< ယေဇကျေလ 21 >
1 ၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 ၂ အချင်းလူသား၊ ယေရုရှလင်မြို့ကို မျက်နှာ ပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တဘက်၌ မြွက်ဆို ၍ ဣသရေလပြည်တဘက်၌ ဟောပြောလော့။
၂အချင်းလူသား ၊ ယေရုရှလင် မြို့ကို မျက်နှာ ပြု လျက်၊ သန့်ရှင်း သော အရပ်ဌာနတို့တဘက် ၌ မြွက်ဆို ၍ ဣသရေလ ပြည် တဘက် ၌ ဟောပြော လော့။
3 ၃ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသ ရေလပြည်အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင့်ကို ရန်ဘက်ပြုလျက်၊ ငါ့ထားကိုထားအိမ်မှ ထုတ်၍၊ သင်၌ တရားသောသူ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည်။
၃အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ ပြည် အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင့် ကို ရန်ဘက်ပြု လျက်၊ ငါ့ ထား ကိုထားအိမ် မှ ထုတ် ၍ ၊ သင်၌ တရား သောသူ၊ မတရား သောသူတို့ကို ပယ်ဖြတ် မည်။
4 ၄ ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်းရှိသောကြောင့်၊ ငါ့ထား သည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။
၄ထိုသို့သင် ၌ တရား သောသူ၊ မတရား သောသူတို့ ကို ပယ်ဖြတ် စရာအကြောင်းရှိသောကြောင့် ၊ ငါ့ ထား သည် တောင် ဘက်မှ သည် မြောက် ဘက်သို့တိုင်အောင်၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ရန်ဘက်ပြု ၍ မိမိ အိမ် မှ ထွက် ရလိမ့်မည်။
5 ၅ ငါထာဝရဘုရားသည် ငါ့ထားကို သူ့အိမ်မှ ထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုထားသည် နောက်တဖန် အိမ်သို့ မပြန်ရ။
၅ငါ ထာဝရဘုရား သည် ငါ့ ထား ကို သူ့ အိမ် မှ ထုတ် ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့ သိ ရကြလိမ့်မည်။ ထိုထားသည် နောက် တဖန်အိမ်သို့ မ ပြန် ရ။
6 ၆ သို့ဖြစ်၍၊ အချင်းလူသား၊ ညည်းတွားသံကို ပြုလော့။ ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။
၆သို့ဖြစ်၍ ၊ အချင်းလူသား ၊ ညည်းတွား သံကို ပြုလော့။ ခါး ကျိုး လျက်၊ နှလုံး ကြေကွဲလျက်၊ သူ တို့ရှေ့မှာ ညည်းတွား သံကို ပြုလော့။
7 ၇ သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သိတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူ အပေါင်းတို့သည် ကြောက်အားကြီး၍ လက်အား လျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်းအရည် ဖြစ်လိမ့်မည်။ အမှုလာ၍ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။
၇သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့် ကိုမေး သောအခါ ၊ သင်က၊ ငါသည် သိတင်း စကားကြောင့် ညည်းတွား၏။ အမှုနီး ပြီ၊ ။ လူ အပေါင်း တို့သည် ကြောက် အားကြီး၍ လက် အားလျော့ ကြလိမ့်မည်။ စိတ်ပျက် ၍ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။ အမှုလာ ၍ ရောက် မည်အကြောင်းကို၊ အရှင် ထာဝရဘုရား ဗျာဒိတ် ပေးတော်မူကြောင်းကို ပြန်ပြော လော့ဟု မိန့်တော်မူ၏။
8 ၈ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၈တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
9 ၉ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထားတော်ကို ထက်စွာ သွေးလေပြီ။ ပြောင်လက်စွာ ပွတ်လေပြီ။
၉အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရ ဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထား တော်ကို ထက် စွာ သွေးလေပြီ။ ပြောင်လက် စွာ ပွတ်လေပြီ။
