< ယေဇကျေလ 40 >
1 ၁ ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ် နှစ်ဆယ်ငါးခု၊ ပဌမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ ၍၊ တဆယ်လေးနှစ်စေ့သောနေ့ တွင်၊ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင် သွားတော်မူ၏။
၁ငါတို့သည် သိမ်း သွားခြင်းကိုခံရာသက္ကရာဇ် နှစ်ဆယ် ငါး ခု၊ ပဌမ လ ဆယ် ရက်နေ့၊ မြို့ တော်ကို လုပ်ကြံ ၍၊ တဆယ် လေး နှစ် စေ့သောနေ့ တွင် ၊ ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ထို မြို့သို့ ဆောင် သွားတော်မူ၏။
2 ၂ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌မြို့ပုံသဏ္ဌာန်ရှိ၏။
၂ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံအားဖြင့် ငါ့ ကို ဣသရေလ ပြည် သို့ ဆောင် သွား၍ ၊ အလွန် မြင့် သော တောင် ပေါ်မှာ တင် ထားတော်မူ၏။ ထိုတောင်အနားမှာ တောင် ဘက်၌ မြို့ ပုံသဏ္ဌာန် ရှိ၏။
3 ၃ ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။
၃ထို အရပ်သို့ ငါ့ ကိုဆောင် သွားတော်မူသောအခါ ၊ ကြေးဝါ ကဲ့သို့ အဆင်းအရောင် ရှိသောလူ တဦးသည် တိုင်း စရာကျူလုံး နှင့် ချည် ကြိုး ကို ကိုင်လျက်မြို့တံခါးဝ မှာ ရပ် နေ၏။
4 ၄ ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်း လော့။ သင့်အား ငါပြအံ့သောငှါ သင့်ကိုဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟုဆို၏။
၄ထိုသူက၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှု လော့။ စေ့စေ့နားထောင် လော့။ ငါ ပြ လတံ့သမျှ တို့ကို နှလုံး သွင်း လော့။ သင့် အား ငါပြ အံ့သောငှါ သင့်ကိုဤ အရပ်သို့ ဆောင် ခဲ့တော်မူပြီ၊ မြင် သမျှ တို့ကိုလည်းဣသရေလ အမျိုး အား ပြ ရမည်ဟုဆို ၏။
5 ၅ အိမ်တော်ပြင်ပတ်လည်၌ တန်တိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင် ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတန်တိုင်းကိုတိုင်း၍ အထုကျူတပြန်၊ အမြင့်လည်း ကျူတပြန်ရှိ၏။
၅အိမ် တော်ပြင် ပတ်လည် ၌ တန်တိုင်း ရှိ၏။ ထိုသူသည် သံတောင်အားဖြင့်အရှည်ခြောက် တောင် ရှိသောကျူလုံး ကို ကိုင် လျက်၊ ထိုတန်တိုင်း ကိုတိုင်း ၍ အထု ကျူ တပြန်၊ အမြင့် လည်း ကျူ တပြန်ရှိ၏။
6 ၆ ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတပြန်စီရှိ၏။
၆ထိုနောက် ၊ အရှေ့ တံခါး သို့ သွား ၍ လှေကား ကို တက် ပြီးမှ ၊ တံခါး ထုပ် နှင့် တံခါး ခုံကိုတိုင်း ၍ အနံ ကျူ တပြန်စီရှိ၏။
7 ၇ အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါး တောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။
၇အခန်းငယ် တို့သည် တခန်းနှင့်တခန်း ငါး တောင် ကွာလျက် အလျား ကျူ တပြန်၊ အနံ လည်း ကျူ တပြန်စီရှိကြ၏။
8 ၈ အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။
၈အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။
9 ၉ တံခါးမုတ်ကိုလည်း တိုင်း၍အလျားရှစ်တောင် ရှိ၏။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုတ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။
၉တံခါး မုတ် ကိုလည်း တိုင်း ၍အလျားရှစ် တောင် ရှိ၏။ မုတ်တိုင် အမြင့် နှစ် တောင် စီရှိ၏။ တံခါး မုတ် သည် တံခါးအတွင်း ဘက်၌ ရှိသတည်း။
