< ယေဇကျေလ 18 >
1 ၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
'And there is a word of Jehovah unto me, saying:
2 ၂ အဘတို့သည် ချဉ်သောစပျစ်သီးကို စား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကို သုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။
'What — to you, ye — using this simile Concerning the ground of Israel, saying: Fathers do eat unripe fruit, And the sons' teeth are blunted?
3 ၃ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း နောက်တဖန် ဣသရေလပြည် ၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
I live — an affirmation of the Lord Jehovah, Ye have no more the use of this simile in Israel.
4 ၄ ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ဝိညာဉ် ကို ငါပိုင်သကဲ့ သို့သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။
Lo, all the souls are Mine, As the soul of the father, So also the soul of the son — they are Mine, The soul that is sinning — it doth die.
5 ၅ လူမည်သည်ကား၊ သဘောဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၎င်း၊
And a man, when he is righteous, And hath done judgment and righteousness,
6 ၆ တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
On the mountains he hath not eaten, And his eyes he hath not lifted up Unto idols of the house of Israel, And the wife of his neighbour defiled not, And to a separated woman cometh not near,
7 ၇ အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထား သော ဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင် အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းလျှင်၎င်း၊
A man — he doth not oppress, His pledge to the debtor he doth return, Plunder he doth not take away, His bread to the hungry he doth give, And the naked doth cover with a garment,
8 ၈ အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတပါးအမှုကို တရားသဖြင့် စီရင်ခြင်း၊
In usury he doth not give, and increase taketh not, From perversity he turneth back his hand, True judgment he doth between man and man.
9 ၉ ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာ စောင့်ခြင်းကိုပြုလျှင်၎င်း၊ ထိုသူသည် ဖြောင့်မတ်သော သူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
In My statutes he doth walk, And My judgments he hath kept — to deal truly, Righteous [is] he, he surely liveth, An affirmation of the Lord Jehovah.
10 ၁၀ သို့ရာတွင်၊ ထိုသူ၏သားသည် ထားပြတိုက် သောသူ၊ လူအသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခုကို ပြုသောသူ၊
And — he hath begotten a son, A burglar — a shedder of blood, And he hath made a brother of one of these,
11 ၁၁ အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင် ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
And he all those hath not done, For even on the mountains he hath eaten, And the wife of his neighbour he hath defiled,
12 ၁၂ ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသော ဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံ့ရှာဘွယ်သော အမှုကိုပြုခြင်း၊
The afflicted and needy he hath oppressed, Plunder he hath taken violently away, A pledge he doth not return, And unto the idols he hath lifted up his eyes, Abomination he hath done!
13 ၁၃ အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ် ခြင်းကို ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
In usury he hath given, and increase taken, And he liveth: he doth not live, All these abominations he hath done, He doth surely die, his blood is on him.
14 ၁၄ သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှ သော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊
And — lo, he hath begotten a son, And he seeth all the sins of his father, That he hath done, and he feareth, And doth not do like them,
15 ၁၅ တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ် သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊
On the mountains he hath not eaten, And his eyes he hath not lifted up Unto idols of the house of Israel, The wife of his neighbour he hath not defiled,
16 ၁၆ အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသော သူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း၊
A man — he hath not oppressed, A pledge he hath not bound, And plunder he hath not taken away, His bread to the hungry he hath given, And the naked he covered with a garment,
17 ၁၇ ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုး မစားဘဲငွေချေးခြင်းကို ပြု၍ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည်အဘ၏ အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။
From the afflicted he hath turned back his hand, Usury and increase he hath not taken, My judgments he hath done, In My statutes he hath walked, He doth not die for the iniquity of his father, He doth surely live.
18 ၁၈ အဘမူကား၊ မိမိညီအစ်ကိုကိုအထပ်ထပ် ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတိုပတွင် မကောင်းသော အမှုကို ပြုသော အပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။
His father — because he used oppression, Did violently Plunder a brother, And that which [is] not good did in the midst of his people, And lo, he is dying in his iniquity.
19 ၁၉ သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏ အပြစ်ကို မခံရသလောဟု မေးကြသော်၊ သား သည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။
And ye have said, Wherefore hath not the son, Borne of the iniquity of the father? And — the son judgment and righteousness hath done, All My statutes he hath kept, And he doeth them, he surely liveth.
20 ၂၀ ပြစ်မှားသောသူသည် အသေခံရမည်။ သား သည် အဘ၏အပြစ်ကိုမခံရ။ အဘသည် သား၏အပြစ် ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုး ကို၎င်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို၎င်း ခံရလိမ့်မည်။
The soul that doth sin — it doth die. A son doth not bear of the iniquity of the father, And a father doth not bear of the iniquity of the son, The righteousness of the righteous is on him, And the wickedness of the wicked is on him.
21 ၂၁ သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှ သော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
And the wicked — when he turneth back From all his sins that he hath done, And he hath kept all My statutes, And hath done judgment and righteousness, He doth surely live, he doth not die.
22 ၂၂ ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက် ၌ မမှတ်ရ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက် ရှင်ရလိမ့်မည်။
All his transgressions that he hath done Are not remembered to him, In his righteousness that he hath done he liveth.
23 ၂၃ မတရားသောသူသည်မိမိအကျင့် တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ် သော ပျော်မွေ့ခြင်းရှိသလော။
Do I at all desire the death of the wicked? An affirmation of the Lord Jehovah, Is it not in his turning back from his way — And he hath lived?
24 ၂၄ သို့ရာတွင်။ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ် အမှုတို့ကို၎င်းပြုလျှင်၊ အသက်ရှင်ရမည် လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသော အပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
And in the turning back of the righteous from his righteousness, And he hath done perversity, According to all the abominations That the wicked hath done, he doth — thus he liveth, All his righteousnesses that he hath done are not remembered, For his trespass that he hath trespassed, And for his sin that he hath sinned, For them he doth die.
25 ၂၅ သို့သော်လည်း သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက် ကောက်သည် မဟုတ်လော။
And ye have said, Not pondered is the way of the Lord. Hear, I pray you, O house of Israel, My way — is it not pondered? Are not your ways unpondered?
26 ၂၆ တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။
In the turning back of the righteous from his righteousness, And he hath done perversity, And he is dying by them, for his perversity That he hath done he dieth.
27 ၂၇ ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။
And in the turning back of the wicked From his wickedness that he hath done, And he doth judgment and righteousness, He his soul doth keep alive.
28 ၂၈ ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
And he seeth and turneth back, From all his transgressions that he hath done, He doth surely live, he doth not die,
29 ၂၉ သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသ ရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော။
And the house of Israel have said, Not pondered is the way of the Lord, My ways — are they not pondered? O house of Israel — are not your ways unpondered?
30 ၃၀ သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
Therefore, each according to his ways I judge you, O house of Israel? An affirmation of the Lord Jehovah, Turn ye back, yea, turn yourselves back, From all your transgressions, And iniquity is not to you for a stumbling-block,
31 ၃၁ သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှု တို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သော စိတ် သဘောကို ပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလို သနည်း။
Cast from off you all your transgressions, By which ye have transgressed, And make to you a new heart, and a new spirit, And why do ye die, O house of Israel?
32 ၃၂ အသေခံရသော သူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။
For I have no pleasure in the death of the dying, An affirmation of the Lord Jehovah, And turn ye back and live!