< ယေဇကျေလ 27 >
1 ၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
E la parola dell’Eterno mi fu rivolta in questi termini:
2 ၂ အချင်းလူသား၊ တုရုမြို့အတွက် မြည်တမ်းခြင်း ကိုပြု၍၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ၊
“E tu, figliuol d’uomo, pronunzia una lamentazione su Tiro,
3 ၃ အိုပင်လယ်ဝ၌ တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဘို့ ကုန်သွယ်တတ်သောမြို့၊ သင့် ကို အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။
e di’ a Tiro che sta agli approdi del mare, che porta le mercanzie de’ popoli a molte isole: Così parla il Signore, l’Eterno: O Tiro, tu dici: Io sono di una perfetta bellezza.
4 ၄ သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေ ခြင်းငှါ ပြုကြပြီ။
Il tuo dominio è nel cuore dei mari; i tuoi edificatori t’hanno fatto di una bellezza perfetta;
5 ၅ သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရူး သစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဘို့ လေဗနန်အာရဇ်ပင် တို့ကို ယူကြပြီ။
hanno costruito di cipresso di Senir tutte le tue pareti; hanno preso dei cedri del Libano per fare l’alberatura delle tue navi;
6 ၆ ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို၎င်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်တို့ကို၎င်း လုပ်ကြပြီ။
han fatto i tuoi remi di quercia di Bashan, han fatto i ponti del tuo naviglio d’avorio incastonato in larice, portato dalle isole di Kittim.
7 ၇ အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက် တို့ကို ဖြန့်၍၊ ဧလိရှကျွန်းတို့မှယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့် လုပ်သောမျက်နှာကြက်နှင့် ပြည့်စုံ၏။
Il lino fino d’Egitto lavorato in ricami, t’ha servito per le tue vele e per le tue bandiere; la porpora e lo scarlatto delle isole d’Elisha formano i tuoi padiglioni.
8 ၈ ဇိဒုန်မြို့သား၊ အာဝဒ်မြို့သားတို့သည် သင်္ဘော သားဖြစ်၍၊ တုရုပညာရှိတို့သည်လမ်းပြမာလိန်ဖြစ်ကြ၏။
Gli abitanti di Sidon e d’Arvad sono i tuoi rematori; i tuoi savi, o Tiro, sono in mezzo a te; son dessi i tuoi piloti.
9 ၉ ဂေဗလလူကြီး၊ ပညာရှိတို့သည် သင့်ကို ပြုပြင် လျက်လိုက်ကြ၏။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ် ခြင်းငှါ ပါကြ၏။
Tu hai in mezzo a te gli anziani di Ghebel e i suoi savi, a calafatare le tue falle; in te son tutte le navi del mare coi loro marinai, per far lo scambio delle tue mercanzie.
10 ၁၀ ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှား စေကြ၏။
Dei Persiani, dei Lidi, dei Libi servono nel tuo esercito; son uomini di guerra, che sospendono in mezzo a te lo scudo e l’elmo; sono la tua magnificenza.
11 ၁၁ အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့ နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေ ကြ၏။
I figliuoli d’Arvad e il tuo esercito guarniscono d’ogn’intorno le tue mura, e degli uomini prodi stanno nelle tue torri; essi sospendono le loro targhe tutt’intorno alle tue mura; essi rendon perfetta la tua bellezza.
12 ၁၂ သင်၌ကုန်သွယ်ရန် ဥစ္စာများသောကြောင့်၊ တာရှုမြို့သည်ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ၏။
Tarsis traffica teco con la sua abbondanza d’ogni sorta di ricchezze; fornisce i tuoi mercati d’argento, di ferro, di stagno e di piombo.
13 ၁၃ ယာဝန်မြို့၊ တုဗလမြို့။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။
Javan, Tubal e Mescec anch’essi traffican teco; dànno anime umane e utensili di rame in scambio delle tue mercanzie.
14 ၁၄ တောဂါမအမျိုးသားတို့သည်မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
Quelli della casa di Togarma pagano le tue mercanzie con cavalli da tiro, con cavalli da corsa, e con muli.
15 ၁၅ ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ် ကြ၏။ များစွာသော တကျွန်းတနိုင်ငံ အရပ်သားတို့သည် သင်လုပ်သော ဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သား နက်ကို ပြန်ပေးကြ၏။
I figliuoli di Dedan trafficano teco; il commercio di molte isole passa per le tue mani; ti pagano con denti d’avorio e con ebano.
16 ၁၆ သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ဗြာသောအထည်၊ ချယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
La Siria commercia con te, per la moltitudine de’ suoi prodotti; fornisce i tuoi scambi di carbonchi, di porpora, di stoffe ricamate, di bisso, di corallo, di rubini.
17 ၁၇ ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကို သင့်ဈေး၌ သွင်းကြ၏။
Giuda e il paese d’Israele anch’essi trafficano teco, ti dànno in pagamento grano di Minnith, pasticcerie, miele, olio e balsamo.
18 ၁၈ ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖယ်လှယ်လျက် ဖေါက်ကားတတ်၏။
Damasco commercia teco, scambiando i tuoi numerosi prodotti con abbondanza d’ogni sorta di beni, con vino di Helbon e con lana candida.
19 ၁၉ ဝေဒန်မြို့နှင့်ယာဝန်ပြည် ဥဇာလမြို့သည် လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့၍၊ သင့်ဈေး၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ၏။
Vedan Javan d’Uzzal provvedono i tuoi mercanti; ferro lavorato, cassia, canna aromatica, sono fra i prodotti di scambio.