10 ၁၀ အရှေ့တံခါး တဘက်တချက်၌ အခန်းငယ် သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တဘက်တချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။
၁၀အရှေ့ တံခါး တဘက်တချက်၌ အခန်းငယ် သုံး ခန်းစီရှိ၍၊ အလျား အနံတညီတည်း ၊ တဖက်တချက်၌ တိုင် အမြင့်လည်း တညီတည်း ရှိကြ၏။
11 ၁၁ တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တဆယ်သုံးတောင်ရှိ၏။
၁၁တံခါး ဝ ကိုလည်းတိုင်း ၍ အနံ ဆယ် တောင် ၊ အမြင့် တဆယ် သုံး တောင် ရှိ၏။
12 ၁၂ အခန်းငယ်တို့ရှေ့မှာ တဘက်တချက်၌ ကြမ်း ပြင်အနံတတောင်ရှိ၏။ တဘက်တချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံခြောက်တောင်စီရှိ၏။
၁၂အခန်းငယ် တို့ရှေ့မှာ တဘက်တချက်၌ ကြမ်းပြင် အနံတ တောင် ရှိ၏။ တဘက်တချက်၌ရှိသောအခန်းငယ် တို့သည် အလျားအနံခြောက် တောင် စီရှိ၏။
13 ၁၃ ထိုနောက်၊ အခန်းငယ်အမိုးစွန်းတခုမှသည် တခုတိုင်အောင် တိုင်း၍အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။
၁၃ထိုနောက် ၊ အခန်းငယ် အမိုး စွန်းတခုမှ သည် တခုတိုင်အောင် တိုင်း ၍အကျယ် နှစ်ဆယ် ငါး တောင် ရှိ၏။ တံခါးတို့ သည် မျက်နှာချင်းဆိုင် ကြ၏။
14 ၁၄ တံခါးပတ်လည် တန်တိုင်းအတွင်း၊ ထောင့်တိုင် အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။
၁၄တံခါး ပတ်လည် တန်တိုင်း အတွင်း၊ ထောင့် တိုင် အထိ ၊ အတောင် ခြောက်ဆယ် ကျယ်အောင် တိုင် များကို ထား လေ၏။
15 ၁၅ ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင် အောင် အတောင်ငါးဆယ်ရှိ၏။
၁၅ပြင်တံခါးဝ မှ သည် အတွင်းတံခါး မုတ်ဝ တိုင်အောင် အတောင် ငါးဆယ် ရှိ၏။
16 ၁၆ အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုတ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင်များ၌စွနပလွပင်ပုံထုလျက်ရှိ၏။
၁၆အခန်း များ၊ တံခါး အတွင်း ပတ်လည် တိုင် များ၊ တံခါးမုတ် များ အတွင်း ဘက် ၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင် များ၌ စွန်ပလွန် ပင်ပုံထုလျက်ရှိ၏။
17 ၁၇ ထိုနောက်၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ် ရှိ၏။
၁၇ထိုနောက် ၊ ငါ့ ကိုပြင် တန်တိုင်း ထဲသို့ သွင်း ၍ အခန်း များကို ငါမြင်၏။ ကျောက် ခင်းလည်း ရှိ ၏။ ကျောက် ခင်းအပေါ်မှာ အခန်း သုံးဆယ် ရှိ၏။
18 ၁၈ တံခါးများအစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်းဖြစ်၏။
၁၈တံခါး များအစဉ်အတိုင်းလိုက်၍၊ တံခါး အနားမှာ ရှိသောကျောက် ခင်းသည် အောက် ကျောက် ခင်းဖြစ်၏။
19 ၁၉ ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တန်းတိုင်းပြင်ဘက် ဦးတိုင်အောင်တိုင်း၍၊ အရှေ့မျက်နှာ ၌ အတောင်တရာကွာ၏။
၁၉ထိုနောက် ၊ အောက် တံခါး ဦး မှ သည် အတွင်း တန်တိုင်း ပြင် ဘက် ဦး တိုင်အောင် တိုင်း ၍၊ အရှေ့ မျက်နှာ၌ အတောင် တရာ ကွာ ၏။
20 ၂၀ တဖန်မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါးအမြင့်နှင့် အနံကိုတိုင်းလေ၏။
၂၀တဖန် မြောက် မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်း မြောက် ဘက်သို့ မျက်နှာ ပြုသောတံခါး အမြင့် နှင့် အနံ ကိုတိုင်း လေ၏။