10 ၁၀ ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေး လေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။
၁၀ထက်၍ အထူးသဖြင့်လုပ်ကြံ စေခြင်းငှါသွေး လေပြီ။ ပြောင်၍ အရောင် တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့ သား ၏ ရာဇလှံတံ ကြောင့် ရွှင်လန်း ခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သား ရှိသမျှ ကို မထီမဲ့မြင်ပြု တတ်၏။
11 ၁၁ သုံးစရာဘို့ ပွတ်စေခြင်းငှါ အပ်ထားပြီ။ လုပ် ကြံသောသူ၌ အပ်ခြင်းငှါ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။
၁၁သုံး စရာဘို့ ပွတ် စေခြင်းငှါ အပ် ထားပြီ။ လုပ်ကြံ သောသူ၌ အပ် ခြင်းငှါ ထက် စွာလည်း သွေးလေပြီ။ ပြောင်လက် စွာပွတ်လေပြီ။
12 ၁၂ အချင်းလူသား၊ ငိုကြွေးအော်ဟစ်လော့။ အကြောင်းမူကား၊ ငါ၏ လူတို့၌ရောက်လိမ့်မည်။ ဣသ ရေလမင်းသားအပေါင်းတို့၌လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွ ငါ၏လူတို့ကို ထား၌အပ်လေ၏။ ထိုကြောင့်၊ သင်၏ပေါင်ကို ရိုက်လော့။
၁၂အချင်းလူသား ၊ ငိုကြွေး အော်ဟစ် လော့။ အကြောင်းမူကား ၊ ငါ ၏ လူ တို့၌ရောက် လိမ့်မည်။ ဣသရေလ မင်းသား အပေါင်း တို့၌ လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွငါ ၏လူ တို့ကို ထား ၌ အပ် လေ၏။ ထိုကြောင့် ၊ သင်၏ပေါင် ကို ရိုက် လော့။
13 ၁၃ စုံစမ်းခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၃စုံစမ်း ခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေ ပြုလျှင် အဘယ်သို့ နည်း။ လှံတံဆုံး လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
14 ၁၄ သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ လက်ခုပ်တီးလော့။ ထားတော်သည် နှစ်ခေါက်၊ သုံးခေါက် ရောက်ရ၏။ သူရဲထား၊ အားကြီးသော သူရဲထားဖြစ်၏။ သူတို့ကိုဝန်းရံသော ထားဖြစ်၏။
၁၄သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ လက်ခုပ်တီး လော့။ ထား တော်သည် နှစ် ခေါက်၊ သုံး ခေါက် ရောက်ရ၏။ သူရဲ ထား ၊ အားကြီး သော သူရဲ ထား ဖြစ်၏။ သူ တို့ကိုဝန်းရံ သော ထားဖြစ်၏။
15 ၁၅ သူတို့စိတ်ပျက်၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှါ၊ ထားဘေးကိုမြို့ တံခါးရှိသမျှတို့၌ ငါရောက်စေပြီ။ ထားပြောင်လျက်ရှိ၏။ လုပ်ကြံစရာဘို့ ပွတ်ထားလျက် ရှိ၏။
၁၅သူတို့စိတ်ပျက် ၍ အထူးသဖြင့်ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး ကိုမြို့ တံခါး ရှိသမျှ တို့၌ ငါရောက် စေပြီ။ ထားပြောင် လျက်ရှိ၏။ လုပ်ကြံ စရာဘို့ ပွတ် ထားလျက် ရှိ၏။
16 ၁၆ စုဝေးလော့။ လက်ျာဘက်သို့ ခုတ်လော့။ ပြင်ဦး လော့။ လက်ဝဲဘက် အစရှိသော သင်၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။
၁၆စုဝေး လော့။ လက်ျာ ဘက်သို့ ခုတ် လော့။ ပြင်ဦးလော့။ လက်ဝဲ ဘက် အစရှိသောသင် ၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။
17 ၁၇ ငါသည်လည်း လက်ချင်းရိုက်၍၊ ငါဒေါသအရှိန် ကို ငြိမ်းစေမည်။ ထိုသို့ငါထားဝရဘုရား မိန့်တော်မူပြီ။
၁၇ငါ သည်လည်း လက် ချင်းရိုက် ၍ ၊ ငါ ဒေါသ အရှိန် ကို ငြိမ်း စေမည်။ ထိုသို့ငါ ထာဝရဘုရား မိန့် တော်မူပြီ။
18 ၁၈ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၁၈တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
19 ၁၉ အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထား သွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်း တို့သည် ပြည်တပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တခုကို ရွေးလော့။
