< ထွက်မြောက်ရာ 39 >
1 ၁ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကို၎င်း၊ အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။
၁သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ၊ ဝတ် ရသောအဝတ် ကို၎င်း၊ အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်နှင့် လုပ် လေ၏။
2 ၂ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ် သင်တိုင်းကို လုပ်ရာတွင်၊
၂ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့် ယဇ်ပုရောဟိတ်သင်တိုင်း ကို လုပ်ရာတွင်၊
3 ၃ ရွှေကို အပြားခတ်၍ ရွှေကြိုးကို လှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာ အပြောက်ထိုးလေ၏။
၃ရွှေ ကို အပြား ခတ် ၍ ရွှေ ကြိုးကို လှီး ပြီးမှ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့ကို ထူးဆန်း စွာ အပြောက်ထိုးလေ၏။
4 ၄ သိုင်းကြိုးနှစ်ပင်ကို လုပ်၍ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်လေ၏။
၄သိုင်းကြိုး နှစ်ပင်ကို လုပ် ၍ သင်တိုင်းအပေါ်နားချင်းတွဲမိ စေခြင်းငှာ ၊ တဘက် တချက်ကို ဆွဲချုပ် လေ၏။
5 ၅ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်၎င်း လုပ်လေ၏။
၅ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ သင်တိုင်း အပေါ် နား၌ ထူးဆန်းသော ရင်စည်း ကိုလည်း သင်တိုင်း ကိုယ်ကဲ့သို့ ရွှေ နှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့နှင့်၎င်း လုပ် လေ၏။
6 ၆ ရှဟံကျောက်နှစ်လုံးကို သွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏ နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။
၆ရှဟံ ကျောက် နှစ်လုံးကို သွေး ၍ တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့ဣသရေလ အမျိုး ၏ နာမ တို့ကို အက္ခရာတင် ပြီးမှ၊ ရွှေ ကျောက်အိုး ၌ ထည့် လေ၏။
7 ၇ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို အောက်မေ့ဘို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။
၇ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို အောက်မေ့ ဘို့ရာ ၊ ထိုကျောက် နှစ်လုံးကို သင်တိုင်း သိုင်းကြိုး အပေါ် မှာ တပ် လေ၏။
8 ၈ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ရင်ဖုံးကို ထူးဆန်းစွာ လုပ်လေ၏။
၈ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့်၎င်း၊ သင်တိုင်း ကို လုပ် သည်နည်းတူ ၊ ရင်ဖုံး ကို ထူးဆန်း စွာ လုပ် လေ၏။
9 ၉ ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။
၉ရင်ဖုံး နှစ်ထပ်ခေါက် လျက်၊ အလျား တထွာ ၊ အနံ တထွာ ၊ စတုရန်း လေးထောင့်ဖြစ်၏။
10 ၁၀ ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်း စီလေ၏။ ပဌမ အတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။
၁၀ထိုရင်ဖုံး ၌ ကျောက် မြတ်ကို လေး တန်း စီ လေ၏။ ပဌမ အတန်း ကား ကျောက်နီ ၊ ဥဿဖရား ၊ ပတ္တမြား။
11 ၁၁ ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။
၁၁ဒုတိယ အတန်း ကား မြ ၊ နီလာ ၊ စိန်။
12 ၁၂ တတိယအတန်းကား ဝှါကိနသု၊ မဟူရာ၊ ဂေါမိတ်။
၁၂တတိယ အတန်း ကား ဝှါကိန္တု ၊ မဟူရာ ၊ ဂေါမိတ်။
13 ၁၃ စတုတ္ထအတန်းကား မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီလေ၏။
၁၃စတုတ္ထ အတန်း ကား မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ဖြစ်၍၊ အသီးအသီး တို့ကို ရွှေ အိုး ၌ စီ လေ၏။
14 ၁၄ ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထိုကျောက်တို့၌ ထိုတဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီပါ၏။
၁၄ဣသရေလ အမျိုး တဆယ် နှစ် မျိုးရှိသည်အတိုင်း တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့၊ ထိုကျောက် တို့၌ ထိုတဆယ် နှစ်ပါး သော နာမည် အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီ ပါ၏။
