< ယေဇကျေလ 36 >
1 ၁ တဖန်အချင်းလူသား၊ ဣသရေလတောင်တို့ အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အိုဣသရေလ တောင်တို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင် ကြလော့။
Na ko koe e te tama a te tangata, poropiti atu ki nga maunga o Iharaira, mea atu, E nga maunga o Iharaira, whakarongo ki te kupu a Ihowa.
2 ၂ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက်၌ ဆိုမိသောကြောင့်၊
Ko te kupu tenei a te Ariki, a Ihowa; Na, kua mea nei te hoariri ki a koutou, Ha! na, Kua riro mai hoki mo tatou nga pukepuke onamata:
3 ၃ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့် တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင်၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသော ကြောင့်၎င်း၊ သင်တို့သည် လူများပြော ဆိုရာ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့်၎င်း၊
Mo reira, poropiti atu, mea atu, Ko te kupu tenei a te Ariki, a Ihowa; Na, kua meinga na koutou e ratou kia tu kau, kua horomia i tetahi taha, i tetahi taha, i riro ai koutou ma nga toenga o nga iwi, i hapainga ake ai e nga ngutu o nga arero kape tau, i korerotia kinotia ai e te iwi:
4 ၄ အိုဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင် ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား၊
Mo reira, e nga maunga o Iharaira whakarongo ki te kupu a te Ariki, a Ihowa; Ko te kupu tenei a te Ariki, a Ihowa, ki nga maunga, ki nga pukepuke, ki nga awa, ki nga awaawa, ki nga ururua kua takoto kau, ki nga pa kua mahue, kua riro nei hei pahu atanga, hei katanga ma nga toenga o nga iwi a tawhio noa.
5 ၅ အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသော စိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုး သားအပေါင်းတို့နှင့် ကျန်ကြွင်းသော တပါးအမျိုးသား တို့တဘက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။
Na reira ko te kupu tenei a te Ariki, a Ihowa, He pono he ahi toku hae, i ahau i korero ai i te he mo nga toenga o nga iwi, mo Eroma katoa ano; mo ta ratou meatanga i toku whenua hei kainga mo ratou, pau katoa te ngakau ki te koa, kino tonu te hi nengaro, mo tera kia peia atu, kia waiho hei taonga parau.
6 ၆ သို့ဖြစ်၍၊ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက်၊ တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေ စီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသားတို့ကဲ့ရဲ့ ခြင်းကိုခံရသောကြောင့်၊ ငါသည် ဒေါသအမျက်ထွက်၍ ပြောပြီ။
Na reira poropititia te whenua o Iharaira, ki atu ki nga maunga, ki nga pukepuke, ki nga awa, ki nga awaawa, Ko te kupu tenei a te Ariki, a Ihowa; Nana, kua korero ahau i runga i toku hae, i toku weriweri, no te mea e mau ana ki a koutou te whaka ma o nga tauiwi:
7 ၇ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တပါးအမျိုး သားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။
Na reira ko te kupu tenei a te Ariki, a Ihowa; Kua ara toku ringa kua mea, He pono, ko nga iwi i tetahi taha o koutou, i tetahi taha, ka mau ki a ratou to ratou whakama.
8 ၈ အိုဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင် ပေါက်၍ ငါ၏လူဣသရေလအမျိုးသားတို့အဘို့ အသီးကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာချိန်နီးပြီ။
Ko koutou ia, e nga maunga o Iharaira, ka wana o koutou manga, ka whai hua koutou ma taku iwi, ma Iharaira; ka tata hoki ratou te puta.
9 ၉ ငါသည်သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ ကြဲကြလိမ့်မည်။
No te mea, nana, ka aro ahau ki a koutou, ka tahuri ki a koutou, a ka ngakia koutou, ka whakatokia.
10 ၁၀ သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့်၊ သူတို့သည် မြို့များ၌နေ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည်။
Ka tini ano i ahau nga tangata ki a koutou, te whare katoa o Iharaira, ratou katoa, a ka mohoia nga pa, ka hanga ano nga ururua.
11 ၁၁ သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါ များပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ် အဆက်ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
Ka tini ano i ahau nga tangata ki a koutou, me nga kararehe; a ka tini ratou, ka hua; ka meinga hoki koutou e ahau kia nohoia, kia pera me to mua, a ka pai atu taku e mea ai ki a koutou i to o koutou timatanga: a ka mohio koutou ko Ihowa ahau.
