< ထွက်မြောက်ရာ 4 >
1 ၁ မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရ ဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ၏။
A Ka whakahoki a Mohi, ka mea, Na, e kore ratou e whakapono ki ahau, e kore hoki e whakarongo ki toku reo; e mea hoki ratou, Kahore a Ihowa i puta mai ki a koe.
2 ၂ ထာဝရဘုရားကလည်း၊ သင်၏လက်၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟု လျှောက်၏။
A ka mea a Ihowa ki a ia, He aha tena i tou ringa? A ka mea ia, He tokotoko.
3 ၃ မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ၏။
Na ka mea ia, Maka atu ki te whenua. Na maka ana e ia ki te whenua, na, he nakahi! ko te tino rerenga o Mohi i tona aroaro.
4 ၄ ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကို ကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဘမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။
Ka mea ano a Ihowa ki a Mohi, Totoro atu tou ringa, hopukia i te hiku: ko te toronga atu o tona ringaringa, hopukina iho, na, kua tokotoko ano ki tona ringa.
5 ၅ သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။
Kia whakapono ai ratou kua puta ki a koe a Ihowa, te Atua o o ratou matua, te Atua o Aperahama, te Atua o Ihaka, te Atua o Hakopa.
6 ၆ တဖန် ထာဝရဘုရားက၊ သင်၏လက်ကိုသင်၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကို ရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။
I mea ano a Ihowa ki a ia, Tena, kuhua tou ringa ki tou uma: a kuhua ana e ia tona ringa ki tona uma; te unuhanga ano, na, kua repera tona ringa, kua rite ki te hukarere.
7 ၇ တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကို ရင်ခွင် သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။
I mea ano ia, Whakahokia ano tou ringa ki tou uma: a whakahokia ana ano e ia tona ringa ki tona uma; a, no te unuhanga i tona uma, na, kua hoki, kua rite ki tona kiri ano.
8 ၈ ထိုသူတို့သည် သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည်။
A, ki te kore ratou e whakapono ki a koe, ki te kore e whakarongo ki te reo o te tohu tuatahi, na, ka whakapono ki te reo o to muri tohu.
9 ၉ သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ၊ သင်၏ စကားကို နားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကို ယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။
A, ki te kore ano ratou e whakapono ki enei tohu e rua, ki te kore e whakarongo ki tou reo, utuhia e koe ki te wai o te awa, ka riringi ki te oneone maroke; a, ko te wai e utuhia e koe i te awa, hei toto ki runga ki te whenua maroke.
10 ၁၀ မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
Na ka ki a Mohi ki a Ihowa, E toku Ariki, ehara ahau i te pukorero, i mua, i muri ranei i tau korerotanga ki tau pononga; he reo ngoikore hoki toku he arero paremo.
11 ၁၁ ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
Na ka mea a Ihowa ki a ia, Na wai i hunga te mangai o te tangata? Na wai hoki i mea kia wahangu, kia turi, kia titiro ranei, kia matapo ranei? Ehara koia i ahau, i a Ihowa?
12 ၁၂ သို့ဖြစ်၍ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။
Na, haere, a hei tou waha ahau, ako ai i a koe ki tau e korero ai.
13 ၁၃ မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော်၊
Na ka mea ia, E toku Ariki, mau ra e nga tau e unga ai.
14 ၁၄ ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။
Na ka mura te riri a Ihowa ki a Mohi; ka mea ia, Ehara ianei a Arona Riwaiti i te tuakana nou? E matau ana ahau he pukorero ia. Ina hoki, na, e haere mai nei ia ki te whakatau i a koe; a, ka kite i a koe, ka koa tona ngakau.
15 ၁၅ သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။
A mau e korero ki a ia, e hoatu nga kupu ki tona waha: a hei tou mangai ahau, hei tona mangai hoki, whakaako ai i a korua ki ta korua e mea ai.
