< ယေဇကျေလ 23 >

1 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း​လူ သား၊ အ​ခါ​တစ်​ပါး​က​ညီ​အစ်​မ​နှစ်​ယောက် ရှိ​၏။-
2 အချင်းလူသား၊ အမိမကွဲပြားသော ညီအစ်မ နှစ်ယောက်ရှိ၏။
3 သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသော မေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏ သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။
သူ​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က အီ​ဂျစ် ပြည်​၌​နေ​ထိုင်​စဉ် ရင်​သား​ကို​ပွတ်​နယ်​ခံ​ရ လျက်​အ​ပျို​ရည်​ပျက်​၍​ပြည့်​တန်​ဆာ​များ ဖြစ်​သွား​ကြ​၏။-
4 အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဘွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍၎င်း၊ အဟောလိဗအမည်သည် ယေရုရှလင် ဟူ၍ ၎င်းဆိုလိုသတည်း။
အစ်​မ​ဖြစ်​သူ​သည်​အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ​ဟု​နာ​မည်​တွင်​၏။ (အ​ဟော​လ သည်​ရှ​မာ​ရိ​မြို့​ကို​သ​ရုပ်​ဆောင်​၍​အ​ဟော လိ​ဗ​က​ယေ​ရု​ရှ​လင်​မြို့​ကို​သ​ရုပ်​ဆောင်​၏။) ငါ​သည်​သူ​တို့​နှစ်​ဦး​စ​လုံး​နှင့်​ထိမ်း​မြား မင်္ဂ​လာ​ပြု​၍​သူ​တို့​နှင့်​သား​သ​မီး​များ​ကို ရ​၏။-
5 အဟောလသည် ငါ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရားသော မေထုန်ကိုပြု၏။
အ​ဟော​လ​သည်​ငါ​၏​ဇ​နီး​ပင်​ဖြစ်​သော်​လည်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​ဆက်​၍​လုပ်​ကာ အာ​ရှု​ရိ ပြည်​မှ​သူ​၏​ချစ်​သူ​စစ်​သူ​ရဲ​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။-
6 မိမိရည်းစားတည်းဟူသော၊ ပြာသောအဝတ်ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက် ၏။
ထို​သူ​တို့​သည်​မ​ရမ်း​စေ့​ရောင်​ဆင်​တူ​ဝတ်​စုံ များ​ကို​ဝတ်​ဆင်​သူ​စစ်​သူ​ရဲ​များ၊ မှူး​မတ် များ​နှင့်​အ​ထက်​တန်း​အ​ရာ​ရှိ​များ​ဖြစ် ကြ​၏။ သူ​တို့​အား​လုံး​ပင်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သော​မြင်း​တပ်​ဗိုလ်​များ​ဖြစ်​သ​တည်း။-
7 ထိုအာရှုရိလူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသော မေထုန်ကိုပြု၏။ တပ်မက်သော သူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။
အ​ဟော​လ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​အ​ရာ ရှိ​အ​ပေါင်း​တို့​အ​တွက် ပြည့်​တန်​ဆာ​အ​လုပ် ကို​လုပ်​၏။ မိ​မိ​၏​တ​ဏှာ​ရ​မက်​၏​ဆွဲ​ဆောင်​မှု ကြောင့် အာ​ရှု​ရိ​ရုပ်​တု​တို့​ကို​ရှိ​ခိုး​ဝတ်​ပြု ကာ​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​၏။-
8 အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့် သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။
သူ​သည်​မိ​မိ​အ​ပျို​ရည်​ပျက်​ရ​သည့်​အီ​ဂျစ် ပြည်​တွင် စ​တင်​ခဲ့​သည့်​ပြည့်​တန်​ဆာ​အ​လုပ် ကို​ဆက်​၍​လုပ်​၏။ သူ​ငယ်​မ​အ​ရွယ်​က​ပင် လျှင်​ယောကျာ်း​တို့​သည် သူ​နှင့်​အ​တူ​အိပ်​စက် ကာ​သူ့​အား​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​ကျင့် ခဲ့​ကြ​၏။-