21 ၂၁ အခန်းတို့သည် တဘက်တချက်၌ သုံးခန်းစီ ရှိ၏။ တိုင်များ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
၂၁အခန်း တို့သည် တဘက်တချက်၌ သုံး ခန်းစီ ရှိ၏။ တိုင် များ၊ မုတ် များတို့သည် အရင် တံခါး ကဲ့သို့ ဖြစ် ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
22 ၂၂ ပြတင်းပေါက်၊ မုတ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။
၂၂ပြတင်းပေါက် ၊ မုတ် ၊ စွန်ပလွံ ပင်များတို့သည် အရှေ့ တံခါး ကဲ့သို့ ဖြစ်ကြ၏။ လှေကား ခုနစ် ထစ်ဖြင့် တံခါး သို့ တက် ရ၏။ မုတ် တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။
23 ၂၃ အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါး မျက်နှာ ချင်းဆိုင်အတွင်း တန်တိုင်းတံခါးဝရှိ၏။ တံခါဝတခုနှင့် တခု အတောင်တရာကွာ၏။
၂၃အရှေ့ ဘက်၌ ရှိသကဲ့သို့မြောက် တံခါး မျက်နှာချင်းဆိုင် အတွင်း တန်တိုင်း တံခါးဝ ရှိ၏။ တံခါးဝ တခုနှင့် တခု အတောင် တရာ ကွာ၏။
24 ၂၄ ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကို ငါမြင်၏။ တိုင်များ၊ မုတ်များကိုတိုင်း၍ အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။
၂၄ထိုနောက် ၊ တောင် မျက်နှာသို့ခေါ်သွား ၍ တောင် တံခါး ကို ငါမြင် ၏။ တိုင် များ၊ မုတ် များကိုတိုင်း ၍ အရင်ပမာဏ နှင့်တညီတည်း ရှိကြ၏။
25 ၂၅ အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါး တောင်ရှိ၏။
၂၅အရင်ပြတင်းပေါက် ကဲ့သို့ ပြတင်းပေါက် များ၊ မုတ် များရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
26 ၂၆ လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
၂၆လှေကား ခုနစ် ထစ်ဖြင့် တံခါးသို့တက် ရ၏။ မုတ် တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင် များ၌ စွန်ပလွံ ပင်ပုံ ထုလျက်ရှိ၏။
27 ၂၇ တောင်မျက်နှာ၌ အတွင်းတန်တိုင်တံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတခုမှသည် တခုတိုင်အောင်တိုင်း၍ အတောင်တရာကွား၏။
၂၇တောင် မျက်နှာ၌ အတွင်း တန်တိုင်း တံခါးဝ ရှိ၏။ ထိုမျက်နှာ၌ တံခါးဝ တခုမှ သည် တခုတိုင်အောင် တိုင်း ၍ အတောင် တရာ ကွာ၏။
28 ၂၈ တဖန်အတွင်းတန်တိုင်းထဲသို့တောင် တံခါးဖြင့် သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကိုတိုင်းလေ၏။
၂၈တဖန် အတွင်း တန်တိုင်း ထဲသို့ တောင် တံခါး ဖြင့် သွင်း ၍၊ အရင် ပမာဏ နှင့်အညီ ထိုတံခါး ကိုတိုင်း လေ၏။
29 ၂၉ အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်းပြတင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
၂၉အခန်းငယ် များ၊ တိုင် များ၊ မုတ် များတို့သည် အရင် ပမာဏ နှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း ၊ မုတ် များ၌၎င်း ပြတင်းပေါက် ရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
30 ၃၀ ပတ်လည်၌ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံငါးတောင်ရှိ၏။
၃၀ပတ်လည် ၌ရှိသောမုတ် တို့သည်လည်း အလျား အတောင်နှစ်ဆယ် ငါး တောင် ၊ အနံ ငါး တောင် ရှိ၏။
