< ယေဇကျေလ 32 >
1 ၁ သက္ကရာဇ် တဆယ်နှစ်ခု၊ ဒွါဒသမလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
Kisha ikawa katika mwezi wa kumi na mbili wa mwaka wa kumi na mbili, siku ya kwanza ya mwezi, lile neno la Yahwe likanijia, kusema,
2 ၂ အချင်းလူသား၊ သင်သည်အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည် မှာ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၏။ အိုင်၌ နေသောမိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။
“Mwanadamu, inua maombolezo kuhusu Farao mfalme wa Misri; mwambie, 'Wewe ni kama simba mdogo juu ya mataifa, lakini kama jitu la kutisha, unatoka kwenye maji, unayachafua maji kwa miguu yako na kuyachafua maji yao.
3 ၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့် မည်။
Bwana Yahwe asema hivi: Basi nitautandaza wavu wangu juu yako katika kusanyiko la watu wengi, na watawainua juu katika wavu wangu.
4 ၄ ငါသည် သင့်ကိုကုန်းပေါ်မှာတင်၍ လွင်ပြင်၌ ပစ်ထားမည်။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့် အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည်။
Nitakuacha katika nchi. Nitakutupa kwenye shamba na kufanya ndege wote wa angani watue juu yako; njaa ya wanyama wote waishio juu ya nchi watashibishwa na wewe.
5 ၅ သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည်။
Kwa kuwa nitaiweka nyama yako juu ya milima, na nitayajaza mabonde kwa funza wako waliokufa.
6 ၆ သင်မှ ယိုသော အသွေးဖြင့် မြေကိုတောင်ထိပ် တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည်။
Kisha nitamwaga damu yako juu ya milima, na vitanda vya kijito vitajazwa kwa damu yako.
7 ၇ သင့်ကို ငါဆုံးစေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကို မိုဃ်းအုံ စေ၍ လသည်လည်း အလင်းကို မပေးရ။
Kisha wakati nitakapokuzimisha, nitazifunika mbingu na kuzitia giza nyota zake; nitalifunika jua kwa mawingu, na mwezi hautatoa nuru yake usiku.
8 ၈ သင့်အထက်၊ မိုဃ်းကောင်းကင်၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင် မိုက်နှင့် ဖုံးလွှမ်းမည်။
Mianga ya mbinguni nitaiweka giza juu yako, na nitaweka giza juu ya nchi-hivi ndivyo asemavyo Bwana Yahwe.
9 ၉ သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့ တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြာစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။
Hivyo nitaitisha mioyo ya watu wengi katika nchi ambao huwajui, wakati nitakapoleta kuhusu uvunjifu miongoni mwa mataifa, miongoni mwa nchi ambazo hukuzijua.
10 ၁၀ အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများ တို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ ရှေ့မှာ ထားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှု ကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသော နေ့၌သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
Nitawashangaza watu wengi kuhusiana na wewe; wafalme wao watatetemeka kwa hofu kuhusiana na wewe nitakapoutikisa upanga wangu mbele yao. Kila wakati kila mmoja atatetemeka kwa sababu yako, katika siku ya kuanguka kwako.
11 ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထားသည် သင့်အပေါ်သို့ ရောက် လိမ့်မည်။
Kwa kuwa Bwana Yahwe asema hivi: Upanga wa mfalme wa Babeli utakuja juu yako.
12 ၁၂ ခွန်အားကြီးသောသူ၊ ကြောက်မက်ဘွယ်သော လူမျိုး အပေါင်းတို့ဖြင့် သင်၏အလုံးအရင်းကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ၍၊ ပြည်သား အလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည်။
Nitawafanya watu wako kuanguka kwa panga za mashujaa-kila shujaa ni tishio la mataifa. Hawa mashujaa watateketeza kiburi cha Misri na kuangamiza watu wake wote.
13 ၁၃ များစွာသော ရေအနားမှာ ကျက်စားသမျှသော တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည်။ နောက်တဖန် လူခြေနှင့် တိရစ္ဆာန်ခြေသည် ထိုရေကို မနောက်စေရ။
Kwa kuwa nitaiharibu mifugo yote kutoka karibu na maji mengi; na mguu wa mtu hautayatibua tena, wala kwato za wanyama hazitayatibua.