9 ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိ လူတို့၌ သူ့ကိုငါ အပ်၍၊
သို့​ဖြစ်​၍​သူ​မြတ်​နိုး​လှ​သည့်​အာ​ရှု​ရိ အ​မျိုး​သား​ချစ်​သူ​တို့​လက်​သို့ သူ့​အား ငါ​အပ်​လိုက်​၏။-
10 ၁၀ သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏ သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ ၏။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။
၁၀သူ​တို့​သည်​သူ့​အား​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​စေ​လျက် သူ​၏​သား​သ​မီး​များ​ကို​ဖမ်း ဆီး​ကြ​၏။ ထို​နောက်​သူ့​ကို​ဋ္ဌား​နှင့်​ခုတ်​သတ် ကြ​၏။ သူ​၏​ဖြစ်​ရပ်​ကို​နေ​ရာ​တ​ကာ​တွင် အ​မျိုး​သ​မီး​တို့​အ​တင်း​ပြော​ဆို​ကြ​၏။
11 ၁၁ ထိုအမှုကို ညီမအဟောလိဗသည် မြင်သော အခါ၊ အစ်မထက်သာ၍ တပ်မက်သော စိတ်ရှိသည်နှင့်၊ အစ်မတက်သာ၍ မတရားသောမေထုန်ကို ပြု၏။
၁၁``အ​ဟော​လိ​ဗ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို တွေ့​မြင်​၏။ သို့​ရာ​တွင်​သူ​သည်​အ​ဟော​လ ထက်​ပင် ပို​မို​ဆိုး​ရွား​သော​ပြည့်​တန်​ဆာ ဖြစ်​လာ​၏။-
12 ၁၂ တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ် သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။
၁၂သူ​သည်​လည်း​တောက်​ပြောင်​သော​ဆင်​တူ​ဝတ် စုံ​များ​ကို ဝတ်​ဆင်​ထား​သည့်​အာ​ရှု​ရိ​မှူး​မတ် အ​ရာ​ရှိ​များ​နှင့်​မြင်း​တပ်​ဗိုလ်​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။ သူ​တို့​အား​လုံး​သည် ရုပ်​ရည်​ချော​၍​ပျို​ရွယ်​သူ​များ​ဖြစ်​သ​တည်း။-
13 ၁၃ ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မ လိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင်၏။
၁၃သူ​သည်​ကမ်း​ကုန်​အောင်​အ​ကျင့်​ပျက်​သူ ဖြစ်​ကြောင်း အစ်​မ​ကဲ့​သို့​ဆိုး​ရွား​သူ​ဖြစ် ကြောင်း​ကို​ငါ​သိ​မြင်​၏။
14 ၁၄ အထူးသဖြင့် မတရားသောမေထုန်ကို ပြုသော အကြောင်းအရာဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသော ပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက်၊ မွေးဘွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အ သွင်ကိုဆောင်လျက်၊
၁၄``သူ​သည်​ပို​၍​ပို​၍​အ​ကျင့်​ပျက်​လာ​၏။ ခါး စည်း​များ​နှင့်​လှ​ပ​သော​ဦး​ရစ်​များ​ကို​ဝတ် ဆင်​ထား​သည့်​ခါ​လ​ဒဲ​အ​ရာ​ရှိ​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​ဗာ​ဗု​လုန်​အ​ရာ​ရှိ​မြင်း ရ​ထား​တပ်​ဗိုလ်​များ​နှင့်​တူ​၍၊ သူ​တို့​၏​ရုပ် ပုံ​များ​ကို​နံ​ရံ​တွင်​နီ​မြန်း​တောက်​ပ​သော ဆေး​ရောင်​ဖြင့် ရေး​ဆွဲ​ထား​သည်​ကို​တွေ့ မြင်​လေ​၏။-
15 ၁၅ အုတ်ထရံ၌ဟင်းသပြတားနှင့်ရေးသော ခါလဒဲ လူ၏ ရုပ်ပုံတို့ကို မြင်သောအခါ၊
၁၅
16 ၁၆ တပ်မက်သောစိတ်ရှိ၍၊ ခါလဒဲပြည်သို့ တမန်ကို စေလွှတ်လေ၏။
၁၆ထို​ရုပ်​ပုံ​များ​ကို​မြင်​လျှင်​မြင်​ချင်း​တပ် မက်​သော​စိတ်​ရှိ​သ​ဖြင့် ဗာ​ဗု​လုန်​ပြည်​ရှိ ထို​သူ​တို့​ထံ​သို့​စေ​တ​မန်​များ​ကို​လွှတ် လေ​သည်။-
17 ၁၇ ဗာဗုလုန်မြို့သားတို့သည် သူနှင့်သံဝါသပြုရာခုတင်သို့လာ၍၊ မတရားသောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူးစေကြ၏။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည် တိုင်အောင်ညစ်ညူးခြင်းကိုခံလေ၏။
