏။
၆ထိုအခန်းများသည်အထပ်သုံးထပ်ရှိ ၍တစ်ထပ်လျှင် အခန်းငယ်ပေါင်းသုံးဆယ် စီရှိ၏။ ဗိမာန်တော်ဘက်မှနံရံများသည် တစ်ထပ်နှင့်တစ်ထပ်ထုချင်းမတူကြ။ အောက် ထပ်နံရံကအထက်ထပ်နံရံထက်ပို၍ ထူ၏။ ဤနည်းအားဖြင့်အခန်းငယ်များ ကိုနံရံနှင့်ချိတ်ဆက်၍ဆောက်မည့်အစား၊ ထုထည်ကြီးသောနံရံချွန်းပေါ်တွင် တင်၍ဆောက်လုပ်ထားလေသည်။-
7 ၇ ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့၎င်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တရှောက် လုံးဆက်ကာ ဆက်ကာဆုတ်၍၊ အခန်းနေရာသည် အစဉ် အတိုင်းကျယ်လျက် အဆင့်ဆင့်တက်၏။
၇သို့ဖြစ်၍အောက်ထပ်မှအလယ်ထပ်သို့ လည်းကောင်း၊ အလယ်ထပ်မှအထက်ထပ် သို့လည်းကောင်းသွားလာနိုင်ကြ၏။ ဗိမာန် တော်နံရံပတ်လည်မှအခန်းများ၏ရှေ့ တွင်လှေကားကျယ်နှစ်ခုရှိ၏။ ထိုအခန်း ရှိနေခြင်းကြောင့်ဗိမာန်တော်နံရံများ ၏ထုထည်ကိုအောက်ဆုံးမှအထက်ဆုံး အထိတစ်ညီတည်းဟုထင်မှတ်ရ၏။-
8 ၈ အိမ်တော်အထက်ပိုင်း ပတ်လည်၌ အမြင့်ဆုံး သော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတပြန်မျှ ကျယ်ကြ၏။
၈ငါသည်ဗိမာန်တော်ပတ်လည်တွင်လှေကား ထစ်မြေပြန့်ရှိသည်ကိုတွေ့မြင်ရ၏။ ယင်း သည်ပတ်ဝန်းကျင်မြေရာထက်ဆယ်ပေ ပို၍မြင့်ပြီးလျှင် ဗိမာန်တော်နံရံတွင် ဆောက်လုပ်ထားသည့်အခန်းများ၏အုတ် မြစ်နှင့်တပြေးတည်းဖြစ်၍နေလေသည်။ ထိုအခန်းများ၏အပြင်နံရံသည်ရှစ်ပေ ထူ၏။ လှေကားထစ်မြေပြန့်နှင့်ယဇ်ပုရော ဟိတ်တို့၏အခန်းများစပ်ကြားဗိမာန် တော်ပတ်လည်တွင်သုံးဆယ့်လေးပေ ကျယ်သောမြေလွတ်ရှိ၏။ ဗိမာန်တော်၏ မြောက်ဘက်၌ရှိအခန်းများသို့ဝင်ရန် တံခါးတစ်ပေါက်၊ တောင်ဘက်၌ရှိသော အခန်းများသို့ဝင်ရန်တံခါးတစ်ပေါက် ရှိ၏။ ဗိမာန်တော်ပတ်လည်၌ရှိသော လှေကားထစ်မြေပြန့်သည်အနံရှစ် ပေရှိသတည်း။
9 ၉ ထရံအခန်းပြင်ဘက်၌ကာသော ထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။
၉
10 ၁၀ အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ၏။
၁၀
11 ၁၁ ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့်၍ မြောက်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း မျက်နှာ ပြုကြ၏။ ကျန်ကြွင်းသော အရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
၁၁
12 ၁၂ လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
၁၂ဗိမာန်တော်အနောက်ဘက်မြေလွတ်အစွန်း တွင်အဆောက်အအုံတစ်ခုရှိ၏။ ယင်း သည်အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံ တစ်ရာတစ်ဆယ့်ခုနစ်ပေရှိ၏။ ထိုအဆောက် အအုံ၏နံရံတစ်လျှောက်လုံးသည်ထု ရှစ်ပေရှိ၏။
13 ၁၃ ထိုသို့အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ၏။
၁၃ထိုလူသည်ဗိမာန်တော်အပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။ ယင်းသည်အလျားပေတစ် ရာခုနစ်ဆယ်ရှိ၏။ ဗိမာန်တော်ကျောဘက် မှနေ၍မြေလွတ်ကိုဖြတ်ကာအနောက် ဘက်ဗိမာန်တော်အစွန်းဆုံးအပိုင်းအထိ ပေတစ်ရာခုနစ်ဆယ်ရှိ၏။-
14 ၁၄ အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ၏။
၁၄ဝဲယာမှမြေလွတ်အပါအဝင်ဗိမာန်တော် မျက်နှာစာကိုဖြတ်၍တိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိလေသည်။-
15 ၁၅ လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင် နှင့် နောက်တန် တိုင်ကိုတိုင်း၍၊ တဘက်တချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ၏။
