< ထွက်မြောက်ရာ 8 >

1 ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင်ထံသို့ဝင်၍ ငါ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့။
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍`ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု နိုင်​ရန် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​ပြု လော့။-
2 မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။
သင်​သည်​သူ​တို့​ကို​သွား​ခွင့်​မ​ပြု​လျှင် ငါ သည်​သင်​၏​တစ်​တိုင်း​ပြည်​လုံး​ကို​ဖား​ဖြင့် ဒဏ်​ခတ်​မည်။-
3 မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည် သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာ ပေါ်၌၎င်း၊ သင်၏ကျွန်တို့ အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း တက်ကြလိမ့်မည်။
မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-
4 သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့ အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ သည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
ဖား​တို့​သည်​သင်​နှင့်​သင်​၏​မှူး​မတ်၊ ပြည်​သူ​တို့ အ​ပေါ်​သို့​ခုန်​တက်​ကြ​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
5 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကို ကိုင်လျက်၊ လက်ကို ဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကို တက်စေ ခြင်းငှါ ပြောလော့ဟု မိန့်တော်မူ၏။
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြစ် များ၊ ချောင်း​များ၊ အင်း​အိုင်​များ​ပေါ်​သို့​သင်​၏ တောင်​ဝှေး​ကို​ကိုင်​၍​လက်​ကို​ဆန့်​သော​အား ဖြင့်​ဖား​များ​တက်​လာ​၍ အီ​ဂျစ်​တစ်​ပြည်​လုံး တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​လော့'' ဟု​မော​ရှေ အား​မိန့်​တော်​မူ​၏။-
6 အာရုန်သည် အဲဂုတ္တုပြည်၌ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဘားတို့သည်တက်၍ အဲဂုတ္တု ပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ၏။
ထို့​ကြောင့်​အာ​ရုန်​သည်​ရေ​ပြင်​ရှိ​သ​မျှ​ပေါ် သို့​သူ​၏​လက်​ကို​ဆန့်​သ​ဖြင့် ဖား​များ​အ​လွန် မြောက်​မြား​စွာ​တက်​လာ​၍​အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​ဖား​တို့​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​လေ​၏။-
7 ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင် ကြ၏။
မှော်​ဆ​ရာ​တို့​က​လည်း​မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ဖား​များ​တက် လာ​စေ​ကြ​၏။
8 ထိုအခါ ဖါရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော် ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။
ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍ ``ငါ​နှင့်​ငါ​၏​ပြည်​သား​တို့​ထံ​မှ ဖား​တို့​ကို​ဖယ်​ရှား​ပေး​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပါ​လော့။ သို့​ပြု​လျှင်​သင်​တို့​၏ အ​မျိုး​သား​များ ထာ​ဝ​ရ​ဘု​ရား​ကို​ယဇ် ပူ​ဇော်​ရန်​သွား​ခွင့်​ကို​ငါ​ပြု​မည်'' ဟု​ဆို​၏။
9 မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေ ခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊
မော​ရှေ​က``ကိုယ်​တော်​နှင့်​ကိုယ်​တော်​၏​မှူး​မတ် ပြည်​သူ​တို့​၏​အိမ်​များ​မှ​ဖား​တို့​ကို​ဖယ်​ရှား ၍ နိုင်း​မြစ်​ထဲ​၌​သာ​ဖား​များ​နေ​စေ​ရန်​မည် သည့်​အ​ချိန်​တွင်​ဆု​တောင်း​ပေး​ရ​ပါ​မည် နည်း'' ဟု​မေး​လျှောက်​သော်၊
10 ၁၀ နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ်၍၊
၁၀ဖာ​ရော​ဘု​ရင်​က``နက်​ဖြန်​နေ့​တွင်​ဆု​တောင်း ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။ ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​ပြော​သည် အ​တိုင်း ဆု​တောင်း​ပေး​ပါ​မည်။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​တူ သော အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကိုယ်​တော် သိ​ပါ​လိမ့်​မည်။-
11 ၁၁ ဘားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှထွက်သွား၍ မြစ်၌သာ နေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင်၊
၁၁ဖား​တို့​ကို​ကိုယ်​တော်​၏​နန်း​တော်​နှင့်​ကိုယ် တော်​၏​မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ​ဖယ်​ရှား​၍ မြစ်​ထဲ​၌​သာ​နေ​စေ​လိမ့်​မည်'' ဟု​လျှောက် ထား​ပြီး​လျှင်၊-
12 ၁၂ အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော် မူသော ဘားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပဌနာပြုလေ၏။