၁၇ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​သူ​နှင့်​အိပ် စက်​ရန်​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သူ​နှင့် ကူး​လွန်​၍​သူ့​အား​ညစ်​ညမ်း​စေ​ကြ​၏။ သူ သည်​သူ​တို့​ကို​ရွံ​ရှာ​သည့်​တိုင်​အောင် သူ​တို့ သည်​သူ့​ကို​ညစ်​ညမ်း​စေ​ကြ​၏။-
18 ၁၈ ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှားဘော်ပြသောကြောင့်၊ ငါသည် သူအစ်မကိုရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။
၁၈သူ​သည်​အ​များ​ပြည်​သူ​တို့​ရှေ့​၌​အ​ဝတ် အ​ချည်း​စည်း​နှင့်​နေ​၍ လူ​တိုင်း​အား​မိ​မိ သည်​ပြည့်​တန်​ဆာ​ဖြစ်​ကြောင်း​ကို​သိ​စေ​၏။ ငါ​သည်​သူ​၏​အစ်​မ​ကို​စက်​ဆုပ်​သ​ကဲ့​သို့ သူ့​ကို​လည်း​စက်​ဆုပ်​၏။-
19 ၁၉ အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။
၁၉သူ​သည်​အီ​ဂျစ်​ပြည်​တွင်​သူ​ငယ်​မ​အ​ရွယ် မှ​စ​၍​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း ပြု​ကျင့်​ကာ​ပို​မို​ဆိုး​ရွား​သော​ပြည့်​တန် ဆာ​ဖြစ်​လာ​၏။-
20 ၂၀ မြည်အင်္ဂါနှင့်တူသော အင်္ဂါ၊ မြင်းသုတ်ရည်နှင့် တူသောသုတ်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက် လေသည်တကား။
၂၀သူ​သည်​မြင်း​ထီး​နှင့်​မြည်း​ကဲ့​သို့ တ​ဏှာ ရာ​ဂ​ကြီး​သော​ယောကျာ်း​များ​ကို​အ​လွန် မက်​မော​၏။-''
21 ၂၁ သို့ဖြစ်၍၊ အိုအဟောလိဗ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကို ရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကို ပွတ် နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသော အဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊
၂၁(အ​ချင်း​အ​ဟော​လိ​ဗ၊ သင်​သည်​သူ​ငယ်​မ အ​ရွယ်​က​ယောကျာ်း​တို့​သင်​၏​ရင်​သား​တို့ ကို​ပွတ်​နယ်​သ​ဖြင့် အ​ပျို​ရည်​ပျက်​ခဲ့​သည့် အီ​ဂျစ်​ပြည်​တွင်​ကူး​လွန်​ခဲ့​သော​ကာ​မ ဂုဏ်​လိုက်​စား​မှု​ကို​ထပ်​မံ​ကူး​လွန်​လို​ပါ သည်​တ​ကား။)
22 ၂၂ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်ရွံရှာသော ရည်းစားတို့ကို ငါထစေပြီးလျှင်၊ အရပ်ရပ် တို့ကလာ၍ တိုက်စေမည်။
၂၂``သို့​ဖြစ်​၍​အ​ချင်း​အ​ဟော​လိ​ဗ၊ သင့်​အား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင် သည်​ဤ​ချစ်​သူ​တို့​ကို​ငြီး​ငွေ့​သွား​ပြီ​ဖြစ်​သော် လည်း ငါ​သည်​သူ​တို့​အား​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့ သည်​သင့်​ကို​အ​မျက်​ထွက်​၍​ဝိုင်း​ရံ​ထား​ကြ လိမ့်​မည်။-
23 ၂၃ အာရှုရိလူများနှင့်တကွ အကြီးအကဲ၊ သူဌေး သူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ်ဘွယ်သော လူပျို၊ ဗိုမင်း၊ ဝန်မင်း။ မှူးကြီးမတ်ကြီး၊ မြင်းစီးသူရဲအပေါင်းတို့သည်၊
၂၃ဗာ​ဗု​လုန်​နှင့်​ခါ​လ​ဒဲ​ပြည်​သား​များ၊ ပေ​ကုတ်၊ ရှော့​နှင့်​ကော့​မှ​လူ​တို့​နှင့်​အာ​ရှု​ရိ​ပြည်​သား အ​ပေါင်း​ကို​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့​အား လုံး​သည်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သူ​မှူး​မတ် အ​ရာ​ရှိ​များ၊ မြင်း​ရ​ထား​တပ်​အ​ရာ​ရှိ​များ နှင့်​အ​ဆင့်​အ​တန်း​မြင့်​သော​မြင်း​တပ်​ဗိုလ် များ​ဖြစ်​ကြ​၏။-
