< ထွက်မြောက်ရာ 40 >

1 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
RAB Musa'ya şöyle dedi:
2 သင်သည် ပဌမလ၊ ပဌမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကို ဆောက်ရမည်။
“Konutu, yani Buluşma Çadırı'nı birinci ayın ilk günü kur.
3 တဲတော်အထဲ၌၊ သက်သေခံချက် သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။
Levha Sandığı'nı oraya getirip perdeyle gizle.
4 စားပွဲကိုလည်း သွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်း သွင်း၍၊ မီးခွက်တို့ကို ထွန်းရမည်။
Masayı içeri getir, gereken her şeyi üzerine diz. Kandilliği getirip kandillerini yak.
5 နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌ တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
Altın buhur sunağını Levha Sandığı'nın önüne koy, konutun giriş bölümüne perdesini tak.
6 ယဇ်ကောင်ရှို့ရာ ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။
Yakmalık sunu sunağını konutun –Buluşma Çadırı'nın– giriş bölümüne koy.
7 အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင် စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ ရေကို ထည့်ရမည်။
Kazanı çadırla sunak arasına koyup içine su doldur.
8 တဲတော်ပတ်လည်ဝင်းကို ထူ၍၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
Çadırın çevresini avluyla kapat, avlunun girişine perdesini as.
9 လိမ်းရန် ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်းရလိမ့်မည်။
“Sonra mesh yağıyla konutu ve içindeki bütün eşyaları meshederek kutsal kıl. Böylece konutla takımları kutsal olacak.
10 ၁၀ ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန် သန့်ရှင်းသော ပလ္လင်ဖြစ်ရမည်။
Yakmalık sunu sunağıyla takımlarını meshet, sunağı kutsal kıl. Sunak çok kutsal olacak.
11 ၁၁ အင်တုံနှင့် ခြေထောက်ကိုလည်း လိမ်း၍ သန့်ရှင်းစေရမည်။
Kazan ve kazan ayaklığını meshederek kutsal kıl.
12 ၁၂ အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။
“Harun'la oğullarını Buluşma Çadırı'nın giriş bölümüne getirip yıka.
13 ၁၃ အာရုန်သည် ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။
Harun'a kutsal giysileri giydir, bana kâhinlik etmesi için onu meshederek kutsal kıl.
14 ၁၄ သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကို ဆီလိမ်းရမည်။
Oğullarını getirip mintanları giydir.
15 ၁၅ အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ် အရာဖြစ်သတည်းဟု၊
Bana kâhinlik etmeleri için babaları gibi onları da meshet. Bu mesh onların kuşaklar boyu sürekli kâhin olmalarını sağlayacak.”
16 ၁၆ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။
Musa her şeyi RAB'bin kendisine buyurduğu gibi yaptı.
17 ၁၇ သက္ကရာဇ်နှစ်ခု၊ ပဌမလ၊ ပဌမနေ့၌ မောရှေသည် တဲတော်ကို ဆောက်လေ၏။
Böylece ikinci yılın birinci ayının birinci günü konut kuruldu.
18 ၁၈ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကို နေရာချ၍၊ ပျဉ်ပြားများကို ထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကို လျှို၍၊ တိုင်တို့ကို ထူလေ၏။
Musa konutu kurdu, tabanlarını koydu, çerçevelerini yerleştirdi, kirişlerini taktı, direklerini dikti.
19 ၁၉ တဲတော်အပေါ်မှာ တဲကို ဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ၏။
Çadırı tıpkı RAB'bin kendisine buyurduğu gibi konutun üzerine gerdi, çadır örtüsünü üzerine örttü.
20 ၂၀ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊
Antlaşma Levhaları'nı sandığa koydu, sandık sırıklarını taktı, Bağışlanma Kapağı'nı sandığın üzerine yerleştirdi.
21 ၂၁ သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။
RAB'bin kendisine buyurduğu gibi Levha Sandığı'nı konuta getirdi, bölme perdesini asarak sandığı gizledi.
22 ၂၂ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာ ထား၍၊
Masayı Buluşma Çadırı'na, konutun kuzeyine, perdenin dışına koydu.
23 ၂၃ စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။
RAB'bin huzurunda, RAB'bin kendisine buyurduğu gibi üzerine ekmekleri dizdi.
24 ၂၄ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင် ထား၍၊
Kandilliği Buluşma Çadırı'na, masanın karşısına, konutun güneyine koydu.
25 ၂၅ ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ထွန်းလေ၏။
RAB'bin kendisine buyurduğu gibi, RAB'bin huzurunda kandilleri yaktı.
26 ၂၆ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာ ထား၍၊
Altın sunağı Buluşma Çadırı'na, perdenin önüne koydu.
27 ၂၇ ထိုပလ္လင်ပေါ်၌ မွှေးသော နံ့သာပေါင်းကို မီးရှို့လေ၏။
RAB'bin kendisine buyurduğu gibi üzerinde güzel kokulu buhur yaktı.
28 ၂၈ တဲတော်တံခါးဝ၌လည်း၊ ကုလားကာကို ဆွဲကာလေ၏။
Konutun giriş bölümünün perdesini taktı.
29 ၂၉ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ ထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာ ယဇ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာကို၎င်း ပူဇော်လေ၏။
RAB'bin kendisine buyurduğu gibi yakmalık sunu sunağını Buluşma Çadırı'nın giriş bölümüne koydu, üzerinde yakmalık sunu ve tahıl sunusu sundu.
30 ၃၀ အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြား မှာထား၍၊ ဆေးစရာရေကို အင်တုံ၌ ထည့်လေ၏။
Kazanı Buluşma Çadırı ile sunak arasına koydu, yıkanmak için içine su doldurdu.
31 ၃၁ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော်၎င်း၊
Musa, Harun ve Harun'un oğulları ellerini, ayaklarını orada yıkadılar.
32 ၃၂ ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်၎င်း၊ လက်ခြေတို့ကို ဆေးရကြ၏။
Ne zaman Buluşma Çadırı'na girip sunağa yaklaşsalar RAB'bin Musa'ya buyurduğu gibi orada yıkandılar.
33 ၃၃ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ ကာသော ကုလားကာကို ဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကို ပြီးစီးစေသတည်း။
Musa konutla sunağı avluyla çevirdi. Avlunun girişine perdeyi asarak işi tamamladı.
34 ၃၄ ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။
O zaman bulut Buluşma Çadırı'nı kapladı ve RAB'bin görkemi konutu doldurdu.
35 ၃၅ ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။
Musa Buluşma Çadırı'na giremedi; çünkü bulut her yeri kaplamış, RAB'bin görkemi konutu doldurmuştu.
36 ၃၆ ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။
İsrailliler ancak bulut konutun üzerinden kalkınca göçerlerdi.
37 ၃၇ မိုဃ်းတိမ်မကွာ မမြောက်လျှင်၊ မကွာမမြောက်မှီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။
Bulut durdukça yerlerinden ayrılmaz, kalkacağı günü beklerlerdi.
38 ၃၈ ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ၏။ ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။
Böylece bütün yolculuklarında konutun üzerinde gündüzün RAB'bin bulutu, gece de ateş İsrailliler'e yol gösterdi.

< ထွက်မြောက်ရာ 40 >