< ထွက်မြောက်ရာ 7 >
1 ၁ ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖါရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည်၊ သင်၏ပရောဖက် ဖြစ်ရလိမ့်မည်။
၁ထာဝရဘုရား ကလည်း၊ သို့ဖြစ်၍ သင့် ကိုဖါရော ဘုရင်၏ ဘုရား အရာ၌ ငါခန့် ထား၏။ သင် ၏အစ်ကို အာရုန် သည်၊ သင် ၏ပရောဖက် ဖြစ် ရလိမ့်မည်။
2 ၂ ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည်။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။
၂ငါမိန့် တော်မူသမျှ တို့ကို သင် သည် ပြန်ပြော ရမည်။ ဖါရောဘုရင်သည် ဣသရေလ အမျိုးသား တို့ကို မိမိ ပြည် မှ လွှတ် လိုက်ရမည်အကြောင်း ကို၊ သင် ၏အစ်ကို အာရုန် သည် သူ့ ထံ၌ လျှောက် ရမည်။
3 ၃ ငါသည်လည်း ဖါရောမင်း၏ နှလုံးကို ခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည်။
၃ငါ သည်လည်း ဖါရော မင်း၏ နှလုံး ကို ခိုင်မာ စေ၍ ၊ အဲဂုတ္တု ပြည် ၌ ငါ ၏နိမိတ် လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို များပြား စေမည်။
4 ၄ သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။
၄သို့သော်လည်း ဖါရော မင်းသည် သင် တို့စကားကို နား မ ထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့ လက် ကို အဲဂုတ္တု ပြည်အပေါ် မှာတင် ၍ ကြီးစွာ သောဒဏ်ခတ် ခြင်းအားဖြင့် ငါ ၏ဗိုလ်ပါ များ၊ ငါ ၏လူ ဣသရလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် မည်။
5 ၅ ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
၅ထိုသို့ အဲဂုတ္တု ပြည်အပေါ် မှာ ငါ့ လက် ကိုဆန့် ၍ ၊ ဣသရေလ အမျိုးသား တို့ကို သူ တို့အထဲ မှ နှုတ်ဆောင် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
6 ၆ မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ၏။
၆မောရှေ နှင့် အာရုန် တို့သည် ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ပြု ကြ၏။
7 ၇ ဖါရောဘုရင်ထံ၌ လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏ အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။
၇ဖါရော ဘုရင်ထံ ၌ လျှောက် ကြသောအခါ ၊ မောရှေ ၏အသက် သည် အနှစ် ရှစ်ဆယ် ရှိ၏။ အာရုန် ၏ အသက် သည် အနှစ် ရှစ်ဆယ် သုံး နှစ်ရှိ၏။
8 ၈ တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
၈တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်ကား၊
9 ၉ ဖါရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသော တန်ခိုးကို ပြလော့ဟုဆိုလျှင်၊ သင်၏ လှံတံကိုယူ၍ ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၉ဖါရော ဘုရင်က၊ သင် တို့အတွက် ထူးဆန်း သော တန်ခိုးကို ပြ လော့ဟုဆို လျှင် ၊ သင် ၏ လှံတံ ကိုယူ ၍ ရှေ့တော်၌ချ လော့ဟု အာရုန် အား ပြော လော့။ လှံတံသည်လည်း မြွေ ဖြစ် လိမ့်မည်ဟု မိန့်တော်မူ၏။
10 ၁၀ မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့်၊ အာရုန်သည် ဖါရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။
၁၀မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံ သို့ဝင် ၍ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု သဖြင့်၊ အာရုန် သည် ဖါရော ဘုရင်ရှေ့၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချ ၍ မြွေ ဖြစ် လေ၏။
11 ၁၁ ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု၍၊
၁၁ထိုအခါ ဖါရော ဘုရင်သည် ပညာရှိ များ၊ ပြုစား တတ်သောသူများတို့ကိုခေါ် ၍ ၊ အဲဂုတ္တု အမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ ၊
12 ၁၂ မိမိတို့ကိုင်သော လှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏ လှံတံများကို မျိုလေ၏။
၁၂မိမိ တို့ကိုင်သော လှံတံ များကိုချ ၍ မြွေ ဖြစ် ကြလေ၏။ သို့သော်လည်း အာရုန် ၏လှံတံ သည် သူ တို့၏ လှံတံ များကို မျို လေ၏။
13 ၁၃ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နား မထောင်ဘဲနေ၏။