24 ၂၄ စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့် တကွလာ၍ ဒိုင်း၊ လွှား၊ သံခမောက် လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရား စီရင်သော အခွင့်ကိုသူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။
၂၄သူ​တို့​သည်​စစ်​လက်​နက်​စစ်​မြင်း​ရ​ထား​များ၊ ရိက္ခာ​လှည်း​များ​ကို​ယူ​ဆောင်​ကာ ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​သင့်​အား​တိုက်​ခိုက် ကြ​လိမ့်​မည်။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​လျက် သံ​ခ​မောက်​များ​ကို​ဆောင်း​၍​သင့်​ကို​ဝိုင်း​ရံ ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​သူ​တို့​၏​လက် သို့​ပြစ်​ဒဏ်​ခံ​ရန်​အပ်​နှံ​မည်။ သူ​တို့​သည် လည်း​မိ​မိ​တို့​တ​ရား​ဥ​ပ​ဒေ​များ​အ​ရ သင့်​ကို​တ​ရား​စီ​ရင်​ကြ​လိမ့်​မည်။-
25 ၂၅ သူတို့သည် သင့်ကို မယုံမည်အကြောင်း၊ ငါပြု၍သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည်။ သင့်နှာ ခေါင်း၊ နားရွက်တို့ကို ဖြတ်၍အကျန်အကြွင်းကိုထားနှင့် စဉ်းကြလိမ့်မည်။ သင်၏သားသမီးတို့ကို သိမ်းသွား ၍၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြ လိမ့်မည်။
၂၅ငါ​သည်​မ​နာ​လို​၍​အ​မျက်​ထွက်​သ​ဖြင့်​သင့် ကို​အ​မျက်​ဒေါ​သ​နှင့်​စီ​ရင်​ရန်​သူ​တို့​အား ခွင့်​ပြု​မည်။ သူ​တို့​သည်​သင်​၏​နှာ​ခေါင်း​နှင့်​နား ရွက်​တို့​ကို​ဖြတ်​၍ ကျန်​ရှိ​နေ​သေး​သော​သူ​များ သည်​ဋ္ဌား​ဖြင့်​သေ​ရ​မည်။ သင်​၏​သား​သ​မီး​များ ကို​ယူ​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​မှန်​ပင်​ကျန်​ရှိ​နေ​သေး​သော​သူ​များ​ကို မီး​ရှို့​ကြ​လိမ့်​မည်။-
26 ၂၆ သင့်အဝတ်ကိုလည်းချွတ်၍၊ တင့်တယ်သော တန်ဆာတို့ကို သိမ်းယူကြလိမ့်မည်။
၂၆သင်​၏​အ​ဝတ်​များ​ကို​ဆွဲ​ဆုတ်​ပစ်​ကာ သင် ၏​ကျောက်​မျက်​ရ​တ​နာ​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။-
27 ၂၇ ထိုသို့သင်သည် နောက်တဖန် မျှောမကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှါ၊ သင်ပြုသော အဓမ္မမေထုန်ကို ငါငြိမ်းစေမည်။
၂၇ငါ​သည်​သင်​၏​ရာ​ဂ​စိတ်​ကို​လည်း​ကောင်း၊ အီ​ဂျစ် ပြည်​တွင်​သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ပြု​ကျင့် ခဲ့​သော​ဆိုး​ညစ်​ယုတ်​မာ​မှု​ကို​လည်း​ကောင်း ရပ်​စဲ​စေ​မည်။ သင်​သည်​နောင်​အ​ဘယ်​အ​ခါ​၌ မျှ​ရုပ်​တု​များ​ကို​မျှော်​ကြည့်​ရ​တော့​မည်​မ ဟုတ်။ အီ​ဂျစ်​ပြည်​အ​ကြောင်း​ကို​လည်း​စဉ်း စား​ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
28 ၂၈ တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်မုန်းသောသူ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့်၊
၂၈အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``ငါ သည်​သင်​ရွံ​မုန်း​စက်​ဆုပ်​သူ​အ​မျိုး​သား​တို့ ၏​လက်​သို့​သင့်​ကို​အပ်​နှံ​မည်။-
