< ယေဇကျေလ 35 >
1 ၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
Og Herrens ord kom til mig, og det lød så:
2 ၂ အချင်းလူသား၊ သင်သည် စိရတောင်တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
Menneskesønn! Vend ditt åsyn mot Se'ir-fjellet og spå mot det!
3 ၃ အိုစိရတောင်၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။
Og du skal si til det: Så sier Herren, Israels Gud: Se, jeg kommer over dig, du Se'ir-fjell, og jeg vil rekke ut min hånd mot dig og gjøre dig til en ørken, en ødemark.
4 ၄ သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက်ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သိရလိမ့်မည်။
Dine byer vil jeg gjøre til grushoper, og du selv skal bli til en ørken, og du skal kjenne at jeg er Herren.
5 ၅ သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုး သားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရ သောကာလအဆုံး၌၊ သူတို့အသက်ကို ထားနှင့် သတ် သောကြောင့်၊
Fordi du bærer på et evig fiendskap og overgav Israels barn i sverdets vold - i deres ulykkes tid, da den misgjerning skjedde som førte til undergang,
6 ၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည်သင့်ကို လိုက်မည်။ အသက် သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။
derfor, så sant jeg lever, sier Herren, Israels Gud, vil jeg gjøre dig til blod, og blod skal forfølge dig; fordi du ikke har hatet blod, skal blod forfølge dig.
7 ၇ ထိုသို့စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။
Jeg vil gjøre Se'ir-fjellet til en ørken, en ødemark, og utrydde av det både den som drar frem, og den som drar tilbake.
8 ၈ သင်၏တောင်တို့ကိုလည်း သင်၏သူရဲအသေ ကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ထားဖြင့် အသေခံရသော သူတို့သည် ရှိကြ လိမ့်မည်။
Jeg vil fylle dets fjell med dets drepte menn; på dine hauger og i dine daler og i alle dine bekker skal det falle menn som er drept ved sverd.
9 ၉ သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှမနေရ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
Til evige ørkener vil jeg gjøre dig, og dine byer skal ikke reise sig igjen, og I skal kjenne at jeg er Herren.
10 ၁၀ သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း၍ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊
Fordi du sa: De to folk og de to land skal bli mine, og vi vil ta dem i eie, enda Herren har vært der,
11 ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည်သူတို့ကို ရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။
derfor vil jeg, så sant jeg lever, sier Herren, Israels Gud, gjøre med dig efter den vrede og avind som du har lagt for dagen i ditt hat mot dem, og jeg skal bli kjent blandt dem når jeg dømmer dig.
12 ၁၂ သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာရဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။
Og du skal kjenne at jeg, Herren, har hørt alle de spottord som du har talt mot Israels fjell, da du sa: De er ødelagt, oss er de gitt til føde.
13 ၁၃ ထိုသို့သင်သည် ငါ့တဘက်၌ဝါကြွား၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။
Og I talte overmodig mot mig med eders munn og brukte mange ord mot mig; jeg har nok hørt det.
14 ၁၄ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။
Så sier Herren, Israels Gud: Mens all jorden gleder sig, vil jeg legge dig øde.
15 ၁၅ ဣသရေလအမျိုးသားတို့ အမွေမြေ ပျက်စီး သည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အိုစိရတောင်၊ သင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီး၍ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Som du gledet dig fordi Israelættens arv blev ødelagt, således vil jeg gjøre mot dig; en ørken skal Se'ir-fjellet og hele, hele Edom bli, og de skal kjenne at jeg er Herren.