၁၉အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သွားရာလမ်း နှစ် လမ်းကို မှတ်သား လော့။ လမ်းနှစ် လမ်း တို့သည် ပြည် တ ပြည်ထဲက ထွက် ရမည်။ မြို့ သို့သွားသော လမ်း ခွ ၌ အရပ်တခုကို ရွေး လော့။
20 ၂၀ အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့၎င်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့၎င်း၊ ထားရောက်ရာလမ်းကို မှတ်သားလော့။
၂၀အမ္မုန် ပြည်၌ ရဗ္ဗတ် မြို့သို့၎င်း ၊ ယုဒ ပြည်၌ ခိုင်ခံ့ သော ယေရုရှလင် မြို့သို့၎င်း ၊ ထား ရောက် ရာလမ်း ကို မှတ်သား လော့။
21 ၂၁ ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှါ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြှားတို့ကို ရောနှော ၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု ၏။
၂၁ဗာဗုလုန် ရှင်ဘုရင် သည် ဗေဒင် တွက်ခြင်းငှါ လမ်း နှစ် လမ်းဆုံ မိရာလမ်း ခွ ၌ ရပ် ၏။ မြှား တို့ကို ရောနှော ၏။ တေရပ်ရုပ်တု တို့ကို မေးမြန်း ၏။ အသည်း ကို ကြည့်ရှု ၏။
22 ၂၂ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ၎င်း၊ လုပ်ကြံခြင်းအမှုကို မှာထားစေခြင်းငှါ၎င်း၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ၎င်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှါ ၎င်း၊ မြေရိုးကိုဖို့စေခြင်းငှါ၎င်း၊ လက်ျားဘက်၌ ယေရုရှ လင်မြို့အဘို့ ဗေဒင်တွက်၍ နေရာကျ၏။
၂၂ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထား စေခြင်းငှါ ၎င်း ၊ လုပ်ကြံ ခြင်းအမှုကို မှာထား စေခြင်းငှါ ၎င်း ၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ ၎င်း ၊ မြို့တံခါး တဘက် တချက် ဝက်ခွတိုင် ၌ တုံးတို့ကိုဆွဲ ထားစေခြင်းငှါ ၎င်း၊ မြေရိုး ကိုဖို့ စေခြင်းငှါ ၎င်း ၊ ရဲတိုက် ကို ဆောက် စေခြင်းငှါ ၎င်း ၊ လက်ျာ ဘက်၌ ယေရုရှလင် မြို့အဘို့ ဗေဒင် တွက်၍ နေရာ ကျ၏။
23 ၂၃ သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ ကို ဘမ်းမိလိုသောငှါ၊ သူတို့ပြစ်မှားသော အပြစ်ကို အောက်မေ့လိမ့်မည်။
၂၃သို့ရာတွင် ၊ ရှင်ဘုရင်ထံ၌ သစ္စာခံ သောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီး သော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ် ကြလိမ့်မည်။ ရှင်ဘုရင်မူကား ၊ သူတို့ ကို ဘမ်းမိ လိုသောငှါ ၊ သူတို့ပြစ်မှားသော အပြစ် ကို အောက်မေ့ လိမ့်မည်။
24 ၂၄ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည် တိုင်အောင်၊ သင်တို့သည် မိမိတို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့စေ၍၊ မိမိတို့ လွန်ကျူးခြင်း အမှုများ ကို ဘော်ပြလျက်၊ မိမိတို့ကို သူတပါး အောက်မေ့စေသော ကြောင့်၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည်။
၂၄သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့ပြု လေသမျှ တို့၌ အပြစ် ထင်ရှား သည် တိုင်အောင်၊ သင် တို့သည် မိမိ တို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့ စေ၍၊ မိမိ တို့ လွန်ကျူး ခြင်း အမှုများ ကို ဘော်ပြ လျက်၊ မိမိ တို့ကို သူတပါး အောက်မေ့ စေသောကြောင့် ၊ ထိုရှင်ဘုရင်လက် သို့ ရောက် ရကြလိမ့်မည်။
25 ၂၅ အချင်းဆိုးယုတ်သော အဓမ္မ ဣသရေလ မင်းသား၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလ ရောက် သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။