14 ၁၄ ထိုရေကို ငါကြည်စေ၍ မြစ်ရေသည် ဆီကဲ့သို့ စီးစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Kisha nitayafanya maji yao kuwa matulivu na kufanya mito yao kukimbia kama mafuta-hivi ndivyo asemavyo Bwana Yahwe.
15 ၁၅ ငါသည် အဲဂုတ္တုပြည်၌ ဥစ္စာရှိသမျှကို ကုန်စေ ခြင်းငှါ သုတ်သင်ပယ်ရှင်း၍၊ ပြည်သူပြည်သား အပေါင်း တို့ကို ဒဏ်ခတ်သောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
Wakati nitakapoifanya nchi ya Misri sehemu iliyojitenga, wakati nchi iliyopungukiwa na vitu viijazavyo, wakati nitakapo washambulia wakaao ndani yake, watajua yakwamba mimi ni Yahwe.
16 ၁၆ ဤရွေ့ကား၊ အဲဂုတ္တုပြည်အတွက် ပြုရသော မြည်တမ်းခြင်းတည်း။ အမျိုးမျိုးသော သတို့သမီးတို့ သည်လည်း မြည်တမ်း၍၊ အဲဂုတ္တုပြည်နှင့် ပြည်သား အလုံးအရင်းရှိသမျှတို့အတွက် မြည်တမ်းကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Kutakuwa na maombolezo; binti za mataifa wataomboleza juu yake; wataomboleza juu ya Misri, juu ya watu wake wote wataomboleza-hivi ndivyo Bwana Yahwe asemavyo.”'
17 ၁၇ သက္ကရာဇ် တဆယ်နှစ်၊ ပဌမလတဆယ်ငါးရက် နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
Kisha ikawa katika mwaka wa kumi na mbili, siku ya kumi na tano ya mwezi, lile neno la Yahwe likanijia, kusema,
18 ၁၈ အချင်းလူသား၊ အဲဂုတ္တုပြည်သားအလုံးအရင်း အတွက် မြည်တမ်းခြင်းကို ပြုလော့။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နေရာ မြေအောက်အရပ်သို့ တိုင် အောင်၊ ကျော်စောသောလူမျိုးသတို့သမီးတို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ၊
“Mwanadamu, omboleza kwa ajili watu wa misri na walete chini-yeye na binti za mataifa mashuhuri-hata chini ya dunia pamoja na wale walioshuka chini kwenye shimo.
19 ၁၉ သင်သည် သူတပါးထက်သာ၍လှသလော။ အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာကျလော့။
'Je! wewe ni mzuri zaidi kuliko mtu mwingine yeyote? Nenda chini na lala chini pamoja na wasiotahiriwa.'
20 ၂၀ ထားဘေး၌ အပ်သည်ဖြစ်၍၊ ထားဖြင့်သေသော သူတို့နှင့်အတူ လဲ၍သေရသောကြောင့်၊ သူကိုယ်တိုင်မှ စ၍ သူ၏ လူအလုံးအရင်းရှိသမျှတို့ကို ဆွဲကြလော့။
Wataanguka miongoni mwao waliokuwa wameuawa kwa upanga. Upanga ulikuwa umewekwa! Alikuwa amepatiwa upanga; watamkamata na watu wake.
21 ၂၁ ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏာ နိုင်ငံထဲက သူနှင့် သူ၏အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့် မည်။ သူတို့သည်လည်း ဆင်းသွားကြပြီ။ ထားနှင့်သေ၍၊ အရေဖျားလှီးခြင်းမခံသော အဖြစ်၌လဲနေလျက် ရှိကြ၏။ (Sheol )
Hodari wa wapiganaji katika Sheoli atasema kuhusu Misri na rafiki zake, 'Wameshuka chini hapa! Watalala pamoja na wasiotahiriwa, pamoja na wale waliokuwa wameuawa kwa upanga.' (Sheol )
22 ၂၂ ထိုအရပ်၌ အာရှုရနှင့်သူ၏ လူအလုံးအရင်း အပေါင်းလည်း ရှိကြ၏။ သူတို့သည် ထားဖြင့်သေ၍ လဲနေလျက်၊ ပတ်လည်အရပ်ရပ်တို့၌ သူတို့သင်္ချိုင်းများ ရှိကြ၏။
Ashuru yupo huko pamoja na kusanyiko lake. Makaburi yake yamemzunguka; wote waliuawa kwa upanga.
