< ယေဇကျေလ 28 >
1 ၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
2 ၂ အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
၂ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
3 ၃ သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည် တကား။ သင်မသိရအောင် သူတပါးဝှက်ထားနိုင်သော အရာ တစုံတခုမျှမရှိ။
၃မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။-
4 ၄ ကိုယ်ဥာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။
၄သင်သည်အသိပညာ၊ အတတ်ပညာဖြင့် ရွှေ၊ ငွေဘဏ္ဍာပေါများကြွယ်ဝလာ၏။-
5 ၅ ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။
၅ကုန်သွယ်မှုတွင်လည်းကျွမ်းကျင်သည့် အတွက်အမြတ်အစွန်းများကိုဆက်ကာ ဆက်ကာရရှိနေခဲ့၏။ သင်သည်မိမိ၏ စည်းစိမ်ချမ်းသာကိုဂုဏ်ယူဝါကြွားပါ သည်တကား။''
6 ၆ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့်၊
၆``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား သင်သည်မိမိကိုယ်ကို ဘုရားကဲ့သို့ပညာရှိသည်ဟုထင်မှတ် သဖြင့်၊-
7 ၇ ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ ပညာဂုဏ်ကို ထားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည်။
၇ငါသည်သနားညှာတာမှုကင်းခဲ့သည့် တိုင်းတစ်ပါးသားတို့အား သင့်ကိုတိုက်ခိုက် ရန်ခေါ်ဆောင်ခဲ့မည်။ အသိပညာနှင့်အလှ အပအားဖြင့် သင်စုဆောင်းထားသမျှသော ပစ္စည်းဥစ္စာတို့ကိုသူတို့သည်ဖျက်ဆီးပစ် ကြလိမ့်မည်။-
8 ၈ သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည်။
၈သင့်ကိုလည်းတွင်းထဲသို့ဆွဲချ၍ ရေသင်္ချိုင်း တွင်အသက်ဆုံးရှုံးလိမ့်မည်။-
9 ၉ သင့်အသက်ကို သတ်သော သူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက် ဖြစ်လျက် နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။
၉သင့်ကိုသတ်မည့်သူတို့ရှေ့တွင် သင်သည် ဘုရားဖြစ်သည်ဟုဆိုဦးမည်လော။ သူတို့ သင့်ကိုသတ်ရန်လာကြသောအခါ သင်သည် ဘုရားမဟုတ်တော့ဘဲလူသားမျှသာဖြစ် ရပေတော့အံ့။-
10 ၁၀ အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၀သင်သည်လူမျိုးခြားတို့၏လက်တွင်အရေ ဖျားလှီးမင်္ဂလာမခံရသေးသူကဲ့သို့ သေ ရပေလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရား၏အမိန့်တော်ပင်တည်း'' ဟုမိန့်တော် မူ၏။
11 ၁၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၁၁တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ် တော်သည် ငါ့ထံသို့ရောက်လာ၏။-
12 ၁၂ အချင်းလူသား၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏။
၁၂ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် တွေ့ကြုံရမည့်ကံကြမ္မာအတွက်ဝမ်းနည်း ပူဆွေးလော့။ ငါအရှင်ဘုရားအဘယ်သို့ မိန့်တော်မူသည်ကိုသူ့အားဆင့်ဆိုရမည် မှာသင်သည်အခါတစ်ပါးကခြောက်ပြစ် ကင်းစံတင်ထိုက်သူဖြစ်ခဲ့ဖူး၏။ သင်သည် အလွန်ပညာရှိ၍အဆင်းလှသူဖြစ်ခဲ့ ပါသည်တကား။-
13 ၁၃ ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။
၁၃ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
14 ၁၄ သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။
၁၄ငါသည်သင့်ကိုအစောင့်ကောင်းကင်တမန် တစ်ပါးအဖြစ်ဘိသိက်ပေး၏။ သင်သည် ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော် ပေါ်တွင်နေ၍ အရောင်လက်သောကျောက် မျက်ရတနာများအလယ်တွင်သွားလာ ရ၏။-
15 ၁၅ ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။
၁၅သင်မွေးဖွားချိန်မှအစပြု၍ဒုစရိုက် ကိုစတင်ပြုကျင့်ချိန်အထိ သင်၏အပြု အမူများသည်အဘယ်သို့မျှအပြစ်ဆို စရာမရှိ။-
16 ၁၆ သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့်၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည်။
၁၆သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
17 ၁၇ သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေ ကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
၁၇သင်သည်မိမိ၏အဆင်းကြောင့်ဂုဏ်ယူဝါ ကြွားကာ မိမိ၏ဂုဏ်သတင်းကြောင့်လူမိုက် ကဲ့သို့ပြု၏။ သို့ဖြစ်၍ငါသည်သင့်ကိုမြေ တိုင်အောင်နှိမ့်ချ၍ အခြားဘုရင်များအား သတိပေးသည့်စံနမူနာဖြစ်စေမည်။-
18 ၁၈ သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။
၁၈သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။-
19 ၁၉ သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင်၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။
၁၉သင်သည်ဆုံးပါးလေပြီ။ ထာဝစဉ်ဆုံးပါး လေပြီ။ သင့်ကိုသိရှိခဲ့ကြသောလူမျိုး အပေါင်းတို့သည် သင်၏ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရကြမည်ကိုစိုးရိမ်ကြောက်လန့် လျက်နေကြ၏'' ဟုမိန့်တော်မူ၏။
20 ၂၀ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၂၀ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
21 ၂၁ အချင်းလူသား၊ သင်သည် ဇိဒုန်မြို့တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
၂၁``အချင်းလူသားဇိဒုန်မြို့ဘက်သို့လှည့်၍ ထိုမြို့ကိုရှုတ်ချလော့။-
22 ၂၂ အရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။
၂၂ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
23 ၂၃ သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏ လမ်းတို့၌ ထားဘေးကို၎င်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
၂၃ငါသည်သင်၏ထံသို့ကပ်ရောဂါများကို စေလွှတ်မည်။ သင်၏လမ်းများတွင်သွေးချောင်း စီးစေမည်။ သင်သည်ဝိုင်းရံတိုက်ခိုက်ခြင်း ကိုခံရ၍ သင်၏လူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
24 ၂၄ ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၍နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင်၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၄ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
25 ၂၅ တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။
၂၅အရှင်ထာဝရဘုရားက``ကွဲလွင့်လျက် နေရာနိုင်ငံများမှ ဣသရေလအမျိုးသား တို့အားတစ်ဖန်ပြန်၍ငါစုသိမ်းမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူ မျိုးတကာတို့သိရှိကြလိမ့်မည်။ ဣသ ရေလအမျိုးသားတို့သည်မိမိတို့ကိုယ် ပိုင်ပြည်၊ ငါ၏အစေခံယာကုပ်အားငါ ပေးအပ်သည့်ပြည်၌နေရကြလိမ့်မည်။-
26 ၂၆ ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌ နေ၍မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ ဘုရားသခင် ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၆သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။