29 ၂၉ သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင် ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်းရှိ ရစ်စေကြလိမ့်ည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကို ပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။
၂၉သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-
30 ၃၀ သင်သည်တပါး အမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ ငါစီရင် မည်။
၃၀ဤ​အ​ဖြစ်​မျိုး​နှင့်​ကြုံ​တွေ့​ရ​ခြင်း​ဖြစ်​၏။ သင် သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက်​ပြည့်​တန်​ဆာ ဖြစ်​၍ သူ​တို့​၏​ရုပ်​တု​များ​နှင့်​မိ​မိ​ကိုယ်​ကို ညစ်​ညမ်း​စေ​၏။-
31 ၃၁ သင်သည် အစ်မလိုက်သော လမ်းကိုလိုက်သော ကြောင့်၊ သူသောက်သော ခွက်ကို သင့်လက်၌ ငါထား မည်။
၃၁သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ခြေ​ရာ​ကို​နင်း​သ ဖြင့် ငါ​သည်​သူ့​အား​သောက်​စေ​သော​အ​ပြစ် ဒဏ်​ဖ​လား​ကို​သင့်​အား​လည်း​သောက်​စေ​မည်'' ဟူ​၍​တည်း။
32 ၃၂ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက်၊ ကျယ်၍စောက်သောခွက်ကို သင်သောက်ရမည်။ ထိုခွက်၌ များစွာဝင်သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည်။
၃၂အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ ``သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ဖ​လား​မှ သောက်​ရ​လိမ့်​မည်။ ထို​ဖ​လား​သည်​ကြီး​၍​စောက်​နက်​၏။ သင်​သည်​လူ​တိုင်း​တို့​၏​မ​ထီ​မဲ့​မြင်​ပြု​ခြင်း၊ ပြောင်​လှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ဖ​လား​သည်​ပြည့်​၍​နေ​၏။
33 ၃၃ သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေ စေသော ခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။
၃၃ယင်း​သည်​သင့်​အား​စိတ်​ဆင်း​ရဲ​အောင်​ပြု​၍ မူး​ယစ်​စေ​လိမ့်​မည်။ ကြောက်​လန့်​မှု​နှင့်​ပျက်​စီး​ဆုံး​ရှုံး​မှု​ကို ဖြစ်​စေ​တတ်​သည့်​ဖ​လား၊ သင့်​အစ်​မ​ရှ​မာ​ရိ​၏​ဖ​လား​ဖြစ်​သည်။
34 ၃၄ ထိုခွက်ကို သောက်၍စုတ်ပြီးမှ ခွက်ခြမ်းကို ကိုက်ခဲ၍၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၃၄သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။
35 ၃၅ သို့ဖြစ်၍၊ သင်သည် ငါ့ကို မေ့လျော့၍၊ သင့် ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည် အဓမ္မအမှုနှင့်မတရားသော မေထုန်အမှု၏ အပြစ်ကို ခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၃၅အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``သင်​ငါ့​ကို​မေ့ လျော့​ကာ​ကျော​ခိုင်း​လျက် တ​ဏှာ​ရာ​ဂ​စိတ်​နှင့် ပြည့်​တန်​ဆာ​လုပ်​သည့်​အ​တွက်​သင်​သည်​ဒုက္ခ ရောက်​ရ​ပေ​တော့​အံ့'' ဟု​မိန့်​တော်​မူ​၏။
36 ၃၆ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ အချင်းလူသား၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့။ အကယ်စင်စစ် သူတို့ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ဘော်ပြရမည်။
