< ယေဇကျေလ 21 >

1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
I dođe mi riječ Jahvina:
2 အချင်းလူသား၊ ယေရုရှလင်မြို့ကို မျက်နှာ ပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တဘက်၌ မြွက်ဆို ၍ ဣသရေလပြည်တဘက်၌ ဟောပြောလော့။
“Sine čovječji, okreni lice prema Jeruzalemu i prospi besjedu protiv njegova Svetišta i prorokuj protiv zemlje Izraelove.
3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသ ရေလပြည်အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင့်ကို ရန်ဘက်ပြုလျက်၊ ငါ့ထားကိုထားအိမ်မှ ထုတ်၍၊ သင်၌ တရားသောသူ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည်။
Reci zemlji Izraelovoj: 'Ovako govori Jahve Gospod: Evo me na te! Trgnut ću mač iz korica, istrijebit ću iz tebe sve - i pravedna i bezbožna!
4 ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်းရှိသောကြောင့်၊ ငါ့ထား သည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။
Da iz tebe istrijebim pravedna i bezbožna, trgnut ću evo mač iz korica na svako tijelo, od sjevera do juga.
5 ငါထာဝရဘုရားသည် ငါ့ထားကို သူ့အိမ်မှ ထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုထားသည် နောက်တဖန် အိမ်သို့ မပြန်ရ။
I svako će tijelo spoznati da sam ja, Jahve, isukao mač svoj iz korica i da ga više neću u njih vratiti!
6 သို့ဖြစ်၍၊ အချင်းလူသား၊ ညည်းတွားသံကို ပြုလော့။ ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။
A ti, sine čovječji, kukaj kao da su ti sva rebra polomljena, kukaj gorko, njima na oči!
7 သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သိတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူ အပေါင်းတို့သည် ကြောက်အားကြီး၍ လက်အား လျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်းအရည် ဖြစ်လိမ့်မည်။ အမှုလာ၍ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။
Ako li te zapitaju: 'Što toliko kukaš?' reci im: 'Zbog vijesti koja stiže, od koje će sva srca zamrijeti i sve ruke klonuti, svaki duh biti utučen i svako koljeno klecati. Evo, dolazi, već je tu!' Tako govori Jahve Gospod.”
8 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
I dođe mi riječ Jahvina:
9 အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထားတော်ကို ထက်စွာ သွေးလေပြီ။ ပြောင်လက်စွာ ပွတ်လေပြီ။
“Sine čovječji, prorokuj! Ovako govori Jahve Gospod. Reci: 'Mač! Mač! Naoštren i osvjetlan!
10 ၁၀ ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေး လေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။
Za klanje naoštren, osvjetlan da sijeva.
11 ၁၁ သုံးစရာဘို့ ပွတ်စေခြင်းငှါ အပ်ထားပြီ။ လုပ် ကြံသောသူ၌ အပ်ခြင်းငှါ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။
Osvjetlan da ga ruka prihvati, mač naoštren, osvjetlan da se stavi u ruke ubojici.
12 ၁၂ အချင်းလူသား၊ ငိုကြွေးအော်ဟစ်လော့။ အကြောင်းမူကား၊ ငါ၏ လူတို့၌ရောက်လိမ့်မည်။ ဣသ ရေလမင်းသားအပေါင်းတို့၌လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွ ငါ၏လူတို့ကို ထား၌အပ်လေ၏။ ထိုကြောင့်၊ သင်၏ပေါင်ကို ရိုက်လော့။
A ti, sine čovječji, plači, nariči! Jer, evo, mač je već na narod moj isukan, mač na izraelske knezove: svi su oni s mojim narodom maču izručeni! Udri se stoga u slabine!'
13 ၁၃ စုံစမ်းခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Dođe kušnja, i odbačenoga žezla više biti neće - riječ je Jahve Gospoda.
14 ၁၄ သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ လက်ခုပ်တီးလော့။ ထားတော်သည် နှစ်ခေါက်၊ သုံးခေါက် ရောက်ရ၏။ သူရဲထား၊ အားကြီးသော သူရဲထားဖြစ်၏။ သူတို့ကိုဝန်းရံသော ထားဖြစ်၏။
A ti, sine čovječji, prorokuj i rukama plješći. Neka se udvostruči, neka se utrostruči taj mač pokolja, mač pokolja golema što ih odasvud okružuje.
15 ၁၅ သူတို့စိတ်ပျက်၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှါ၊ ထားဘေးကိုမြို့ တံခါးရှိသမျှတို့၌ ငါရောက်စေပြီ။ ထားပြောင်လျက်ရှိ၏။ လုပ်ကြံစရာဘို့ ပွတ်ထားလျက် ရှိ၏။
Da zadršću srca, da bude žrtava nebrojenih, na svaka sam vrata postavio mač, pripravljen da k'o munja sijeva, za pokolje naoštren.
16 ၁၆ စုဝေးလော့။ လက်ျာဘက်သို့ ခုတ်လော့။ ပြင်ဦး လော့။ လက်ဝဲဘက် အစရှိသော သင်၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။
Natrag! Desno! Naprijed! Lijevo!
17 ၁၇ ငါသည်လည်း လက်ချင်းရိုက်၍၊ ငါဒေါသအရှိန် ကို ငြိမ်းစေမည်။ ထိုသို့ငါထားဝရဘုရား မိန့်တော်မူပြီ။
I ja ću pljeskati rukama, iskaliti gnjev svoj na njima! Ja, Jahve, rekoh!”