31 ၃၁ မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု၍၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့်တက်ရ၏။
၃၁မုတ် တို့သည် ပြင် တန်တိုင်း သို့မျက်နှာပြု ၍ ၊ တိုင် များအပေါ်မှာ စွန်ပလွံ ပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ် ထစ်ဖြင့်တက် ရ၏။
32 ၃၂ အရှေ့ဘက်၌လည်း အတွင်းတန်တိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။
၃၂အရှေ့ ဘက်၌လည်း အတွင်း တန်တိုင်း ထဲသို့ သွင်း ၍ ၊ ထိုတံခါးကို အရင် ပမာဏ နှင့်အညီ တိုင်း လေ၏။
33 ၃၃ အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
၃၃အခန်းငယ် များ၊ တိုင် များ၊ မုတ် များတို့သည် အရင်ပမာဏ နှင့် တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း ၊ မုတ် များ၌ ၎င်း ပြတင်းပေါက် ရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
34 ၃၄ မုတ်တို့သည် ပြင်တန်တိုင်သို့ မျက်နှာပြု၍၊ တဘက်တချက်တိုင်များပေါ်မှာစွန်ပလွံပင် ပုံထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
၃၄မုတ် တို့သည် ပြင် တန်တိုင်း သို့ မျက်နှာပြု ၍၊ တဘက်တချက်တိုင် များပေါ်မှာ စွန်ပလွံ ပင် ပုံထုလျက် ရှိ၏။ လှေကား ရှစ် ထစ်ဖြင့် တက် ရ၏။
35 ၃၅ တဖန် မြောက်တံခါးသို့ ခေါ်သွား၍ အရင် ပမာဏနှင့်အညီ တိုင်းလေ၏။
၃၅တဖန် မြောက် တံခါး သို့ ခေါ် သွား၍ အရင် ပမာဏ နှင့်အညီ တိုင်း လေ၏။
36 ၃၆ အခန်းငယ်များတိုင်များ၊ မုတ်များ၊ ပတ်လည်၌ ပြတင်းပေါက်များတို့နှင့် ပြည့်စုံ၍၊ အလျာအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
၃၆အခန်းငယ် များ၊ တိုင် များ၊ မုတ် များ၊ ပတ်လည် ၌ ပြတင်းပေါက် များတို့နှင့် ပြည့်စုံ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
37 ၃၇ မုတ်တို့သည် ပြင်တန်တိုင်းသို့မျက်နှာပြု၍၊ တဘက်တချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
၃၇မုတ် တို့သည် ပြင် တန်တိုင်း သို့မျက်နှာပြု ၍၊ တဘက်တချက်တိုင် များအပေါ်မှာ စွန်ပလွံ ပင်ပုံ ထုလျက် ရှိ၏။ လှေကား ရှစ် ထစ်ဖြင့်တက် ရ၏။
38 ၃၈ မီးရှို့သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုတ်၌ ရှိကြ၏။
၃၈မီးရှို့ သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်း များ၊ အခန်း ဝင်ဝများတို့သည် ထို တံခါး မုတ် ၌ ရှိကြ၏။
39 ၃၉ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့၊ တံခါးမုတ်အတွင်း တဘက် တချက်၌ စာပွဲနှစ်ခုစီရှိကြ၏။
၃၉မီးရှို့ ရာယဇ်၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာ ယဇ်ကောင်ကိုသတ် စရာဘို့ ၊ တံခါး မုတ် အတွင်း တဘက် တချက်၌ စားပွဲ နှစ် ခုစီရှိကြ၏။
40 ၄၀ မြောက်တံခါးဝသို့ တက်ရာတံခါးမုတ်၊ ပြင် အနားတဘက်တချက်၌လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊
၄၀မြောက် တံခါး ဝ သို့ တက် ရာတံခါးမုတ်၊ ပြင် အနား တဘက်တချက်၌လည်း စားပွဲ နှစ် ခုစီရှိသည်ဖြစ်၍၊
41 ၄၁ တံခါးဝတဘက်တချက်၌ ယဇ်ကောင်ကို သတ်စရာစားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။
၄၁တံခါးဝ တဘက်တချက်၌ ယဇ်ကောင်ကိုသတ် စရာစားပွဲ လေး ခုစီ၊ ပေါင်းရှစ် ခုရှိကြ၏။