15 ၁၅ ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်း ကျစ်သော ရွှေကြိုး နှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေကွင်း၌ တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲလေ၏။
၁၅ရင်ဖုံး အပေါ်ထောင့် နှစ် ခု၌ ၊ ရွှေနှစ် ကွင်း ကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်းကျစ် သော ရွှေ ကြိုး နှစ် ပင်ကို၎င်းလုပ် ပြီးမှ ၊ ထိုရွှေ ကွင်း ၌ တပ် ၍ သင်တိုင်း သိုင်းကြိုး အပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲ လေ၏။
19 ၁၉ တဖန် ရွှေနှစ်ကွင်းကို လုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု၌ တပ်လေ၏။
၁၉တဖန် ရွှေ နှစ် ကွင်း ကို လုပ် ၍ သင်တိုင်း အောက်နား မှာ ရှိသော ရင်ဖုံး အောက်ထောင့် နှစ် ခု၌ တပ် လေ၏။
20 ၂၀ အခြားသောရွှေနှစ်ကွင်းကိုလည်း လုပ်၍ သင်တိုင်းအရှေ့ဘက်အောက်နားနှင့် ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မှီရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ်လေ၏။
၂၀အခြားသောရွှေ နှစ် ကွင်း ကိုလည်း လုပ် ၍ သင်တိုင်း အရှေ့ ဘက်အောက် နား နှင့် ထူးဆန်းသော ရင်စည်း အပေါ် နားဆက်မှီ ရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ် လေ၏။
21 ၂၁ ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့် တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသော ရင်စည်းအပေါ်မှာ ဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။
၂၁ရင်ဖုံး ရွှေနှစ်ကွင်း ကို၊ သင်တိုင်း ရွှေနှစ်ကွင်း နှင့် တွဲ၍၊ ပြာ သောကြိုး ဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ရင်ဖုံး သည် ထူးဆန်းသော ရင်စည်း အပေါ်မှာ ဆွဲ ၍ သင်တိုင်း နှင့် မ ကွာ ဘဲ
22 ၂၂ ထိုမှတပါး၊ ပြာသောအထည်ကို ရက်ပြီးမှ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ၏။
၂၂ထိုမှတပါး ၊ ပြာ သောအထည်ကို ရက် ပြီးမှ၊ သင်တိုင်း နှင့်ဆိုင်သော ဝတ်လုံ ကို ထိုအထည်နှင့်သာ လုပ် လေ၏။
23 ၂၃ ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။
၂၃ဝတ်လုံ ၌ လည်စွပ်ပါ၍ လည်စွပ် ကို မ စုတ် စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။
24 ၂၄ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကို၎င်း၊
၂၄ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချောနှင့်လုပ် သော သလဲ သီးများကို၎င်း၊
25 ၂၅ ရွှေစင်ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
၂၅ရွှေ စင် ဆည်းလည်း များကို၎င်း၊ ဝတ်လုံ အောက်စွန်းနားပတ်လည် ၌ ၊
26 ၂၆ သလဲသီးတလုံး၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်း ဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသော ဝတ်လုံးကို လုပ်၍ပြီးလေ၏။
၂၆သလဲ သီးတလုံး၊ ဆည်းလည်း တလုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ အမှုတော်ကို ဆောင် ရသောဝတ်လုံ ကို လုပ် ၍ပြီးလေ၏။
27 ၂၇ တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဘို့ ရက်သော ပိတ်ချောအင်္ကျီများကို၎င်း၊
၂၇တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ရက် သော ပိတ်ချော အင်္ကျီ များကို၎င်း၊
28 ၂၈ ပိတ်ချောဗေါင်းကို၎င်း၊ တင့်တယ်သောပိတ်ချောဦးထုပ်များကို၎င်း၊ ပိတ်ချောပေါင်းဘီများကို၎င်း၊
၂၈ပိတ်ချော ဗေါင်း ကို၎င်း၊ တင့်တယ်သောပိတ်ချော ဦးထုပ် များကို၎င်း ၊ ပိတ်ချော ပေါင်းဘီ များကို၎င်း ၊
29 ၂၉ ချယ်လှယ်သော ပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို၎င်း လုပ်လေ၏။
၂၉ချယ်လှယ် သော ပိတ်ချော၊ အထည်ပြာ ၊ အထည်မောင်း ၊ အထည်နီ ဖြင့်ပြီး သော ခါးပန်း ကို၎င်းလုပ် လေ၏။
30 ၃၀ မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ်၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟု အက္ခရာတင်၍၊