20 ၂၀ ဒေဒန်မြို့သည် မြင်းစီးသူရဲ သုံးစရာချောသော အထည်မျိုးကို ရောင်း၍သင်နှင့်ကုန်သွယ်၏။
Dedan traffica teco in coperte da cavalcatura.
21 ၂၁ အာရပ်ပြည်နှင့် ကေဒါမင်း အပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှါ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖယ်လှယ်၍ ကုန်သွယ်ကြ၏။
L’Arabia e tutti i principi di Kedar fanno commercio teco, trafficando in agnelli, in montoni, e in capri.
22 ၂၂ ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဘိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကိုသင့်ဝိုင်း၌ သွင်းကြ၏။
I mercanti di Sceba e di Raama anch’essi trafficano teco; provvedono i tuoi mercati di tutti i migliori aromi, d’ogni sorta di pietre preziose, e d’oro.
23 ၂၃ ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်။ ခိလမဒ်ကုန်သည်တို့ လည်း၊ သင်နှင့်ကုန်သွယ်၍၊
Haran, Canné e Eden, i mercati di Sceba, d’Assiria, di Kilmad, trafficano teco;
24 ၂၄ ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ချယ် လှယ်သောအထည်၊ အဘိုးထိုက်သော အဝတ်တန်ဆာ ပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ ကုန်ထဲသို့သွင်းကြ၏။
trafficano teco in oggetti di lusso, in mantelli di porpora, in ricami, in casse di stoffe preziose legate con corde, e fatte di cedro.
25 ၂၅ တာရှုသင်္ဘေားတို့သည် သင်၏ကုန်ကို ဆောင် လျက်သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။
Le navi di Tarsis son la tua flotta per il tuo commercio. Così ti sei riempita, e ti sei grandemente arricchita nel cuore dei mari.
26 ၂၆ ယခုမူကား၊ သင်၏တက်ခတ်သားတို့သည် သင့်ကိုကြီးစွာသော ရေထဲသို့ဆောင်သွား၍၊ အရှေ့လေ သည်လည်း ပင်လယ်အလယ်၌ ချိုးလေ ပြီ။
I tuoi rematori t’han menata nelle grandi acque; il vento d’oriente s’infrange nel cuore de’ mari.
27 ၂၇ သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘော သား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်းပါသမျှတို့သည် ပင်လယ်အလယ်၌ ကျရကြလိမ့်မည်။
Le tue ricchezze, i tuoi mercati, la tua mercanzia, i tuoi marinai, i tuoi piloti, i tuoi calafati, i tuoi negozianti, tutta la tua gente di guerra ch’è in te, e tutta la moltitudine ch’è in mezzo a te, cadranno nel cuore de’ mari, il giorno della tua rovina.
28 ၂၈ သင်၏လမ်းပြမာလိန်တို့ အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။
Alle grida de’ tuoi piloti, i lidi tremeranno;
29 ၂၉ တက်ခတ်သော သူအပေါင်းတို့သည် သင်္ဘောမှ ဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြမာလိန် အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊
e tutti quelli che maneggiano il remo, e i marinai e tutti i piloti del mare scenderanno dalle loro navi, e si terranno sulla terra ferma.
30 ၃၀ သင့်အဘို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့် မည်။ မြေမှုန်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ပြာ၌ လူးကြလိမ့်မည်။
E faranno sentir la lor voce su di te; grideranno amaramente, si getteranno della polvere sul capo, si rotoleranno nella cenere.
31 ၃၁ ဆံပင်ကိုလည်း ဖြတ်၍လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ညှိုးငယ်သောစိတ်နှင့် သင့်အဘို့ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား၊
A causa di te si raderanno il capo, si cingeranno di sacchi; per te piangeranno con amarezza d’animo, con cordoglio amaro;
32 ၃၂ ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။
e, nella loro angoscia, pronunzieranno su di te una lamentazione, e si lamenteranno così riguardo a te: Chi fu mai come Tiro, come questa città, ora muta in mezzo al mare?
33 ၃၃ သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြား သောဥစ္စာ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။
Quando i tuoi prodotti uscivano dai mari, tu saziavi gran numero di popoli; con l’abbondanza delle ricchezze e del tuo traffico, arricchivi i re della terra.
34 ၃၄ ယခုမူကား၊ သင်သည် ပင်လယ်၌၎င်း၊ သင့် ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌၎င်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူအပေါင်းတို့သည် ဆုံးရှုံကြပြီ။
Quando sei stata infranta dai mari, nelle profondità delle acque, la tua mercanzia e tutta la moltitudine ch’era in mezzo di te, sono cadute.
35 ၃၅ ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် သင်အမှု ကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာ ပျက်လျက် ကြက်သီးမွေးညှင်းထကြ၏။
Tutti gli abitanti delle isole sono sbigottiti a causa di te; i loro re son presi da orribile paura, il loro aspetto è sconvolto.
36 ၃၆ အမျိုးမျိုးသောကုန်သည်တို့သည် သင့်အား ကဲ့ရဲ့သံကို ပြုကြ၏။ သင်သည် ကြောက်မက်ဘွယ်ဖြစ် လေပြီတကား။ နောက်တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ၏။
I mercanti fra i popoli fischiano su di te; sei diventata uno spavento, e non esisterai mai più!”