23 ၂၃ ထိုသင်္ချိုင်းတို့သည် ဥမင်းအတွင်း အနာမှာ စီးလျက်၊ မင်းသင်္ချိုင်း၌ ပတ်လည်ခြံရံလျက် ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကို ကြောက် စေတတ်သောသူဖြစ်သော်လည်း၊ ထိုသူရှိသမျှတို့သည် ထားဖြင့်သေ၍လဲနေကြ၏။
Wale ambao makaburi yao yamewekwa katika maficho ya mashimo yaliyo huko, pamoja na kusanyiko lake. Makaburi yake yakiwazunguka wote waliokuwa wameuawa, walioanguka kwa upanga, wale walioleta hofu juu ya nchi ya walio hai.
24 ၂၄ ထိုအရပ်၌ ဧလံနှင့်သူ၏ သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်းရှိသမျှတို့သည် ထားဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကို ကြောက်စေတတ်သော်လည်း၊ အရေဖျားလှီး ခြင်းကိုမခံသော လူဖြစ်၍မြေအောက်အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့် အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျ ကြ၏။
Elamu yupo huko pamoja na watu wake wote. Makaburi yake yamemzunguka; wote walikuwa wameuawa. Wale walioawa kwa upanga, walioshuka chini wasiotahiriwa hata sehemu ya chini kabisa ya dunia, waliowatia hofu juu ya nchi ya walio hai na wale waliobeba aibu yao wenyewe, pamoja na wale washukao chini kwenye shimo.
25 ၂၅ မိမိအလုံးအရင်းနှင့် အိပ်၍သူတို့ သင်္ချိုင်းတွင်း တို့သည် ပတ်လည်၌ ရှိကြ၏။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ထားခြင့် သေကြ ၏။ အသက်ရှင်သောသူတို့၏ နေရာ၌သူတပါးကို ကြောက်စေတတ်သော်လည်း၊ မြေတွင်းထဲသို့ ဆင်သွား သော သူတို့နှင့်အတူ အရှက်ကွဲသဖြင့်၊ သေသောသူတို့နှင့် အတူ နေရာကျကြ၏။
Wamemuwekea kitanda kwa ajili ya Elamu na watu wake wote kati ya wachinjaji; kaburi lake limemzunguka. Wote hawajatahiriwa, kukatwa vipande kwa upanga, kwa sababu waliwaleta mashujaa wao juu ya nchi ya walio hai. Hivyo wamechukua aibu yao wenyewe, pamoja na wale washukao kwenye shimo miongoni mwa wote waliouawa, wale washukao kwenda shimoni. Elamu yu miongoni mwa wale waliokuwa wameuawa.
26 ၂၆ ထိုအရပ်၌ မိမိအလုံးအရင်းရှိသမျှတို့နှင့်အတူ မေရှက်လည်း ရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်း တို့သည် ပတ်လည်၌ရှိကြ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ သူတပါးကိုကြောက်စေတတ်သော်လည်း ထိုသူ ရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်၍ ထားဖြင့် သေလျက်နေကြ၏။
Mesheki, Tubali, na watu wake wote wako huko! Makaburi yao yamewazunguka. Wote hawajatahiriwa, wameuawa kwa upanga, kwa sababu walileta utiisho wao juu ya nchi ya walio hai.