၂၅အချင်းဆိုးယုတ် သော အဓမ္မ ဣသရေလ မင်းသား ၊ အဓမ္မ အမှုကြောင့်ဆုံးရှုံး ရသောကာလ ရောက် သောအခါ ၊ သင်၏အချိန် ကာလသည် ရောက် လိမ့်မည်။
26 ၂၆ ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တဖန် မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။
၂၆ဦးရစ် တော်ကိုပယ် ၍ ရာဇသရဖူ ကို ချွတ် လော့။ နောက်တဖန် မ ရှိရ။ နိမ့် သောသူကိုချီးမြှောက် ရမည်။ မြင့် သောသူကို နှိမ့်ချ ရမည်။
27 ၂၇ နိုင်ငံကို ဆုံးရှုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မရောက်မှီတိုင်အောင်၎င်း ငါမှောက်လှန်မည်။ မှောက် လန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သော သူ၌ ငါအပ် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၇နိုင်ငံကို ဆုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မ ရောက် မှီတိုင်အောင်၎င်း ငါမှောက်လှန် မည်။ မှောက်လှန် မည်။ မှောက်လှန် မည်။ အစိုးပိုင်သောသူ ၌ ငါအပ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
28 ၂၈ အချင်းလူသား၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကို၎င်း၊
၂၈အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် အမ္မုန် အမျိုးသား တို့ကို၎င်း၊
29 ၂၉ သူတို့ကဲ့ရဲ့ခြင်းကို၎င်း ရည်မှတ်၍မိန့်တော်မူ သော စကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသော ကာလရောက်၍ အပြစ်ဒဏ် ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကိုနေရာကျစေခြင်းငှါ၊ သင့်အဘို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသာ စကားကိုဟောပြောစဉ်တွင်၊ ထားတော်သည် လုပ်ကြံ ဘို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဘို့ရာ အရောင်တောက် သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။
၂၉သူ တို့ကဲ့ရဲ့ ခြင်းကို၎င်းရည်မှတ် ၍မိန့် တော်မူသော စကားကို ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသောကာလ ရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေ သတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်း ပေါ်မှာ ၊ သင့် ကိုနေရာ ကျစေခြင်းငှါ ၊ သင့် အဘို့ အချည်းနှီး သောအရာကိုကြည့်မြင် ၍၊ မုသာ စကားကိုဟောပြော စဉ်တွင်၊ ထား တော်သည် လုပ်ကြံ ဘို့ရာထုတ် လျက်ရှိ၏။ ဖျက်ဆီးဘို့ရာအရောင် တောက် သည်တိုင်အောင်ပြောင် စွာပွတ်လေပြီ။
30 ၃၀ သင့်ထားကို အိမ်သို့ပြန်စေလော့။ သင့်ကို ငါ ဖန်ဆင်းသောအရပ်၊ မွေးဘွားရာဌာန၌ သင့်ကို ငါစီရင် မည်။
၃၀သင့်ထားကို အိမ် သို့ ပြန် စေလော့။ သင့်ကို ငါ ဖန်ဆင်း သော အရပ် ၊ မွေးဘွား ရာဌာန ၌ သင့် ကို ငါစီရင် မည်။
31 ၃၁ သင့်အပေါ်သို့ ငါ့အမျက်ကို ငါသွန်းလောင်း မည်။ ငါ့ဒေါသမီးဖြင့် သင့်ကို မှုတ်မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့အပ်မည်။
၃၁သင့် အပေါ်သို့ ငါ့ အမျက် ကို ငါသွန်းလောင်း မည်။ ငါ့ ဒေါသ မီး ဖြင့် သင့် ကို မှုတ် မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီး တတ်သော လူ တို့လက် သို့ အပ် မည်။
32 ၃၂ သင်သည်မီးမွေးဘို့ ထင်းဖြစ်ရလိမ့်မည်။ သင့် အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ၏။
၃၂သင်သည်မီး မွေးဘို့ ထင်း ဖြစ် ရလိမ့်မည်။ သင့် အသွေး သည် ပြည် အလယ် ၌ ရှိ ရလိမ့်မည်။ နောက်တဖန်အဘယ်သူမျှမ အောက်မေ့ ရဟု ငါ ထာဝရဘုရား မိန့် တော်မူ၏။