< ထွက်မြောက်ရာ 5 >

1 ထိုနောက်မှ၊ မောရှေနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ ငါ့အဘို့ ပွဲခံစေခြင်းငှါ လွှတ်ရမည်ဟု မိန့်တော်မူကြောင်းကို လျှောက်၏။
Zitachitika izi, Mose ndi Aaroni anapita kwa Farao ndipo anati, “Yehova Mulungu wa Israeli akuti, ‘Aloleni anthu anga apite, kuti akachite chikondwerero cha Ine mʼchipululu.’”
2 ဖါရောမင်းကလည်း၊ ထာဝရဘုရား၏စကားကို နားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရားကို ငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ၏။
Koma Farao anati, “Yehova ndani kuti ine ndimumvere ndi kulola Aisraeli kuti apite? Ine Yehova sindikumudziwa ndipo sindilola kuti Aisraeli apite.”
3 သူတို့ကလည်း၊ ဟေဗြဲလူတို့၏ ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက် ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ထားဘေးတစုံတခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။
Ndipo iwo anati, “Mulungu wa Ahebri anakumana nafe. Chonde tiloleni tipite ulendo wa masiku atatu ku chipululu kuti tikapereke nsembe kwa Yehova Mulungu wathu, ngati sititero iye adzatipweteka ndi miliri kapena lupanga.”
4 အဲဂုတ္တုရှင်ဘုရင်ကလည်း၊ မောရှေနှင့် အာရုန်၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း။ အမှုတော်ကို သွား၍ ဆောင်ရွက်ကြဟု မိန့်တော်မူ၏။
Koma mfumu ya Igupto inati, “Mose ndi Aaroni, chifukwa chiyani mukuchititsa anthuwa kuti asagwire ntchito zawo? Bwererani ku ntchito zanu!”
5 တဖန်လည်း ပြည်တော်၌ ထိုလူတို့သည် ယခုများကြ၏။ အမှုမထမ်းစေခြင်းငှါ သင်တို့သည် အခွင့် ပေးကြသည်တကားဟု ဖါရောဘုရင်ဆို၍၊
Ndiponso Farao anati, “Taonani, anthuwa mʼdziko muno alipo ochuluka, ndipo inu mukuwaletsa kugwira ntchito.”
6 ထိုနေ့ခြင်းတွင် အအုပ်အချုပ်၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊
Pa tsiku lomwelo Farao analamulira akapitawo a thangata ndi anzawo a Chiisraeli amene ankayangʼanira anthu kuti
7 အုတ်လုပ်စရာဘို့ ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့ မပေးနှင့်။ သူတို့သည် ကောက်ရိုးကို ကိုယ်ဘို့ ရှာယူကြစေ။
“Inu musawapatsenso udzu wopangira njerwa monga mumachitira kale, iwo azipita ndi kukatenga udzu wawo.
8 အုတ်ကိုကား၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့လုပ်စေရမည်၊ အလျှင်းမလျော့စေနှင့်။ သူတို့သည် ပျင်းရိကြ၏။ ထိုကြောင့် သွား၍ငါတို့ ဘုရားသခင်အား ယဇ်ပူဇော်ကြစို့ဟု ကြွေးကြော်တတ်ကြ၏။
Koma musawachepetsere chiwerengero cha njerwa chomwe munawalamulira kale kuti aziwumba. Iwowa ndi aulesi. Nʼchifukwa chake akulira kuti, ‘Tiloleni tipite tikapereke nsembe kwa Mulungu wathu.’
9 သို့ဖြစ်၍ စည်းကြပ်လျက် လုပ်စေကြ။ ပင်ပန်းစေကြ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ၏။
Muwakhawulitse ndi ntchito anthu amenewa kuti azitanganidwa, asakhale ndi mpata omvera zabodza.”
10 ၁၀ အအုပ်အချုပ် အကြပ်အဆော်တို့သည် ထွက်၍၊ ဖါရောဘုရင်က ကောက်ရိုးကိုငါမပေး။
Choncho akapitawo a thangata ndi anzawo a Chiisraeli amene ankayangʼanira anthu anapita kwa anthu aja nati, “‘Farao akuti sadzakupatsaninso udzu.
11 ၁၁ ကောက်ရိုးကို တွေ့နိုင်ရာအရပ်၌ ရှာကြ။ သို့သော်လည်း လုပ်ရသော အလုပ်အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အား ပြန်ကြားကြ၏။
Mʼmalo mwake mupite mukadzimwetere udzu kulikonse kumene mungawupeze. Komabe ntchito yanu sichepetsedwa.’”