18 ၁၈ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
I dođe mi riječ Jahvina:
19 ၁၉ အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထား သွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်း တို့သည် ပြည်တပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တခုကို ရွေးလော့။
“Sine čovječji, zacrtaj dva puta kuda da pođe mač kralja babilonskoga. Neka oba puta izlaze iz iste zemlje! Na raskršću puta ka gradu stavi putokaz.
20 ၂၀ အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့၎င်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့၎င်း၊ ထားရောက်ရာလမ်းကို မှတ်သားလော့။
Zacrtaj maču put da dođe u Rabat Bene Amon i u Judeju, u utvrđeni Jeruzalem.
21 ၂၁ ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှါ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြှားတို့ကို ရောနှော ၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု ၏။
Jer kralj babilonski stoji na početku puta, na raspuću dvaju putova, i pita znamenja - miješa strijele, ispituje terafime i motri jetru.
22 ၂၂ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ၎င်း၊ လုပ်ကြံခြင်းအမှုကို မှာထားစေခြင်းငှါ၎င်း၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ၎င်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှါ ၎င်း၊ မြေရိုးကိုဖို့စေခြင်းငှါ၎င်း၊ လက်ျားဘက်၌ ယေရုရှ လင်မြို့အဘို့ ဗေဒင်တွက်၍ နေရာကျ၏။
Znamenja mu u desnici kažu: na Jeruzalem; da ondje namjesti zidodere, da naredi pokolj, da podigne zidodere protiv vrata, da naspe nasip i sagradi opsadne kule.
23 ၂၃ သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ ကို ဘမ်းမိလိုသောငှါ၊ သူတို့ပြစ်မှားသော အပြစ်ကို အောက်မေ့လိမ့်မည်။
Ali će se njima učiniti da je znamenje lažno, jer mu se zakleše na vjernost. Ali će ih on tada podsjetiti na njihovo vjerolomstvo u koje se uloviše.
24 ၂၄ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည် တိုင်အောင်၊ သင်တို့သည် မိမိတို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့စေ၍၊ မိမိတို့ လွန်ကျူးခြင်း အမှုများ ကို ဘော်ပြလျက်၊ မိမိတို့ကို သူတပါး အောက်မေ့စေသော ကြောင့်၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည်။
Zato, ovako govori Jahve Gospod: 'Jer bez prestanka podsjećate na svoja bezakonja otkrivajući opačine i pokazujući grijehe u svim svojim djelima - da, jer bez prestanka na njih podsjećate, u njih ćete se uloviti.
25 ၂၅ အချင်းဆိုးယုတ်သော အဓမ္မ ဣသရေလ မင်းသား၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလ ရောက် သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။
A tebi, nečasni i bezbožnički kneže izraelski, tebi dođe dan i čas posljednjega zločina.'
26 ၂၆ ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တဖန် မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။
Ovako govori Jahve Gospod: 'Skini mitru s glave i odloži kraljevski vijenac! Jer sve se mijenja: tko bi dolje, bit će uzvišen, a tko bi gore, bit će ponižen.
27 ၂၇ နိုင်ငံကို ဆုံးရှုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မရောက်မှီတိုင်အောင်၎င်း ငါမှောက်လှန်မည်။ မှောက် လန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သော သူ၌ ငါအပ် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Ruševine, ruševine, ruševine ću postaviti kakvih nije bilo, dok ne dođe onaj koji ima suditi, jer ja ću mu predati sud.'
28 ၂၈ အချင်းလူသား၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကို၎င်း၊
Sine čovječji, prorokuj: Ovako govori Jahve Gospod sinovima Amonovim o njihovoj sramoti. Reci: 'Mač! Mač za pokolj isukan i naoštren da siječe, da kao munja sijeva,
29 ၂၉ သူတို့ကဲ့ရဲ့ခြင်းကို၎င်း ရည်မှတ်၍မိန့်တော်မူ သော စကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသော ကာလရောက်၍ အပြစ်ဒဏ် ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကိုနေရာကျစေခြင်းငှါ၊ သင့်အဘို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသာ စကားကိုဟောပြောစဉ်တွင်၊ ထားတော်သည် လုပ်ကြံ ဘို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဘို့ရာ အရောင်တောက် သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။
a tebi dotle isprazno viđaju, laž proriču - da se stavi pod vrat zlikovcima zloglasnim, kojima, eto, dođe dan i čas posljednjega zločina!
30 ၃၀ သင့်ထားကို အိမ်သို့ပြန်စေလော့။ သင့်ကို ငါ ဖန်ဆင်းသောအရပ်၊ မွေးဘွားရာဌာန၌ သင့်ကို ငါစီရင် မည်။
Ali vrati mač u korice! U mjestu gdje si nastao i u zemlji gdje si se rodio ja ću ti suditi.
31 ၃၁ သင့်အပေါ်သို့ ငါ့အမျက်ကို ငါသွန်းလောင်း မည်။ ငါ့ဒေါသမီးဖြင့် သင့်ကို မှုတ်မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့အပ်မည်။
Ondje ću na te gnjev svoj izliti i raspiriti protiv tebe plamen srdžbe svoje i predati te u ruke okrutnim ljudima, vještim zatornicima.
32 ၃၂ သင်သည်မီးမွေးဘို့ ထင်းဖြစ်ရလိမ့်မည်။ သင့် အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ၏။
I bit ćeš hrana ognju, a krv će tvoja zemljom protjecati. I nitko te živ više neće spominjati! Jer ja, Jahve, tako rekoh.'”

< ယေဇကျေလ 21 >