42 ၄၂ မီးရှို့ရာယဇ်ဘို့ စားပွဲလေးခုတို့သည် ဆစ်သော ကျောက်ဖြင့်ပြီး၍၊ အလျားတတောင်တထွာ၊ အနံ တတောင်တထွာ၊ အမြင့်တတောင်ရှိ၏။ ထို စားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ၏။
၄၂မီးရှို့ ရာယဇ်ဘို့ စားပွဲ လေး ခုတို့သည် ဆစ် သော ကျောက် ဖြင့်ပြီး၍၊ အလျား တတောင် တထွာ၊ အနံ တတောင် တထွာ၊ အမြင့် တ တောင် ရှိ၏။ ထို စားပွဲ ပေါ်မှာ မီးရှို့ ရာယဇ်ကောင်ကိုသတ် စရာတန်ဆာ များကို တင် ထားရကြ၏။
43 ၄၃ စားပွဲအပေါ်ပတ်လည်၌ အကျယ်လက်တဝါး ရှိသော အနားပတ် တပ်လျက်ရှိ၍၊ ပူဇော်စရာယဇ်သား ကို တင်ထားရကြ၏။
၄၃စားပွဲ အပေါ် ပတ်လည် ၌ အကျယ်လက် တ ဝါးရှိသောအနားပတ် တပ် လျက်ရှိ၍၊ ပူဇော် စရာယဇ်သား ကို တင်ထားရကြ၏။
44 ၄၄ အတွင်းတံခါးပြင်မှာ အတွင်းတန်တိုင်း၌ အခန်း နှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက်တံခါးအနားမှာ ရှိ၍ တောင်ဘက်သို့ မျက်နှာပြု၏။ တခန်းကား၊ တောင် တံခါးအနားမှာရှိ၍ မြောက်ဘက်သို့ မျက်နှာပြု၏။
၄၄အတွင်း တံခါး ပြင် မှာ အတွင်း တန်တိုင်း ၌ အခန်း နှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက် တံခါး အနား မှာ ရှိ၍ တောင် ဘက်သို့ မျက်နှာပြု ၏။ တခန်းကား၊ တောင် တံခါး အနား မှာ ရှိ၍ မြောက် ဘက်သို့ မျက်နှာပြု ၏။
45 ၄၅ တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော် အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊
၄၅တောင် ဘက်သို့မျက်နှာပြု သော ဤ အခန်း ကား၊ အိမ် တော် အမှု ကိုဆောင် သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊
46 ၄၆ မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာ ဘို့ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကို ဆောင်စေခြင်းငှါ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို၏။
၄၆မြောက် ဘက်သို့မျက်နှာပြု သော ဤအခန်း ကား၊ ယဇ်ပလ္လင် အမှု ကို ဆောင် သောယဇ်ပုရောဟိတ် နေစရာ ဘို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ အမှုတော်ကို ဆောင် စေခြင်းငှါ ၊ လေဝိ သား တို့တွင် ရွေးကောက်သောဇာဒုတ် သား ပေတည်းဟု ငါ့အား ပြောဆို၏။
47 ၄၇ ထိုအခါ တန်တိုင်းကိုတိုင်း၍ အလျားအတောင် တရာ၊ အနံအတောင်တရာ စတုရန်းရှိ၏။ ယဇ်ပလ္လင် သည် အိမ်တော်ရှေ့မှာ တည်၏။
၄၇ထိုအခါ တန်တိုင်း ကိုတိုင်း ၍ အလျား အတောင် တရာ ၊ အနံ အတောင် တရာ စတုရန်း ရှိ၏။ ယဇ်ပလ္လင် သည် အိမ် တော်ရှေ့မှာ တည်၏။
48 ၄၈ အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဘက်ကို တိုင်းလျှင်၊ အကျယ်ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဘက်၊ အနံသုံးတောင်စီရှိ၏။
၄၈အိမ် တော်ဦး သို့ ခေါ် ၍ တံခါးဝနှစ်ဘက်ကို တိုင်း လျှင်၊ အကျယ်ငါး တောင် စီရှိ၏။ တံခါးရွက် နှစ်ဘက်၊ အနံ သုံး တောင် စီရှိ၏။
49 ၄၉ အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကားတဆယ်တတောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦအနား၊ တဘက်တချက်၌ တိုင်တလုံးစီတည်လျက်ရှိ၏။
၄၉အိမ်တော်ဦး အလျား ကား အတောင် နှစ်ဆယ် ၊ အနံ ကားတဆယ် တ တောင် ရှိ၏။ လှေကား ဆယ်ထစ်ဖြင့် တက် ရ၏။ အိမ်တော်ဦး အနား ၊ တဘက်တချက်၌ တိုင် တ လုံးစီတည်လျက်ရှိ၏။