27 ၂၇ သူတို့သည် ရှေးကာလ၌ လဲ၍သေသော၊ အရေ ဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့်အတူ အိပ်၍ နေရကြလိမ့်မည်မဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့၏ နေရာ၌ လူကြီးတို့ကို ကြောက် သေတတ်သော်လည်း၊ စစ်တိုက်လက်နက်ပါလျက် မရဏာနိုင်ငံထဲသို့ဆင်းသွား၍၊ မိမိထားကို မိမိ ခေါင်းအောက်မှာ ထားလျက်၊ မိမိတို့အရိုးပေါ်မှာ မိမိတို့ အပြစ်တည်လျက် ရှိကြ၏။ (Sheol )
Wasilale pamoja mashujaa walioanguka wa wasiotahiriwa walioshuka chini kwa Sheoli pamoja na silaha zao zote za vita, na pamoja na panga zao zote walizoziweka chini ya vichwa vyao na maovu yao juu ya mifupa yao. Kwa kuwa walikuwa tishio kwa mashujaa katika nchi ya walio hai. (Sheol )
28 ၂၈ သင်သည်လည်း၊ အရေဖျားလှီးခြင်းကိုမခံသော လူတို့အလယ်၌ ကျိုးပျက်၍၊ ထားဖြင့်သေသော သူတို့နှင့် အတူ လဲလျက်နေရလိမ့်မည်။
Basi wewe, Misri, utavunjika kati yao wasiotahiriwa! Utalala karibu nao waliokuwa wamekatwa vipande vipande kwa upanga.
29 ၂၉ ထိုအရပ်၌ ဧဒုံလည်းရှိ၏။ ဧဒုံရှင်ဘုရင်နှင့် မှူးတော် မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက်၊ ထားဖြင့်သေသော သူတို့နှင့်အတူ နေရာကျ၍၊ အရေဖျား လှီးခြင်းကို မခံသောလူ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ၏။
Edomu yuko huko na wafalme na viongozi wake wote. Walikuwa wamehifadhiwa katika uwezo wao pamoja na wale walioawa kwa upanga. Pamoja na wasiotahiriwa wamelala, pamoja na wale walioshuka kwenye shimo.
30 ၃၀ ထိုအရပ်၌ မြောက်ပြည်မင်း၊ ဇိဒုန်မင်းအပေါင်း တို့သည် ရှိကြ၏။ ကိုယ်တန်ခိုးကို ရှက်လျက်၊ ထိတ်လန့် လျက် သေသောသူတို့နှင့်အတူ ဆင်းသွားကြပြီ။ ထားဖြင့် သေသောသူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသော လူဖြစ်၍ အိပ်ကြ၏။ မြေတွင်းထဲသို့ ဆင်းသက်သော သူတို့နှင့်အတူ အရှက်ကွဲလျက် နေကြ၏။
Wakuu wa kaskazini wako huko-wote na Wasidoni wote walioshuka chini pamoja na hao waliokuwa wamekatwa vipande vipande. Walikuwa na nguvu na kuwafanya wengine kuogopa, lakini sasa wako huko kwa aibu, wasiotahiriwa pamoja na wale waliokatwa vipande vipande kwa upanga. Wamebeba aibu yao wenyewe, pamoja nao waendao kwenye shimo.
31 ၃၁ ဖါရောဘုရင်သည် ထိုလူများကိုမြင်၍၊ ထားဖြင့် သေသော မိမိလူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သော စိတ်လျော့၍၊ ဖာရောဘုရင်နှင့် မိမိဗိုလ်ခြေ အပေါင်းတို့သည် သက်သာကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရား မိန့်တော်မူ၏။
Farao ataona na kupata faraja kuhusu kundi lake waliokatwa vipande vipande kwa upanga -Farao na jeshi lake lote-hivi ndivyo Bwana Yahwe asemavyo.
32 ၃၂ အသက်ရှင်သော သူတို့၏နေရာ၌ သူသည် သူတပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော် လည်း၊ ဖာရောဘုရင်နှင့် သူ၏လူအလုံးအရင်းရှိသမျှ တို့သည် ထားဖြင့် သေသောလူတို့အလယ်၌ လဲ၍ နေကြလိမ့်မည်ဟု အရှင်ဘုရားမိန့်တော်မူ၏။
Natamuweka kama utiisho wangu katika nchi ya walio hai, lakini atakuwa amelazwa chini katikati yao wasiotahiriwa, miongoni mwa wale walio katwa vipande kwa upanga, Farao na makundi yake yote-hivi ndivyo Bwana Yahwe asemavyo.