< ယေဇကျေလ 2 >

1 ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား၊ မတ်တတ်နေလော့။ သင့်အားငါ ပြောမည်ဟု ငါ့အားဆိုသံကိုငါကြား၏။
他对我说:“人子啊,你站起来,我要和你说话。”
2 ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊
他对我说话的时候,灵就进入我里面,使我站起来,我便听见那位对我说话的声音。
3 အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည်။
他对我说:“人子啊,我差你往悖逆的国民以色列人那里去。他们是悖逆我的,他们和他们的列祖违背我,直到今日。
4 ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်။
这众子面无羞耻,心里刚硬。我差你往他们那里去,你要对他们说:主耶和华如此说。
5 သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။
他们或听,或不听,(他们是悖逆之家),必知道在他们中间有了先知。
6 အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက် နှင့်။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့ စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။
人子啊,虽有荆棘和蒺藜在你那里,你又住在蝎子中间,总不要怕他们,也不要怕他们的话;他们虽是悖逆之家,还不要怕他们的话,也不要因他们的脸色惊惶。
7 သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။
他们或听,或不听,你只管将我的话告诉他们;他们是极其悖逆的。
8 အချင်းလူသား၊ ငါပြောသောစကားကို နား ထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့်။ သင့်ပစပ်ကို ဖွင့်၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင်၊
“人子啊,要听我对你所说的话,不要悖逆像那悖逆之家,你要开口吃我所赐给你的。”
9 ငါကြည့်၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။
我观看,见有一只手向我伸出来,手中有一书卷。
10 ၁၀ ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ၊ တဘက်တချက်၌ အက္ခရာတင်၍ ငိုကြွေးမြည်တမ်းခြင်း အချက်၊ စိတ်မသာညည်းတွားခြင်းအချက်၊ အမင်္ဂလာ အချက်များပါသတည်း။
他将书卷在我面前展开,内外都写着字,其上所写的有哀号、叹息、悲痛的话。

< ယေဇကျေလ 2 >