< ယေဇကျေလ 35 >

1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
I puta mai ano te kupu a Ihowa ki ahau, i mea,
2 အချင်းလူသား၊ သင်သည် စိရတောင်တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
E te tama a te tangata, anga atu tou mata ki Maunga Heira, poropititia te he mo reira,
3 အိုစိရတောင်၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။
Mea atu hoki ki a ia, Ko te kupu tenei a te Ariki, a Ihowa; Nana, hei hoariri ahau mou, e Maunga Heira, a ka totoro atu toku ringa ki a koe, ka ururua rawa koe i ahau, ka meinga hoki hei miharotanga.
4 သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက်ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သိရလိမ့်မည်။
Ko ou pa ka tuhea i ahau, a hei ururua koe, a ka mohio koe ko Ihowa ahau.
5 သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုး သားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရ သောကာလအဆုံး၌၊ သူတို့အသက်ကို ထားနှင့် သတ် သောကြောင့်၊
No te mea he mauahara mau tonu tou, a kua tukua e koe nga tama a Iharaira ki te kaha o te hoari i te wa o to ratou aitua, i te wa o te he i te mutunga.
6 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည်သင့်ကို လိုက်မည်။ အသက် သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။
Mo reira, e ora ana ahau, e ai ta te Ariki, ta Ihowa, ka mahia koe e ahau hei mea mo te toto, ka whaia ano koe e te toto; kihai na koe i kino ki te toto, na ka whaia koe e te toto.
7 ထိုသို့စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။
Heoi ka meinga e ahau a Maunga Heira hei matakitakinga, hei ururua; a ka hatepea atu e ahau te tangata e tika ana na reira, te tangata ano e hoki mai ana.
8 သင်၏တောင်တို့ကိုလည်း သင်၏သူရဲအသေ ကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ထားဖြင့် အသေခံရသော သူတို့သည် ရှိကြ လိမ့်မည်။
A ka whakakiia e ahau ona maunga ki ona tupapaku: a, ko te hunga e patua ki te hoari, ka hinga ki ou pukepuke, ki ou awaawa, ki ou rerenga wai katoa.
9 သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှမနေရ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
Ka ururua koe i ahau a ake ake; e kore ano ou pa e nohoia, a ka mohio koutou ko Ihowa ahau.
10 ၁၀ သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း၍ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊
Na, kua mea na koe, Ko enei iwi e rua, ko enei whenua e rua moku, mo tatou tonu hoki; i te mea kei reira nei ano a Ihowa;
11 ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည်သူတို့ကို ရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။
Mo reira, e ora ana ahau, e ai ta te Ariki, ta Ihowa, ko taku mahi ka rite ki tou riri, ki tou hae, i hae ai koe i a koe i mauahara ra ki a ratou; a ka whakakitea atu ahau ki a ratou, ina rite i ahau te whakawa mou.
12 ၁၂ သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာရဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။
Na ka mohio koe ko Ihowa ahau, a kua rangona e ahau au kohukohu katoa i korerotia e koe mo nga maunga o Iharaira, i a koe i ki ra, Kua ururua, kua homai hei kai ma tatou.
13 ၁၃ ထိုသို့သင်သည် ငါ့တဘက်၌ဝါကြွား၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။
A kua whakakake mai o koutou mangai ki ahau, kua whakamaha i a koutou kupu moku: kua rongo ahau.
14 ၁၄ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။
Ko te kupu tenei a te Ariki, a Ihowa; A te wa e koa ai te whenua katoa, ka ururua koe i ahau.
15 ၁၅ ဣသရေလအမျိုးသားတို့ အမွေမြေ ပျက်စီး သည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အိုစိရတောင်၊ သင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီး၍ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
I koa na koe ki te kainga o te whare o Iharaira, kua ururua na, ka pena ano ahau ki a koe: ka ururua koe, e Maunga Heira, e Eroma katoa, ae ra, katoa; a ka mohio ratou ko Ihowa ahau.

< ယေဇကျေလ 35 >