၁၅ထိုလူသည်ဝဲယာရှိစင်္ကြံများအပါအဝင် ဗိမာန်တော်၏အနောက်ဘက်ကိုတိုင်းတာ ကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကို တွေ့ရ၏။ ဗိမာန်တော်မုခ်ဦးခန်း၊ ခန်းမဆောင်ကြီးနှင့် အလွန်သန့်ရှင်းရာဌာနတော်တို့၏နံရံ များကို၊-
16 ၁၆ အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ၊ တံခါးခုံ များ၊ ကျဉ်းသော ပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့ သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံး အုပ် လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
၁၆ကြမ်းပြင်မှပြူတင်းပေါက်များအထိ သစ် သားမှန်ကွက်ပုံများဖြင့်တပ်ဆင်ထား၏။ ဤပြူတင်းပေါက်များကိုလည်း ဖုံးအုပ်၍ ထားနိုင်၏။-
17 ၁၇ တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင် ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊
၁၇ဗိမာန်တော်အတွင်းနံရံများကားတံခါး ပေါက်အထက်အထိ
18 ၁၈ ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ၏။ ခေရုဗိမ်တခု၌ မျက်နှာနှစ်ခုစီပါလျက်၊
၁၈စွန်ပလွံပင်ပုံများ၊ ခေရုဗိမ်ရုပ်ပုံများကို ထုလုပ်၍တန်ဆာဆင်ထားလေသည်။ အခန်း ပတ်လည်တစ်လျှောက်လုံးဦးစွာစွန်ပလွံ ပင်ပုံ၊ ထိုနောက်ခေရုဗိမ်ရုပ်ပုံ၊ ထိုနောက် စွန်ပလွံပင်ပုံစသည်ဖြင့်ထုလုပ်ထား သတည်း။ ခေရုဗိမ်တစ်ပါးစီတွင်မျက်နှာ နှစ်မျိုးရှိ၏။-
19 ၁၉ စွန်ပလွံပင်နှစ်ခုကြားမှာ တဘက်၌လူမျက်နှာ၊ တဘက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။
၁၉လူမျက်နှာနှင့်ခြင်္သေ့မျက်နှာဖြစ်၍ လူမျက် နှာသည်စွန်ပလွံပင်တစ်ပင်ဘက်သို့လှည့် ၍ ခြင်္သေ့မျက်နှာကအခြားစွန်ပလွံပင် တစ်ပင်ဘက်သို့လှည့်၍နေ၏။-
20 ၂၀ ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ် နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။
၂၀ဤနည်းအတိုင်းနံရံတစ်လျှောက်လုံးတွင် ကြမ်းပြင်မှတံခါးပေါက်အထက်တိုင် အောင်အရုပ်များထွင်းထုလုပ်၍ထား လေသည်။-
21 ၂၁ ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
၂၁သန့်ရှင်းရာဌာန၏တံခါးတိုင်များ သည်လေးထောင့်တိုင်များဖြစ်ကြ၏။ အလွန်သန့်ရှင်းရာဌာနအဝင်ဝ၏ရှေ့ ၌သစ်သားယဇ်ပလ္လင်နှင့်တူသောအရာ တစ်ခုရှိ၏။-
22 ၂၂ သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဘိနပ်၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို၏။
၂၂ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။
23 ၂၃ ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊
၂၃သန့်ရှင်းရာဌာနသို့ဝင်ရာလမ်းအဆုံး ၌လည်းကောင်း၊ အလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရာလမ်းအဆုံး၌လည်းကောင်း တံခါးတစ်ခုစီရှိ၏။-
24 ၂၄ တံခါးတို့သည်လည်း တပ်သော တံခါးရွက် နှစ်ရွက်စီရှိ၏။
၂၄ယင်းတို့သည်အလယ်မှဖွင့်ရသောနှစ် ရွက်တံခါးများဖြစ်ကြ၏။-
25 ၂၅ ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ မုတ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။
၂၅သန့်ရှင်းရာဌာနသို့ဝင်ရာတံခါးများတွင် လည်းနံရံများကဲ့သို့ပင်စွန်ပလွံပင်ပုံ များနှင့်ခေရုဗိမ်ရုပ်များထုလုပ်၍ထား၏။ ထို့ပြင်မုခ်ဦးခန်းအဝင်တံခါးအပြင် ဘက်၌လည်းသစ်သားဖောင်းရစ်တစ်ခုရှိ၏။-
26 ၂၆ မုတ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ပြတ်တင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။
၂၆ထိုအခန်းတွင်ဘေးပြူတင်းပေါက်များရှိ၍ နံရံများ၌လည်းစွန်ပလွံပင်ပုံများထု လုပ်ထားလေသည်။ ဗိမာန်တော်၏ဘေးခန်း တွင်လည်း သစ်သားဖောင်းရစ်များရှိသည်။