< ထွက်မြောက်ရာ 6 >
1 ၁ ထာဝရဘုရားကလည်း၊ ငါသည် ဖါရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည် ကြီးစွာသောတန်ခိုးကို တွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကို တွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
Og Herren sagde til Mose: Nu skal du se, hvad jeg vil gøre Farao; thi ved en stærk Haand skal han lade dem fare, og ved en stærk Haand skal han uddrive dem af sit Land.
2 ၂ တဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။
Og Gud talede til Mose og sagde til ham: Jeg er Herren,
3 ၃ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော် လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကို မသိကြ။
og jeg har aabenbaret mig for Abraham, Isak og Jakob som en almægtig Gud; men ved mit Navn: „Herren!‟ var jeg ikke kendt af dem.
4 ၄ သူတို့သည် အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှါ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ။
Og Jeg har ogsaa oprettet min Pagt med dem, at give dem Kanaans Land, deres Udlændigheds Land, i hvilket de have været Udlændinge.
5 ၅ အဲဂုတ္တုလူတို့သည် အစေကျွန်ခံစေသော ဣသ ရေလအမျိုးသားတို့၏ ညဉ်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။
Og jeg har ogsaa hørt Sukket fra Israels Børn, hvilke Ægypterne have gjort til Trælle, og jeg har ihukommet min Pagt.
6 ၆ ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။
Derfor sig til Israels Børn: Jeg er Herren og vil udføre eder fra Ægypternes Byrder og fri eder af deres Trældom; og jeg vil udløse eder med en udrakt Arm og ved store Domme.
7 ၇ ငါ၏လူမျိုးဖြစ်စေခြင်းငှါ၊ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည်။
Og jeg vil tage mig eder til et Folk, og jeg vil være eder en Gud, og I skulle fornemme, at jeg er Herren eders Gud, den som udfører eder fra Ægypternes Byrder.
8 ၈ ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ ငါပို့ဆောင်၍၊ အမွေခံစရာဘို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။
Og jeg vil indføre eder i Landet, om hvilket jeg har opløftet min Haand og svoret at give Abraham, Isak og Jakob det; og jeg vil give eder det til Ejendom, jeg er Herren.
9 ၉ ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း ၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။
Og Mose talede saaledes til Israels Børn; men de hørte ikke Mose for Sjæleangst og for den haarde Trældom.
10 ၁၀ ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံသို့ဝင်၍၊
Da talede Herren til Mose og sagde:
11 ၁၁ သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
Gak ind og tal til Farao, Kongen af Ægypten, at han lader Israels Børn drage ud af sit Land.
12 ၁၂ မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖါရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
Og Mose talede for Herrens Ansigt og sagde: Se, Israels Børn høre mig ikke, og hvorledes skulde Farao høre mig? og derhos er jeg uomskaaren paa Læberne.
13 ၁၃ သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။
Og Herren talede til Mose og Aron og gav dem Befaling til Israels Børn og til Farao, Kongen af Ægypten, om at udføre Israels Børn af Ægyptens Land.
14 ၁၄ ဣသရေလအဆွေအမျိုးသူကြီးတို့၏ အမည်ဟူမူကား၊ ဣသရေလသားဦးရုဗင်၏သားကား၊ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။
Disse vare Øversterne i deres Fædrenehuse: Rubens, Israels førstefødtes, Sønner vare: Hanok og Pallu, Hezron og Karmi; disse vare Rubens Slægter.
15 ၁၅ ရှိမောင်၏သားကား၊ ယမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးသမီး မိန်းမ၏သား ရှောလတည်း။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ်၏။
Og Simeons Sønner vare: Jemuel og Jamin og Ohad og Jakin og Zohar og Saul, den kananæiskes Søn; disse vare Simeons Slægter.
16 ၁၆ လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။
Og disse vare Levi Børns Navne efter deres Slægter: Gerson og Kahath og Merari; men Levi blev hundrede og syv og tredive Aar gammel.
17 ၁၇ ဂေရရှုံသားအဆွေအမျိုးအလိုက် ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။
Og Gersons Børn vare: Libni og Simei efter deres Slægter.
18 ၁၈ ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တရာသုံးဆယ်သုံးနှစ်ရှိသတည်း။
Og Kahaths Børn vare: Amram og Jizehar og Hebron og Ussiel; og Kahath blev hundrede og tre og tredive Aar gammel.
19 ၁၉ မေရာရိသားကား၊ မဟာလိနှင့် မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း။
Og Merari Børn vare Maheli og Musi; disse ere Levi Slægter efter deres Afkom.
20 ၂၀ အာမရံသည် မိမိအရီးယောခေဗက်နှင့် စုံဘက်၍၊ သူသည် အာရုန်နှင့်မောရှေကို၎င်း၊ သူတို့အစ်မ မိရိအံကို၎င်း ဘွားလေ၏။ အာမရံအသက်သည် အနှစ်တရာ သုံးဆယ်ခုနစ်နှစ်ရှိသတည်း။
Og Amram tog sin Faders Søster Jokebed til Hustru, og hun fødte ham Aron og Mose; og Amram blev hundrede og syv og tredive Aar gammel.
21 ၂၁ ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။
Og Jizehars Sønner vare: Kora og Nefeg og Sikri.
22 ၂၂ ဩဇေလသားကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိတည်း။
Og Ussiels Sønner vare: Misael og Elzafan og Sithri.
23 ၂၃ အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမ ဧလိရှဘနှင့် စုံဘက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဘွားလေ၏။
Og Aron tog Eliseba, Amminadabs Datter, Nahassons Søster, til Hustru, og hun fødte ham Nadab og Abihu, Eleasar og Ithamar.
24 ၂၄ ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုး ဖြစ်သ တည်း။
Og Koras Børn vare: Assir og Elkana og Abiasaf; disse ere de Koraiters Slægter.
25 ၂၅ အာရုန်သား ဧလဇာသည် ပုတျေလသမီး တယောက်နှင့်စုံဘက်၍၊ သူသည် ဖိနဟတ်ကိုဘွားလေ၏။ ဤသူတို့သည် လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီး ဖြစ်ကြသတည်း။
Men Eleasar, Arons Søn, tog sig en Hustru af Putiels Døtre, og hun fødte ham Pinehas; disse ere Øversterne for Leviternes Fædrenehuse efter deres Slægter.
26 ၂၆ ထာဝရဘုရားက ဣသရေလအမျိုးသား ဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူ သောစကားကို ခံသောသူ၊
Dette er Aron og Mose, som Herren sagde til: Fører Israels Børn ud af Ægyptens Land, efter deres Hære.
27 ၂၇ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခြင်းငှါ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့်မောရှေ ဖြစ်သတည်း။
Det var dem, som talede til Farao, Kongen af Ægypten, om at udføre Israels Børn af Ægypten, det er Mose og Aron.
28 ၂၈ အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊
Og det skete paa den Dag, at Herren talede til Mose i Ægyptens Land.
29 ၂၉ ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ၏။
Og Herren talede til Mose sigende: Jeg er Herren, tal til Farao, Kongen af Ægypten, alt hvad jeg taler til dig.
30 ၃၀ မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖါရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
Og Mose sagde for Herrens Ansigt: Se, jeg er uomskaaren paa Læberne, og hvorledes skulde Farao høre mig?