< ယေဇကျေလ 15 >
1 ၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည့် ငါ့ဆီသို့ ရောက်လာ၍၊
Și cuvântul DOMNULUI a venit la mine, spunând:
2 ၂ အချင်းလူသား၊ သစ်တော၌ သစ်ခက်သာမည် ဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သား ထက်မြတ်သောအရာ တစုံတခုရှိသလော။
Fiu al omului, Cu ce este lemnul de viță mai mult decât alt lemn, [sau decât] o ramură care este printre copacii pădurii?
3 ၃ တစုံတခုကို လုပ်အံ့သောငှါ စပျစ်နွယ်သားကို ယူတတ်သလော။ တစုံတခုကို ဆွဲထားစရာတံစို့ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော။
Va fi luat din el lemn pentru a face vreo lucrare? Sau vor lua oamenii din el un țăruș, pentru a atârna în el vreun vas?
4 ၄ ထင်းဘို့မီးထဲသို့ ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင် တတ်သလော။
Iată, este aruncat în foc ca hrană: focul mistuie ambele lui capete și mijlocul lui este ars. Este bun pentru [vreo] lucrare?
5 ၅ မီးမလောင်မှီအသုံးမဝင်လျှင်၊ မီးလောင်၍ ကျွမ်းပြီးမှအသုံးမဝင်ဟု သာ၍ဆိုဘွယ်ရှိသည် မဟုတ် လော။
Iată, când acesta era întreg, nu era bun pentru nicio lucrare; totuși, cu cât mai puțin va fi bun pentru [vreo] lucrare, după ce focul îl mistuie și este ars?
6 ၆ ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ တောသစ်ပင်တွင် မီးမွေးစရာဟင်းဘို့ငါ အပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ် မည်။
De aceea astfel spune Domnul DUMNEZEU: Ca lemnul de viță printre copacii pădurii, pe care l-am dat focului ca hrană, astfel voi da [și] pe locuitorii Ierusalimului.
7 ၇ သူတို့တဘက်၌ ငါသည် မျက်နှာကိုထားမည်။ သူတို့သည် မီးတပုံမှထွက်၍ တပုံ၌လောင်လိမ့်မည်။ သူတို့တဘက်၌ ငါသည် မျက်နှာကို ထားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။
Și îmi voi întoarce fața împotriva lor: ei vor ieși dintr-[un] foc, și [un alt] foc îi va mistui; și veți cunoaște că eu [sunt] DOMNUL, când îmi voi întoarce fața împotriva lor.
8 ၈ သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသော ကြောင့်၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံရာ အရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Și voi face țara un pustiu, pentru că au făcut fărădelege, spune Domnul DUMNEZEU.