< ယေဇကျေလ 10 >
1 ၁ တဖန် ငါကြည့်ရှု၍၊ ခေရုဗိမ်၏ခေါင်းတို့ အထက်မိုဃ်းမျက်နှာကြက်၌နီလာကျော်ကဲ့သို့၊ ရာဇပလ္လင် ၏ သဏ္ဌာန်အရောင်သည် ထင်ရှား၏။
Hottelah, bout ka khet teh, cherubim e lû lathueng kalvan dawkvah Sapphire talung a phukaawm poung patetlah bawitungkhung hoi kâvan e arong a kamnue.
2 ၂ ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဘက်နှင့် ကျုံးပြီး လျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌သွား၏။
Ahni ni loukloukkaang e hni kâkhu e koe, cherubim e rahak kaawm e hraba hah kut kahni touh hoi pham nateh, khopui thung kahei haw atipouh e patetlah ahni teh ka hmaitung vah a cei.
3 ၃ ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ျာဘက်မှာရပ်၍၊ အတွင်းတန်တိုင်းသည် မိုဃ်းတိမ် နှင့်ပြည့်၏။
Tami a kâen navah, cherubim teh, bawkim aranglah a kangdue awh. Im teh tâmai hoi a kawi teh, thongma teh tâmai hoi a kawi.
4 ၄ ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ် အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုဃ်းတိမ်းနှင့်ပြည့်၏။တန်တိုင်းသည် လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့်ပြည့်၏။
BAWIPA bawilennae teh cherubim koehoi a luen teh, bawkim takhang van vah a kangdue. Im teh tâmai hoi akawi teh thongma teh BAWIPA bawilennae raeng hoi a kawi.
5 ၅ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူ သော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြား ရ၏။
Cherubim rathei takhawng pawlawk teh, thongma alawilah Cathut Athakasaipounge ni tami a pato lahunnae lawk patetlah thai e lah ao.
6 ၆ ပိတ်အဝတ်ကိုဝတ်သောသူအားလည်း၊ ရထား ဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။
Loukloukkaang e ka kho e koevah, lengkhok rahak hoi hmai hah lat haw telah a dei toteh, a kâen teh lengkhok teng a kangdue.
7 ၇ ခေရုဗိမ်တပါးသည် ခေရုဗိမ်စုထဲက လက်ကို ဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်း ခံယူ၍ထွက်သွား၏။
Cherubim buet touh ni cherubim thung hoi a kut a dâw teh, cherubim rahak dawk kaawm e hmai a la hnukkhu, loukloukkaang e kâkhu e a kut dawk a poe e teh, ahni ni hai a dâw teh a tâco.
8 ၈ ခေရုဗိမ်အတောင်အောက်၌ လူလတ်ကိုလည်း ငါမြင်၏။
Cherubim rathei rahim vah tami kut patet e a kamnue.
9 ၉ ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီး တခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်း အရောင်ရှိ၏။
Ka khet navah, cherubim e teng vah lengkhok buet touh lengkaleng ao. Lengkhoknaw teh, Beril talung phukaawm komthawm e patetlah ao.
10 ၁၀ ဘီးလေးခုတို့သည်ပုံသဏ္ဌာန်တညီတည်းရှိ၍၊ ဘီးတခုထဲ၌ ဘီးတခုတပ်သကဲ့သို့ရှိကြ၏။
Lengkhok pali touh teh sue a kâvan awh. Lengkhok buet touh e thung vah, alouke lengkhok kaawm e patetlah ao.
11 ၁၁ သွားသောအခါ ဘီးလေးမျက်နှာတညီတည်း နေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာပြုသော ဘက်သို့လိုက်၍ မလှည့်ဘဲ သွားကြ၏။
A cei awh navah pali touh lahoi rei a kangvawi e patetlah hmalah a cei awh teh, a cei awh nahai kamlang boi awh hoeh. Hatei pasuek kangvawi e koelah a cei awh. A cei awh navah kamlang boi awh hoeh.
12 ၁၂ ဘီးလေးခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော၊ လက်၊ အတောင်မှစ၍ တကိုယ်လုံး၌ မျက်စိနှင့် ပြည့်ကြ၏။
A tak abuemlah a hnukkhu lae a kut naw, a rathei hoi lengkhok hai mit hoi akawi awh.
13 ၁၃ ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ် သည်ကို ငါကြား၏။
Lengkhoknaw teh, a hnâthainae koe roeroe lengkhok telah tie lah ao.
14 ၁၄ ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပဌမ မျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။
Cherubim teh minhmai pali touh rip a tawn awh teh, apasueke minhmai teh cherubim minhmai, apâhni e minhmai teh tami minhmai, apâthum e minhmai teh sendek e minhmai, apali e minhmai teh mataw minhmai doeh.
15 ၁၅ ထိုခေရုဗိမ်တို့သည် ချီကြွလျက် ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။
Cherubim teh a luen awh. Hethateh, Kebar palang teng e moithang ka hmu e hah doeh.
16 ၁၆ ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှ တက်အံ့သောငှါ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့ သည် မကွာဘဲလိုက်ကြ၏။
Cherubim ni a cei awh toteh, lengkhok ni tang a kâbang sin. Cherubim ni talai hoi luen hanelah a rathei a pho awh navah, lengkhok ni hai cettakhai boihoeh.
17 ၁၇ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ ၍တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။
Kangdout awh pawiteh a kangdue awh van, luen awh pawiteh a luen awh van. Bangkongtetpawiteh, moithang muitha teh ahnimouh dawk ao.
18 ၁၈ ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ ၏။
BAWIPA bawilennae teh, bawkim takhang koehoi a tâco teh cherubim lathueng vah a kangdue.
19 ၁၉ ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင် တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ်တော်ရှေ့တံခါးဝမှာ ရပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက် ရှိ၏။
Cherubim ni ka hmaitung vah a rathei a kadai awh teh, talai dawk hoi a luen awh. Alawilah a tâco awh navah, lengkhoknaw ni a kâbang sin. BAWIPA e im hmalah longkha tho koe a kangdue awh teh, Isarel imthung e Cathut bawilennae teh ahnimouh lathueng vah ao.
20 ၂၀ ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလ အမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။
Hetheh Kebar palang Isarel Cathut rahim e moithang ka hmu e doeh, Cherubim tie ka panue.
21 ၂၁ သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးလုံး စီရှိ၍၊ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။
Ahnimouh ni minhmai 4, rathei 4 lengkaleng a tawn awh teh, a rathei rahim vah tami kut hoi kâvan e ao.
22 ၂၂ မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူး သောမျက်နှာနှင့်တူ၏။ ကိုယ်အဆင်းအရောင်လည်း တူ၏။ ထိုသူလေးပါးတို့သည် တည့်တည့် သွားတတ်ကြ၏။
A meilam a kamnuenae teh Kebar palang e ka hmu e mei hoi a kâvan. a takthai hai rei a kâvan. Hote pali touh e naw teh a hmalah phouk a cei awh.