၃၆ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ကို တရား​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ သူ​တို့​သည် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သူ များ​ဖြစ်​ကြောင်း​စွဲ​ချက်​တင်​လော့။-
37 ၃၇ အကြောင်းမူကား၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက်ကို သတ်သောအပြစ်ရှိကြ၏။ ရုပ်တုတို့နှင့် ပင် မျောက်မထားကြပြီ။ ငါ့အဘို့ ဘွားမြင်သောသား တို့ကိုပင် ရုပ်တုစားစရာဘို့ မီးဖြင့်ပူဇော်ကြပြီ။
၃၇သူ​တို့​သည်​မျောက်​မ​ထား​မှု၊ လူ​သတ်​မှု​တို့​ကို ကူး​လွန်​ကြ​၏။ ရုပ်​တု​များ​နှင့်​မျောက်​မ​ထား​၍ ငါ​နှင့်​ရ​သော​သား​များ​ကို​သတ်​ကြ​၏။ သူ​တို့ သည်​ငါ​၏​သား​တို့​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​ကြ​၏။-
38 ၃၈ ထိုမှတပါး၊ ငါ၌ပြုသော အမှုဟူမူကား၊ ထိုနေ့ ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကိုရှုတ်ချကြပြီ။
၃၈သူ​တို့​ပြု​သော​အ​မှု​များ​ကား​ဤ​မျှ​သာ မ​ဟုတ်။ ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​၍ ငါ​၏​ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု ကြ​၏။-
39 ၃၉ ကိုယ်သားသမီးတို့ကိုရုပ်တုရှေ့တွင်သတ်ပြီးမှ၊ ထိုနေ့ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ လာကြ၏။ ထိုသို့ ငါ့အိမ်တော်အလယ်၌ ပြုကြပြီတကား။
၃၉ငါ​၏​သား​သ​မီး​များ​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​သည့်​နေ့​၌​ပင် ငါ​၏​ဗိ​မာန်​တော်​သို့​လာ ၍​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​လျက် ဤ​သို့​ငါ ၏​ဗိ​မာန်​ကို​ပြု​ကြ​သည်​တ​ကား။
40 ၄၀ ထိုမှတပါး၊ သင်သည်တမန်တို့ကို စေလွှတ်၍၊ ဝေသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဘို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကို ပြုပြီးလျှင်၊
၄၀``သူ​တို့​သည်​ဝေး​လံ​သော​အ​ရပ်​များ​သို့​လူ အ​ကြိမ်​ကြိမ်​စေ​လွှတ်​၍ ယောကျာ်း​များ​ကို​ခေါ် ဖိတ်​ကြ​၏။ ယောကျာ်း​တို့​သည်​လည်း​လာ​ရောက် ကြ​၏။ ညီ​အစ်​မ​နှစ်​ယောက်​တို့​သည်​ရေ​ချိုး​ပြီး လျှင် မျက်​ခွံ​များ​ကို​ဆေး​ဆိုး​အ​လှ​ပြင်​၍ ကျောက်​မျက်​ရ​တ​နာ​များ​ကို​ဝတ်​စား​ဆင် ယင်​ကြ​၏။-
41 ၄၁ အသရေရှိသော ခုတင်ပေါ်၌ထိုင်၍၊ ငါ့နံ့သာ ပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ၏။
၄၁သူ​တို့​သည်​မိ​မိ​တို့​ရှေ့​၌​စား​ပွဲ​ကို​ကျ​န​စွာ တည်​ခင်း​ပြီး​လျှင် လှ​ပ​သော​ညောင်း​စောင်း​ပေါ် တွင်​ထိုင်​ကြ​၏။ စား​ပွဲ​ပေါ်​တွင်​ငါ​ပေး​သည့်​နံ့ သာ​ပေါင်း​နှင့်​သံ​လွင်​ဆီ​ကို​တင်​ထား​ကြ​၏။-
42 ၄၂ ပျော်မွေ့လျက် နေသောလူအလုံးအရင်း မြည်သံကိုလည်း ကြားရ၏။အခြားသောသူအများတို့နှင့် အတူ တောကလာ၍၊ လက်၌လက်ကောက်၊ ခေါင်း၌ တင့်တယ်သော သရဖူကို ဆောင်းသော သေသောက် ကြူးတို့လည်း ပါကြ၏။
၄၂ပျော်​ရွှင်​မြူး​တူး​နေ​သော​လူ​တစ်​စု​၏​အ​သံ ကို​ကြား​ရ​၏။ ဤ​လူ​စု​သည်​တော​ကန္တာ​ရ​မှ ခေါ်​ဆောင်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​မျိုး​သ​မီး​တို့​၏​လက်​မောင်း​တွင် လက်​ကောက် များ​ကို​ဝတ်​ပေး​၍​လှ​ပ​သော​သ​ရ​ဖူ​များ ကို​ဆောင်း​ပေး​ကြ​၏။-