၁၂မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ထံ​မှ​ထွက် ခဲ့​ကြ​၏။ ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​သင့်​စေ သော​ဖား​များ​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အ​တွက် မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း လေ​၏။-
13 ၁၃ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့်၊ ဘားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။
၁၃ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​မော​ရှေ​ဆု​တောင်း သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်​အိမ်​များ၊ ခြံ များ၊ လယ်​ကွင်း​များ​ထဲ​ရှိ​ဖား​များ​သေ​ကြ ကုန်​၏။-
14 ၁၄ အသေကောင်တို့ကို စုပုံ၍ထားသဖြင့် တပြည်လုံး နံလေ၏။
၁၄အီ​ဂျစ်​ပြည်​သား​တို့​သည်​ဖား​သေ​ကောင်​များ ကို​စု​ပုံ​ထား​ကြ​ရာ​တစ်​ပြည်​လုံး​တွင်​နံ​စော် လျက်​ရှိ​လေ​၏။-
15 ၁၅ ဖါရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ၏။
၁၅တိုင်း​ပြည်​တွင်​အ​ခြေ​အ​နေ​ကောင်း​လာ​ကြောင်း ကို​တွေ့​မြင်​ရ​သော​အ​ခါ၊ ဘု​ရင်​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စကား ကို​နား​မ​ထောင်​ဘဲ​နေ​လေ​၏။
16 ၁၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ရှိသော မြေမှုန်သည် ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍၊ မြေမှုန့်ကို ရိုက်စေခြင်း ငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
၁၆တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြေ ကြီး​ကို​သင်​၏​တောင်​ဝှေး​နှင့်​ရိုက်​လော့။ အီ​ဂျစ် တစ်​ပြည်​လုံး​တွင်​မြေ​မှုန့်​ရှိ​သ​မျှ​သည်​တော ခြင်​များ​ဖြစ်​လာ​လိမ့်​မည်​ဟု​ပြော​လော့'' ဟူ ၍​မော​ရှေ​အား​မိန့်​တော်​မူ​၏။-
17 ၁၇ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍ မြေမှုန့်ကို ရိုက်လေ၏။ မြေမှုန့်သည်လည်း လှံ၌၎င်း၊ တိရစ္ဆာန်၌၎င်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တရှောက်လုံး၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ် လေ၏။
၁၇ထို့​ကြောင့်​အာ​ရုန်​သည်​တောင်​ဝှေး​ဖြင့်​မြေ ကြီး​ကို​ရိုက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မြေ​မှုန့် ရှိ​သ​မျှ​သည်​တော​ခြင်​ဖြစ်​လာ​၍ လူ​နှင့် တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ်​လေ​၏။-
18 ၁၈ ဝိဇ္ဇာဆရာကိုလည်း၊ ခြင်ကောင်တို့ကို ဖြစ်စေ ခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင် ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ခြင်ကောင်တို့သည် ရှိကြ၏။
၁၈မှော်​ဆ​ရာ​တို့​လည်း​မိ​မိ​တို့​၏​အ​တတ်​ပ​ညာ ဖြင့် တော​ခြင်​များ​ဖြစ်​လာ​ရန်​အား​ထုတ်​ကြ သော်​လည်း​မ​အောင်​မြင်​ကြ​ချေ။ တော​ခြင် များ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ် လေ​သည်။-
19 ၁၉ ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရား သခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
၁၉ထို​အ​ခါ​မှော်​ဆ​ရာ​တို့​က​ဘု​ရင်​အား``ဤ အ​မှု​အ​ရာ​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ဖြစ်​၏'' ဟု​လျှောက်​ကြ​၏။ သို့ ရာ​တွင်​ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား မ​ထောင်​ဘဲ​နေ​လေ​၏။
20 ၂၀ ထာဝရဘုရားကလည်း၊ သင်သည် နံနက် စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖါရော ဘုရင်ရှေ့မှာ ရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
၂၀တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``နံ​နက် စော​စော​အ​ချိန်​၌​ဘု​ရင်​သည်​ရေ​ဆိပ်​သို့​သွား သော​အ​ခါ သူ​နှင့်​တွေ့​ဆုံ​၍`ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-
21 ၂၁ မလွှတ်ဘဲနေလျှင် သင်နှင့်သင်၏ကျွန်များ၊ လူ များ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တု လူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည်။
၂၁သွား​ခွင့်​မ​ပြု​လျှင်​သင်​နှင့်​သင်​၏​မှူး​မတ် ပြည်​သူ​တို့​ထံ​သို့​မှက်​ကောင်​များ​ကို​ငါ စေ​လွှတ်​မည်။ အီ​ဂျစ်​ပြည်​သား​တို့​၏​အိမ် များ​နှင့်​မြေ​တစ်​ပြင်​လုံး​ကို​မှက်​ကောင် များ​ဖြင့်​ပြည့်​စေ​မည်။-
22 ၂၂ ငါသည် မြေကြီးအလယ်၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့၌ ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။
၂၂ထို​နေ့​တွင်​ငါ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​ကို​ချန်​လှပ်​၍​ထား​သ​ဖြင့် ထို ဒေ​သ​၌​မှက်​ကောင်​မ​ရှိ​စေ​ရ။ ထို​သို့​ပြု​ခြင်း အား​ဖြင့်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည် တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​သိ​ရ​လိမ့်​မည်။-