12 ၁၂ သို့ဖြစ်၍လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကို ရှာယူခြင်းငှါ အဲဂုတ္တုပြည်တရှောက်လုံးတွင် အရပ်ရပ် ကွဲပြားကြ၏။
Kotero anthuwo anamwazikana mʼdziko lonse la Igupto kukamweta udzu.
13 ၁၃ အုပ်ချုပ်သော သူတို့ကလည်း၊ ကောက်ရိုးကို ရသည်ကာလ၌ နေ့တိုင်းလုပ်ရသည်အတိုင်း၊ ပြီးအောင် လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ၏။
Akapitawo a thangata aja anawafulumiza anthu aja nati, “Malizani kugwira ntchito yanu ya tsiku ndi tsiku monga mmene zinalili pamene munkapatsidwa udzu.”
14 ၁၄ ဖါရောမင်း၏ အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုး အကြပ်အဆော်တို့ကို သင်တို့ သည် အရင်ကလုပ်သည်အတိုင်း၊ ယနေ့နှင့်မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြ သနည်းဟု စစ်၍ရိုက်ကြ၏။
Akapitawo a thangata a Farao ankawamenya oyangʼanira anzawo a Chiisraeli aja nawapanikiza kuti, “Chifukwa chiyani lero simunawumbe chiwerengero chovomerezeka cha njerwa monga chakale chija?”
15 ၁၅ ထိုအခါ၊ ဣသရေလအမျိုး အကြပ်အဆော်တို့သည်၊ ဖါရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့် ဤသို့စီရင်တော်မူသနည်း။
Pamenepo oyangʼanira anzawo a Chiisraeli aja anapita kukadandaula kwa Farao kuti, “Chifukwa chiyani mwachitira antchito anu zotere?
16 ၁၆ ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သော သူတို့ကလည်း၊ အုတ်ကိုလုပ်ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော် လူတို့၌သာ အပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။
Antchito anu sakupatsidwa udzu, komabe akutiwuza kuti, ‘Umbani njerwa!’ Antchito anu akumenyedwa, koma cholakwa sichili ndi anthu anu.”
17 ၁၇ ဖါရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍ ထာဝရ ဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ ဆိုတတ်ကြ၏။
Farao anati, “Ulesi, inu ndinu alesi! Nʼchifukwa chake mukumanena kuti, ‘Mutilole tipite kukapereka nsembe kwa Yehova.’
18 ၁၈ သို့သောကြောင့် ယခုသွား၍လုပ်ကြ။ ကောက်ရိုးကိုမပေးရ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ၏။
Pitani tsopano kuntchito. Simudzapatsidwanso udzu komabe muyenera kuwumba muyeso wanu wovomerezeka wa njerwa.”
19 ၁၉ ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသ ရေလအမျိုး အကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။
Oyangʼanira anzawo a Chiisraeli anazindikira kuti ali pa mavuto pamene anawuzidwa kuti, “Musachepetse chiwerengero cha njerwa chimene muyenera kuwumba tsiku lililonse.”
20 ၂၀ ဖါရောမင်းထံမှ ထွက်သွားကြစဉ်၊ လမ်း၌ စောင့်လျက်နေသော မောရှေနှင့်အာရုန်ကို တွေ့လျှင်၊
Atachoka pamaso pa Farao, anakumana ndi Mose ndi Aaroni akuwadikira,
21 ၂၁ ထာဝရဘုရားသည် သင်တို့ကို ကြည့်ရှု၍ စီရင်တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှါ၎င်း၊ ငါတို့ကို သတ်ရသော အခွင့်ရှိစေခြင်းငှါ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ၏။
ndipo iwo anati, “Yehova akupenyeni ndi kukuweruzani popeza mwachititsa Farao ndi nduna zake kuti anyansidwe nafe ndipo mwayika lupanga mʼmanja mwawo kuti atiphe.”
22 ၂၂ မောရှေသည်လည်း၊ ထာဝရဘုရား ထံတော်သို့သွား၍၊ အိုဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ညှဉ်းဆဲတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။
Mose anabwerera kwa Yehova ndipo anati, “Chonde Ambuye, chifukwa chiyani mukuzunza anthu anu? Kodi munanditumira zimenezi?
23 ၂၃ အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့် ပြောခြင်းငှာ၊ ဇါရောမင်း ထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကို ညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏ လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟု လျှောက်၏။
Chipitireni changa kwa Farao kukamuyankhula mʼdzina lanu, iye wakhala akuzunza anthuwa, ndipo inu simunawapulumutse konse anthu anu.”

< ထွက်မြောက်ရာ 5 >