12 ၁၂ သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည် အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံး ရှုံးရကြ။
Ae ra, ka meinga koutou e ahau kia haereerea e te tangata, e taku iwi, e Iharaira; ka riro koe i a ratou, ka waiho hoki koe hei kainga tupu mo ratou, a heoi ano matenga o a ratou tamariki i a koe.
13 ၁၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတပါး ဆိုသောကြောင့်၊
Ko te kupu tenei a te Ariki, a Ihowa; Na, kua korerotia nei ki a koutou, He kai tangata koe, e te whenua, e whakamate ana i nga tamariki a tou iwi;
14 ၁၄ နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။
Na reira e kore koe e kai tangata a muri ake nei, e kore ano e hinga i a koe ou iwi a muri nei, e ai ta te Ariki, ta Ihowa.
15 ၁၅ နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့ အပြစ်တင်သော စကားကိုမကြားရ။ နောက်တဖန် ကိုယ် အမျိုးသားတို့၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။
Heoi ano aku meatanga kia rangona ki a koe te numinumi i nga iwi, e kore ano e mau ki a koe i nga wa i muri te tawai a nga iwi; e kore ano koe e mea i nga waewae o ou iwi kia tutuki a ake ake, e ai ta te Ariki, ta Ihowa.
16 ၁၆ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
I puta mai ano te kupu a Ihowa ki ahau, i mea,
17 ၁၇ အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။
E te tama a te tangata, i te nohoanga o te whare o Iharaira i to ratou oneone, i whakapokea a reira e ratou ki to ratou ara, ki a ratou mahi: ko to ratou ara i toku aroaro, rite tonu ki te poke o te wahine e paheke ana.
18 ၁၈ ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။
Heoi ringihia ana e ahau toku weriweri ki runga ki a ratou, mo te toto i tahoroa e ratou ki runga ki te whenua, mo a ratou whakapakoko hoki i whakapokea ai a reira e ratou.
19 ၁၉ အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့် စေပြီ။ သူတို့ကျင့် ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။
A whakamararatia atu ana ratou e ahau ki roto ki nga iwi, titaria atu ana ki nga whenua; rite tonu ki to ratou ara, ki a ratou mahi taku whakarite mo ratou.
20 ၂၀ သို့ရာတွင် တကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။ ကိုယ်ပြည် မှ ထွက်သွားရကြ၏ဟု သူတပါးပြောဆိုသဖြင့်၊ ငါ၏နာမ မြတ်ကို ရှုတ်ချသောကြောင့်၊
A, i to ratou taenga ki nga iwi i haere atu ai ratou, whakanoatia ana e ratou toku ingoa tapu, i a ratou i ki ra mo ratou, Ko te iwi tenei a Ihowa, a kua puta atu ratou i tona whenua.
21 ၂၁ ဣသရေလအမျိုးသားရောက်ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။
Otiia i whai whakaaro ahau ki toku ingoa tapu i whakanoatia nei e te whare o Iharaira i roto i nga tauiwi i haere atu ai ratou.
22 ၂၂ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။
Mo reira ki atu ki te whare o Iharaira; Ko te kupu tenei a te Ariki, a Ihowa; Ehara i te mea he whakaaro ki a koutou i mahi ai ahau i tenei, e te whare o Iharaira; engari ki toku ingoa tapu i whakanoatia nei e koutou i roto i nga tauiwi i haere atu ai koutou.
23 ၂၃ တပါးအမျိုးသားတို့ အလယ်၌သင်တို့ ရှုတ်ချ သော ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်။ သူတို့ မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် ချီးမြောက်ရာသို့ ရောက်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏။
Ka whakatapua ano e ahau toku ingoa nui i whakanoatia nei i roto i nga tauiwi, ko ta koutou ra i whakanoa ai i roto i a ratou; a ka mohio nga tauiwi ko Ihowa ahau, e ai ta te Ariki, ta Ihowa, ina whakatapua ahau i roto i a koutou i to ratou aroa ro.
24 ၂၄ အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သင်တို့ နေရင်းပြည်သို့ပို့ဆောင်မည်။
Ka tangohia mai hoki koutou e ahau i roto i nga tauiwi, ka whakaminea i nga whenua katoa, ka kawea mai ano ki to koutou oneone.