16 ၁၆ သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည် လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။
A ko ia hei kaikorero mau ki te iwi; a, ko ia, ina, ka ai ia hei mangai mou, ko koe hoki hei atua ki a ia.
17 ၁၇ သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော် မူ၏။
Maua atu ano tenei tokotoko i tou ringa, e mea ai koe i nga tohu.
18 ၁၈ မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။
Na haere ana a Mohi, hoki ana ki a Ietoro, ki tona hungawai, a ka mea ki a ia, Tukua ahau kia haere, kia hoki ki oku tuakana i Ihipa, kia kite kei te ora ano ranei ratou. A ka mea a Ietoro ki a Mohi, Haere i runga i te pai.
19 ၁၉ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည်၌ မောရှေအား မိန့်တော်မူ၏။
I mea ano a Ihowa ki a Mohi i Miriana, Haere, e hoki ki Ihipa: kua mate katoa hoki nga tangata i whai i a koe kia patua.
20 ၂၀ ထိုအခါ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
Na ka mau a Mohi ki tana wahine ratou ko ana tama, a whakanohoia ana ki runga ki te kaihe, a hoki ana ki te whenua o Ihipa: i tango ano a Mohi i te tokotoko a te Atua ki tona ringa.
21 ၂၁ ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။
I mea ano a Ihowa ki a Mohi, E haere koe, e hoki ki Ihipa, kia mahara kia meatia ki te aroaro o Parao ena merekara katoa kua hoatu na e ahau ki tou ringa: otiia maku e whakapakeke tona ngakau, kia kore ai ia e tuku i te iwi.
22 ၂၂ ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။
A ka mea koe ki a Parao, Ko te kupu tenei a Ihowa, Ko Iharaira taku tama, taku matamua:
23 ၂၃ ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ၏။
Ko taku kupu ano tenei ki a koe, Tukua taku tama kia mahi ki ahau: a ki te kore koe e rongo ki te tuku i a ia, na, ka patua e ahau tau tama, tau matamua.
24 ၂၄ ခရီးသွားစဉ်တွင်၊ စားခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ၏။
A i a ratou i te whare tira i te ara, na pono pu a Ihowa ki a ia, a ka whai i a ia kia whakamatea.
25 ၂၅ ထိုအခါ၊ ဇိပေါရသည် ထားကိုယူ၍ သား၏ အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပြပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို၏။
A ka tango a Hipora i tetahi kohatu koi, a kotia iho te kiri matamata o tana tama, na whakapakia ana e ia ki ona waewae, ka mea, He tane toto koe ki ahau.
26 ၂၆ ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီးမင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟု ဆိုသတည်း။
Heoi ka tuku atu ia i a ia: i reira ano ka mea te wahine, He tane toto koe; mo te kotinga hoki.
27 ၂၇ ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။
Na ka mea a Ihowa ki a Arona, Haere ki te koraha, ki te whakatau i a Mohi, A haere ana ia, a ka tutaki ki a ia ki te maunga o te Atua, ka kihi i a ia.
28 ၂၈ မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။
A korerotia ana e Mohi ki a Arona nga kupu katoa a Ihowa i unga nei i a ia, me nga tohu katoa i ako ai ia ki a ia.
29 ၂၉ ထိုသူညီနောင်နှစ်ပါးတို့သည် သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင်၊
Na haere ana a Mohi raua ko Arona, a whakaminea ana nga kaumatua katoa o nga tama a Iharaira:
30 ၃၀ အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော၍၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ၏။
Na korerotia ana e Arona nga kupu katoa i korero ai a Ihowa ki a Mohi, mahia ana hoki e ia nga tohu i te tirohanga a te iwi.
31 ၃၁ ထိုလူများတို့သည် ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို၎င်း၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ် ကြ၏။
A whakapono tonu te iwi: a, ka rongo ratou kua tae mai a Ihowa ki nga tama a Iharaira, kua titiro ki to ratou whakawhiunga, ka tuohu ratou, ka koropiko.