43 ၄၃ ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍မတရားသော မေထုန်ကို ပြုကြလိမ့်မည်လောဟု၊ အိုသည်တိုင်အောင် ပြည်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆိုသော်၊
၄၃ထို​သူ​တို့​သည်​မျောက်​မ​ထား​မှု​ဖြင့်​နွမ်း​နယ် နေ​ပြီ​ဖြစ်​သော အ​မျိုး​သ​မီး​ကို​ပြည့်​တန်​ဆာ အ​ဖြစ်​အ​သုံး​ပြု​ကြ​ပါ​စေ​ဟု​ငါ​တွေး တော​မိ​၏။-
44 ၄၄ ပြည်တန်ဆာမိန်းမရှိရာသို့ ယောက်ျား ဝင်တတ် သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗ ရှိရာသို့ ဝင်ကြ၏။
၄၄သူ​တို့​သည်​ပြည့်​တန်​ဆာ​တို့​ထံ​ထပ်​ခါ​ထပ်​ခါ ပြန်​သွား​ကြ​၏။ သူ​တို့​သည်​အ​ကျင့်​ပျက်​သူ အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ထံ​သို့​ပြန် သွား​ကြ​၏။-
45 ၄၅ သို့ဖြစ်၍၊ မျောက်မထားသောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသော မိန်းမဖြစ်သောကြောင့်၊ မျောက်မထားသောမိန်မ၊ လူအသက်ကိုသတ်သော် မိန်းမကို စီရင်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြ လိမ့်မည်။
၄၅ထို​မိန်း​မ​နှစ်​ယောက်​တို့​သည်​မျောက်​မ​ထား​သူ၊ လူ​သတ်​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့​အား​ဖြောင့် မတ်​သော​သူ​တို့​သည် မျောက်​မ​ထား​မှု​နှင့်​လူ သတ်​မှု​တို့​ကို​ကူး​လွန်​သူ​များ​အ​ဖြစ်​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
46 ၄၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကိုငါချီစေ၍၊ လုယက် သိမ်းသွားစေခြင်းငှါ အခွင့်ပေးမည်။
၄၆အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သူ​တို့​အား​ကြောက်​လန့် တုန်​လှုပ်​စေ​ရန်​နှင့်​လု​ယက်​စေ​ရန် ရုန်း​ရင်း​ဆန် ခတ်​ပြု​သည့်​လူ​အုပ်​ကို​ခေါ်​ခဲ့​လော့။-
47 ၄၇ ထိုအလုံးအရင်းသည် မိန်းမတို့ကိုခဲနှင့် ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ် တို့ကိုလည်း မီးရှို့ကြလိမ့်မည်။
၄၇သူ​တို့​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​ခုတ်​လော့။ သူ တို့​၏​သား​သမီး​တို့​ကို​သတ်​၍​အိမ်​များ​ကို​မီး ရှို့​စေ​လော့။-
48 ၄၈ ထိုသို့အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှါ၊ သင်တို့ အဓမ္မအမှုကို တပြည်လုံး၌ ငါပယ်ရှင်းမည်။
၄၈ထို​သူ​နှစ်​ယောက်​တို့​ကဲ့​သို့​မျောက်​မ မ​ထား​ကြ စေ​ရန် အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ငါ​သည်​တစ်​ပြည်​လုံး​၌ အ​ကျင့်​ပျက်​မှု​မှန်​သ​မျှ​ကို​ရပ်​စဲ​စေ​မည်။-
49 ၄၉ လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု၏ အပြစ်နှင့်အလျောက်စီရင်၍၊ သင်တို့သည် ရုပ်တုများနှင့် ဆိုင်သော အပြစ်ကိုခံရလျက်၊ ငါသည် အရှင်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၄၉အ​ချင်း​ညီ​အစ်​မ​နှစ်​ယောက်​တို့၊ ငါ​သည်​သင်​တို့ အား​အ​ကျင့်​ပျက်​မှု၊ ရုပ်​တု​များ​အား​ရှိ​ခိုး​ဝတ် ပြု​မှု​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ ထို​အ​ခါ ငါ​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< ယေဇကျေလ 23 >