23 ၂၃ ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနား စေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
၂၃ငါ​သည်​ငါ​၏​လူ​မျိုး​တော်​နှင့်​သင်​၏​လူ​မျိုး ကို​ခြား​နား​၍​ထား​မည်။ ဤ​နိ​မိတ်​လက္ခ​ဏာ ကို​နက်​ဖြန်​နေ့​တွင်​ငါ​ပြ​မည်' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ပြော​လော့'' ဟူ​၍ မိန့်​တော်​မူ​သည်။-
24 ၂၄ ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန် ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖါရောဘုရင်အိမ် အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက် လေ၏။
၂၄ထာ​ဝ​ရ​ဘု​ရား​သည်​မှက်​ကောင်​အုပ်​ကြီး​များ ကို​ဘု​ရင်​၏​နန်း​တော်၊ မှူး​မတ်​တို့​၏​အိမ်​များ နှင့်​အီ​ဂျစ်​တစ်​ပြည်​လုံး​သို့​စေ​လွှတ်​တော်​မူ ၏။ မှက်​ကောင်​များ​ကြောင့်​တိုင်း​ပြည်​ပျက် ရ​လေ​၏။
25 ၂၅ ထိုအခါ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန် ကို ခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌သင်တို့၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊
၂၅ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍``သင်​တို့​၏​ဘု​ရား​အား​ဤ​ပြည် ထဲ​၌​ယဇ်​ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။
26 ၂၆ မောရှေက ထိုသို့မပြုသင့်။ ပြုလျှင်အဲဂုတ္တုလူ တို့၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော် လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။
၂၆မော​ရှေ​က``အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ယဇ်​ကောင် များ​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့​က​ရွံ​ရှာ ကြ​မည်​ဖြစ်​သော​ကြောင့် ထို​ကဲ့​သို့​မ​ပြု​လုပ် သင့်​ပါ။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယဇ် ကောင်​များ​ပူ​ဇော်​ခြင်း​ကို​မြင်​လျှင် အ​ကျွန်ုပ် တို့​အား​ခဲ​နှင့်​ပစ်​၍​သတ်​ကြ​ပါ​လိမ့်​မည်။-
27 ၂၇ သို့ဖြစ်၍ တော၌သုံးရက်ခရီးသွား၍ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို၏။
၂၇အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း တော​ကန္တာ​ရ သို့​သုံး​ရက်​ခ​ရီး​သွား​၍​ယဇ်​ပူ​ဇော်​ရ​ပါ မည်'' ဟု​လျှောက်​ဆို​၏။
28 ၂၈ ဖါရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကို ငါပေးမည်။ သို့ရာတွင် ဝေးဝေး မသွားရကြ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ၏။
၂၈ဖာ​ရော​ဘု​ရင်​က``သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တော​ကန္တာ​ရ​၌​ယဇ်​ပူ ဇော်​ရန်​ငါ​စေ​လွှတ်​မည်။ သို့​ရာ​တွင်​ခ​ရီး ဝေး​မ​သွား​ရ။ ငါ့​အ​တွက်​ဆု​တောင်း​ပေး ပါ​လော့'' ဟု​ဆို​လေ​၏။
29 ၂၉ မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ မှ ထွက်သွား၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ၏ ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသ ရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည် အကြောင်း၊ နောက်တဖန် ဆီးတား၍ လှည့်စားတော် မမူပါနှင့်ဟု လျှောက်ပြီးလျှင်၊
၂၉မော​ရှေ​က``နက်​ဖြန်​နေ့​တွင်​ကိုယ်​တော်​နှင့် မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ မှက်​ကောင်​များ​ကို ဖယ်​ရှား​ပေး​ရန်​ယ​ခု​ကိုယ်​တော်​ထံ​မှ​ထွက် သွား​လျှင်​သွား​ချင်း ထာ​ဝ​ရ​ဘု​ရား​ထံ​၌ ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ယဇ်​ပူ​ဇော်​ရန်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ အား ယ​ခု​သွား​ခွင့်​ပြု​ပြီး​မှ​မ​သွား​ရ​ဟု နောက်​တစ်​ဖန်​မ​လှည့်​စား​မ​တား​ဆီး​ပါ နှင့်'' ဟု​လျှောက်​ထား​လေ​၏။
30 ၃၀ ဖါရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကို တောင်းပန်လေ၏။
၃၀ထို​နောက်​မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​၌​ဆု​တောင်း လေ​၏။-
31 ၃၁ ထာဝရဘုရားသည်လည်း၊ မောရှေစကားကို နားထောင်၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တကောင်မျှ မကျန်စေခြင်းငှါ ပယ်ရှား တော်မူ၏။
၃၁ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ဆု​တောင်း​သည့် အ​တိုင်း ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ​တို့​ထံ​၌ မှက်​တစ်​ကောင်​မျှ​မ​ကျန်​စေ​ရန်​မှက်​အား​လုံး ကို​ဖယ်​ရှား​တော်​မူ​၏။-
32 ၃၂ ထိုအခါ၌လည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
၃၂သို့​ရာ​တွင်​ဘု​ရင်​သည်​ယ​ခု​အ​ကြိမ်​၌​လည်း ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​သွား​ခွင့်​မ​ပြု​ချေ။

< ထွက်မြောက်ရာ 8 >