၃၀မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း သော သင်းကျစ် ပြားကိုလည်း ရွှေ စင် နှင့်လုပ်၍ တံဆိပ် ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု အက္ခရာတင် ၍၊
31 ၃၁ ပြာသောကြိုးနှင့် ဗေါင်းအပေါ်နား၌ ချည်ထားလေ၏။
၃၁ပြာ သောကြိုး နှင့် ဗေါင်း အပေါ် နား၌ ချည် ထားလေ၏။
32 ၃၂ ထိုသို့ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြု၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ၏။
၃၂ထိုသို့ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အလုပ် ရှိသမျှ ကို ပြီးစီး ကြ၏။
33 ၃၃ ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲတော်နှင့် အပေါ်တဲမှစ၍၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တည်းဟူသော တဲတော်တန်ဆာရှိသမျှကို၎င်း၊
၃၃ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲ တော်နှင့် အပေါ်တဲ မှစ၍ ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တည်းဟူသောတဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
34 ၃၄ အနီဆိုးသော သိုးရေအမိုး၊ တဟာရှသားရေအမိုး၊ ကွယ်ကာရာအတွင်းကုလားကာကို၎င်း၊
၃၄အနီ ဆိုးသော သိုး ရေ အမိုး ၊ တဟာရှ သားရေ အမိုး ၊ ကွယ်ကာ ရာအတွင်းကုလားကာ ကို၎င်း၊
35 ၃၅ သက်သေခံချက်သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သူ၏အဖုံးကို၎င်း၊
၃၅သက်သေခံ ချက်သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သူ၏အဖုံး ကို၎င်း၊
36 ၃၆ စားပွဲမှစ၍ စားပွဲတန်ဆာနှင့် ရှေ့တော်မုန့်ကို၎င်း၊
၃၆စားပွဲ မှစ၍စားပွဲတန်ဆာ နှင့် ရှေ့ တော်မုန့် ကို၎င်း၊
37 ၃၇ စင်ကြယ်သော မီးခုံမှစ၍၊ ပြင်ဆင်ရသော မီးခွက်များ၊ မီးခုံတန်ဆာ ရှိသမျှနှင့် မီးထွန်းစရာ ဆီကို၎င်း၊
၃၇စင်ကြယ် သော မီးခုံ မှစ၍၊ ပြင်ဆင်ရသောမီးခွက် များ၊ မီးခုံ တန်ဆာ ရှိသမျှ နှင့် မီးထွန်း စရာ ဆီ ကို၎င်း၊
38 ၃၈ ရွှေယဇ်ပလ္လင်၊ လိမ်းရန်ဆီ၊ မီးရှို့ရာနံ့သာပေါင်းမွှေး၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကို၎င်း၊
၃၈ရွှေ ယဇ်ပလ္လင် ၊ လိမ်း ရန်ဆီ ၊ မီးရှို့ရာနံ့သာ ပေါင်းမွှေး ၊ တဲ တော်တံခါး ဝ ကာစရာ ကုလားကာ ကို၎င်း၊
39 ၃၉ ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်းဘိုး အစရှိသော တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် သူ၏ခြေထောက်ကို၎င်း၊
၃၉ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ပလ္လင် ထမ်းဘိုး အစရှိ သော တန်ဆာ ရှိသမျှ ကို၎င်း၊ အင်တုံ နှင့် သူ ၏ခြေထောက် ကို၎င်း၊
40 ၄၀ ဝင်းကုလားကာ၊ ဝင်းတိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကြိုးများ၊ တံသင်များကို၎င်း၊ တဲတော်အတွင်း၌ အမှုတော်ကို ဆောင်စရာတန်ဆာ၊ ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှကို၎င်း၊
၄၀ဝင်း ကုလားကာ ၊ ဝင်း တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါး ဝကာစရာ ကုလားကာ ကြိုး များ၊ တံသင် များကို၎င်း၊ တဲ တော်အတွင်း၌ အမှုတော်ကို ဆောင် စရာတန်ဆာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
41 ၄၁ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်၊ သူ၏သားဝတ်ရသော အဝတ်ကို၎င်း
၄၁သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ဝတ် ရသောအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ၊ သူ ၏သား ဝတ်ရသောအဝတ် ကို၎င်း၊
42 ၄၂ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ ဆောင်ခဲ့ကြ၏။
၄၂ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ် ပြီးမှမောရှေထံသို့ ဆောင်ခဲ့ကြ၏။
43 ၄၃ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှါ၊ လုပ်ကြောင်းကို မောရှေ သိမြင်သောအခါ၊ သူတို့ကို ကောင်းကြီးပေးလေ၏။
၄၃ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အလုပ် ရှိသမျှ ကို ပြီးစီးစေခြင်းငှါ၊ လုပ် ကြောင်းကို မောရှေ သိမြင် သောအခါ ၊ သူ တို့ကို ကောင်းကြီး ပေးလေ၏။