၁၃ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
14 ၁၄ ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။
၁၄ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ ဣသရေလလူ တို့ကို မ လွှတ်ဘဲနေ၏။
15 ၁၅ နံနက်အချိန်၌ ဖါရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။
၁၅နံနက် အချိန်၌ ဖါရော ဘုရင်ထံ သို့သွား လော့။ သူသည် ရေ ဆိပ်သို့ သွား လိမ့်မည်။ သူမရောက်မှီ သင် သည် မြစ် ကမ်းနား မှာ ရပ် နေလော့။ မြွေ ဖြစ် သော လှံတံ ကိုလည်း လက် တွင် ကိုင် လော့။
16 ၁၆ ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား။
၁၆ဟေဗြဲ အမျိုးသားတို့၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ့ လူ တို့သည်တော ၌ ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကိုလွှတ် လော့ဟု အမိန့်တော်ပါသောကျွန်ုပ် ကို ကိုယ်တော် ထံ သို့စေလွှတ် တော်မူပြီ။ ကိုယ်တော်သည် ယခု တိုင်အောင် နား မ ထောင်ဘဲနေပါသည် တကား။
17 ၁၇ ထာဝရဘုရားက၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။
၁၇ထာဝရဘုရား က ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့သိ ရမည်နည်းဟူမူကား ၊ ငါ ကိုင် သောလှံတံ နှင့် မြစ် ရေကို ရိုက် ၍ ထိုရေ သည် အသွေး ဖြစ် လိမ့်မည်။
18 ၁၈ မြစ်၌ရှိသော ငါးတို့သည်သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေ ကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
၁၈မြစ် ၌ ရှိသောငါး တို့သည်သေ ကြလိမ့်မည်။ မြစ် ရေလည်း နံ လိမ့်မည်၊ အဲဂုတ္တု လူတို့သည်လည်း မြစ် ရေ ကို ရွံ ကြလိမ့်မည် အကြောင်းကို ပြန်ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
19 ၁၉ တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ၏။
၁၉တဖန် ထာဝရဘုရား သည် မောရှေ ကို မိန့်တော်မူပြန်သည်ကား၊ အာရုန် အား သင် ၏လှံတံ ကိုယူ ၍ အဲဂုတ္တု ပြည်၌ရှိသောချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေ၊ ကန် ရေ၊ တွင်းရေ ရှိသမျှအပေါ် မှာ လက် ကိုဆန့် လော့။ ထို ရေ ရှိသမျှ တို့သည် အသွေး ဖြစ် လိမ့်မည်။ အဲဂုတ္တု ပြည် တရှောက်လုံး ၊ သစ် ခွက်၊ ကျောက် အိုး၌ မျှ မကြွင်း အသွေး ရှိ လိမ့်မည်အကြောင်းကို ပြော လော့ဟု မိန့် တော်မူ၏။
20 ၂၀ မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု၍၊ အာရုန်သည် ဖါရောဘုရင် ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။
၂၀မောရှေ နှင့် အာရုန် သည် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ၍ ၊ အာရုန်သည် ဖါရော ဘုရင် ရှေ့ ၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချီ ၍ မြစ် ရေ ကို ရိုက် သဖြင့် ၊ မြစ် ရေ ရှိသမျှ သည် အသွေး ဖြစ် လေ၏။
21 ၂၁ မြစ်၌ရှိသော ငါးတို့သည်လည်း သေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက် ရှိလေ၏။
၂၁မြစ် ၌ ရှိသောငါး တို့သည်လည်း သေ ကြ၍ ၊ မြစ် ရေနံ သောကြောင့် ၊ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် ကြ။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ အသွေး နှံ့ပြားလျက် ရှိ လေ၏။
22 ၂၂ အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။
၂၂အဲဂုတ္တု အမျိုးသားဝိဇ္ဇာဆရာ တို့လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
23 ၂၃ နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲ နေလေ၏။
၂၃နန်းတော် သို့ လှည့်လည် ပြန် သွား၍ ထို အမှုကို နှလုံး မ သွင်း ဘဲ နေလေ၏။
24 ၂၄ ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာ တွင်းတူးကြ၏။
၂၄ထိုအခါ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် သောကြောင့် ၊ သောက် ရေ ကိုရခြင်းငှါ မြစ် နား မှာ တွင်းတူး ကြ၏။
25 ၂၅ ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကို လွန်စေတော်မူ၏။
၂၅ထာဝရဘုရား သည်မြစ် ကိုဒဏ်ခတ် ၍ ခုနစ် ရက် ကိုလွန် စေတော်မူ၏။