< ယေဇကျေလ 31 >

1 သက္ကရာဇ် တဆယ်တခု၊ တတိယလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
And it comes to pass, in the eleventh year, in the third [month], on the first of the month, a word of YHWH has been to me, saying,
2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအား ဟောပြောရမည် မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။
“Son of man, say to Pharaoh king of Egypt, and to his multitude: To whom have you been like in your greatness?
3 အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသော အကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ်၏။
Behold, Asshur, a cedar in Lebanon, Beautiful in branch, and shading bough, and high in stature, And its foliage has been between thickets.
4 မြစ်ရေ၏ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲ သောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တော ပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။
Waters have made it great, The deep has exalted him with its flowings, Going around its planting, And it has sent forth its conduits to all trees of the field.
5 ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသော ကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။
Therefore his stature has been higher than all trees of the field, And his boughs are multiplied, and his branches are long, Because of many waters in his shooting forth.
6 မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက်၌သာ ဘွားကြ၏။ ထိုအပင်၏ အရပ်၌ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ၏။
Every bird of the heavens has made a nest in his boughs, And every beast of the field has brought forth under his branches, And all great nations dwell in his shade.
7 ထိုသို့ ရေများသောအရပ်၌ အမြစ်စွဲသော ကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။
And he is beautiful in his greatness, In the length of his thin shoots, For his root has been by great waters.
8 ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့ သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရူးပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့်မပြည့်စုံကြ။ ဘုရားသခင်၏ ဥယျာဉ်တော်၌ သစ်ပင်တပင်မျှ ထိုအပင် ကဲ့သို့ အဆင်းမလှ။
Cedars have not hid him in the garden of God, Firs have not been like to his boughs, And plane-trees have not been as his branches, No tree in the garden of God has been like to him in his beauty,
9 ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ် တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူ သည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။
I have made him beautiful in the multitude of his thin shoots, And all trees of Eden that [are] in the garden of God envy him.
10 ၁၀ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသော ကြောင့်၊
Therefore, thus said Lord YHWH: Because that you have been high in stature, And he yields his foliage between thickets, And his heart is high in his haughtiness,
11 ၁၁ လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သော သူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။
I give him into the hand of a god of nations, He deals severely with him, In his wickedness I have cast him out.
12 ၁၂ ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့သည် သူ့ကို ခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက် တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်း တို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။
And strangers cut him off, The terrible of nations, and they leave him, His thin shoots have fallen on the mountains and in all valleys, And his boughs are broken at all streams of the land, And all peoples of the land go down from his shade, and they leave him.
13 ၁၃ မိုဃ်းကောင်းကင်ငှက်နှင့် တောတိရစ္ဆာန် အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့ အပေါ် မှာ နေရကြ၏။
Every bird of the heavens dwells on his ruin, And all beasts of the field have been on his boughs,
14 ၁၄ အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ် ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်း တည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေ အောက်အရပ်သို့၎င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ။
In order that none of the trees of the waters May become haughty because of their stature, Nor give their foliage between thickets, Nor any drinking waters stand up to them in their haughtiness, For all of them are given up to death, To the lower earth, In the midst of the sons of men, To those going down to the pit.
15 ၁၅ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွားသော ရေကို ချုပ်ထား၏။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ၏။ (Sheol h7585)
Thus said Lord YHWH: I have caused mourning in the day of his going down to Sheol, I have covered the deep over him, and diminish its flowings, And many waters are restrained, And I make Lebanon black for him, And all trees of the field [have been] a covering for him. (Sheol h7585)
16 ၁၆ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။ (Sheol h7585)
I have caused nations to shake at the sound of his fall, In My causing him to go down to Sheol, With those going down to the pit, And all trees of Eden are comforted in the lower earth, The choice and good of Lebanon—All drinking waters. (Sheol h7585)
17 ၁၇ ထိုသူနှင့်တကွ သူ့လက်ရုံဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံရသော သူတို့ နေရာ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ၏။ (Sheol h7585)
Those with him have also gone down to Sheol, To the pierced of the sword, And—his arm—they dwelt in his shade in the midst of nations. (Sheol h7585)
18 ၁၈ သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင် သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေးဖျားလှီးခြင်းကို မခံသောလူ၊ ထားဖြင့်အသေခံရသောသူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
To whom have you been thus like, In glory and in greatness among the trees of Eden? And you have been brought down with the trees of Eden, To the lower earth, You lie in the midst of the uncircumcised, With the pierced of the sword. This [is] Pharaoh, and all his multitude, A declaration of Lord YHWH!”

< ယေဇကျေလ 31 >