25 ၂၅ သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။
Ka tauhiuhia ano koutou e ahau ki te wai ma, a ka ma koutou: ka purea koutou e ahau, a kore iho o koutou poke katoa, a koutou whakapakoko katoa.
26 ၂၆ စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။
Ka hoatu ano e ahau he ngakau hou ki a koutou, ka hoatu ano e ahau he wairua hou ki roto ki a koutou; ka tangohia ano e ahau te ngakau kohatu i roto i o koutou kikokiko, a ka hoatu he ngakau kikokiko ki a koutou.
27 ၂၇ ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
Na ka hoatu e ahau toku wairua ki roto ki a koutou, a ka meinga koutou e ahau kia haere i runga i aku tikanga, ka puritia ano e koutou aku ritenga, ka mahia.
28 ၂၈ ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့ သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။
A ka noho koutou ki te whenua i hoatu e ahau ki o koutou matua, ko koutou hoki hei iwi maku, ko ahau hei Atua mo koutou.
29 ၂၉ သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။
Ka whakaorangia ano koutou e ahau i o koutou poke katoa: ka karangatia hoki e ahau te witi, ka whakanuia hoki e ahau, e kore ano te hemokai e tukua e ahau ki a koutou.
30 ၃၀ သင်တို့သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။
A ka meinga e ahau kia maha nga hua o te rakau me nga mau o te mara, a heoi ano te tawai hemokai mo koutou i roto i nga tauiwi.
31 ၃၁ ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက်မေ့၍၊ ကိုယ်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံရှာ ကြလိမ့်မည်။
Katahi koutou ka mahara ki o koutou ara kino, ki a koutou mahi kahore nei e pai; a ka anuanu koutou ki a koutou ano i o koutou aroaro mo o koutou kino, mo a koutou mea whakarihariha hoki.
32 ၃၂ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့။ အိုဣသရေလအမျိုး၊ ကိုယ်ပြု မိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်မောတွေဝေ လျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Ehara i te mea he whakaaro ki a koutou i mahi ai ahau i tenei, e ai ta te Ariki, ta Ihowa, kia mohio koutou: kia whakama koutou, kia numinumi kau ki o koutou ara, e te whare o Iharaira.
33 ၃၃ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက် အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။
Ko te kupu tenei a te Ariki, a Ihowa; I te ra e purea ai e ahau o koutou he katoa, ka meinga e ahau nga pa kia nohoia, a ka hanga nga ururua.
34 ၃၄ ရှောက်သွားသော သူအပေါင်းတို့၏ မျက် မှောက်၌ စွန့်ပစ်ဘူးသော မြေတွင် တဖန် လယ်လုပ်ကြ လိမ့်မည်။
Na, ko te whenua i takoto kau ra, ka ngakia; he ururua ra hoki i mua ki te titiro a te hunga katoa e tika ana na reira.
35 ၃၅ ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။
A ka korerotia, Ko tenei whenua i takoto kau ra, kua rite ki te kari o Erene; na, ko nga pa kua ururuatia, ko era i takoto kau ra, ko nga mea pakura, kua oti te taiepa, e nohoia ana.
36 ၃၆ ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရ ဘုရားပြုပြင်ကြောင်းကို၎င်း၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို၎င်း၊ သင်တို့ပတ်လည်၌နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါထာဝရ ဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။
Katahi ka mohio nga iwi kua mahue i tetahi taha o koutou, i tetahi taha, kua hanga e ahau, e Ihowa, nga wahi i pakaru, a kua whakatokia e ahau nga wahi kua ururuatia: naku, na Ihowa te kupu, maku ano e mahi.
37 ၃၇ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဘို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားအချင်းတို့ကို များပြားစေမည်။
Ko te kupu tenei a te Ariki, a Ihowa; Tenei ake ka uia tenei ki ahau e te whare o Iharaira, kia meatia ki a ratou; ka tokomaha ratou i ahau, me e mea he kahui te tangata.
38 ၃၈ ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Ka rite ki te kahui mo te whakahere, ki te kahui o Hiruharama i ona hakari nunui; ka pena ano nga pa kua ururuatia, ka kapi i nga kahui tangata; a ka mohio ratou ko Ihowa ahau.