< ထွက်မြောက်ရာ 38 >
1 ၁ တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာ ယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ၏။ အမြင့်လည်း သုံးတောင်ရှိ၏။
And he made the altar of burnt-offering of acacia wood: five cubits was the length thereof, and five cubits the breadth thereof, foursquare; and three cubits the height thereof.
2 ၂ ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံလေ၏။
And he made the horns thereof upon the four corners of it; the horns thereof were of one piece with it: and he overlaid it with brass.
3 ၃ အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။
And he made all the vessels of the altar, the pots, and the shovels, and the basins, the flesh-hooks, and the firepans: all the vessels thereof made he of brass.
4 ၄ ကြေးဝါဆန်ခါကို လုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ်၌ထား၍၊
And he made for the altar a grating of network of brass, under the ledge round it beneath, reaching halfway up.
5 ၅ ထမ်းဘိုးထားရာ ဆန်ခါလေးထောင့်၌ တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။
And he cast four rings for the four ends of the grating of brass, to be places for the staves.
6 ၆ အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊
And he made the staves of acacia wood, and overlaid them with brass.
7 ၇ ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။
And he put the staves into the rings on the sides of the altar, wherewith to bear it; he made it hollow with planks.
8 ၈ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သော မိန်းမတို့၏ ကြေးဝါမှန်များကို ယူ၍ ကြေးဝါ အင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။
And he made the laver of brass, and the base thereof of brass, of the mirrors of the ministering women that ministered at the door of the tent of meeting.
9 ၉ တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင် တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်လေ၏။
And he made the court: for the south side southward the hangings of the court were of fine twined linen, a hundred cubits;
10 ၁၀ ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ၏။
their pillars were twenty, and their sockets twenty, of brass; the hooks of the pillars and their fillets were of silver.
11 ၁၁ ထိုနည်းတူ မြောက်ဘက်၌ ကာရန်အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။
And for the north side a hundred cubits, their pillars twenty, and their sockets twenty, of brass; the hooks of the pillars, and their fillets, of silver.
12 ၁၂ အနောက်ဘက်၌ ကာရန် အလျားအတောင် ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ် တဆယ်ရှိ၏။
And for the west side were hangings of fifty cubits, their pillars ten, and their sockets ten; the hooks of the pillars, and their fillets, of silver.
13 ၁၃ အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။
And for the east side eastward fifty cubits.
14 ၁၄ တံခါးဝ တဘက်တချက်၌ ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိ၏။
The hangings for the one side [of the gate] were fifteen cubits; their pillars three, and their sockets three;
and so for the other side: on this hand and that hand by the gate of the court were hangings of fifteen cubits; their pillars three, and their sockets three.
16 ၁၆ ဝင်းပတ်လည်၌ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။
All the hangings of the court round about were of fine twined linen.
17 ၁၇ တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့် မွမ်းမံလေ၏။ ဝင်းတိုင်တန်း ရှိသမျှတို့သည် ငွေတန်းဖြစ်၏။
And the sockets for the pillars were of brass; the hooks of the pillars, and their fillets, of silver; and the overlaying of their capitals, of silver; and all the pillars of the court were filleted with silver.
18 ၁၈ ဝင်းတံခါးဝ၌ ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သော ကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသော ကုလားကာနှင့် တညီတည်းဖြစ်၏။
And the screen for the gate of the court was the work of the embroiderer, of blue, and purple, and scarlet, and fine twined linen: and twenty cubits was the length, and the height in the breadth was five cubits, answerable to the hangings of the court.
19 ၁၉ ဝင်းတံခါးဝတိုင် လေးခုရှိ၍၊ ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသော ထိပ်များနှင့် ပြည့်စုံကြ၏။
And their pillars were four, and their sockets four, of brass; their hooks of silver, and the overlaying of their capitals, and their fillets, of silver.
20 ၂၀ တဲတော်တံသင်ဝင်းပတ်လည်၌ စိုက်သော တံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ၏။
And all the pins of the tabernacle, and of the court round about, were of brass.
21 ၂၁ ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာ တဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။
This is the sum of [the things for] the tabernacle, even the tabernacle of the testimony, as they were counted, according to the commandment of Moses, for the service of the Levites, by the hand of Ithamar, the son of Aaron the priest.
22 ၂၂ မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သား ဖြစ်သော၊ ဥရိ၏ သားဗေဇလေလသည် လုပ်လေ၏။
And Bezalel the son of Uri, the son of Hur, of the tribe of Judah, made all that Jehovah commanded Moses.
23 ၂၃ ထိုမှတပါး၊ ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကို လုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘလည်းရှိ၏။
And with him was Oholiab, the son of Ahisamach, of the tribe of Dan, an engraver, and a skilful workman, and an embroiderer in blue, and in purple, and in scarlet, and in fine linen.
24 ၂၄ သန့်ရှင်းရာ ဌာနတော်ပြီးအောင်လှူ၍ လုပ်သော ရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း။
All the gold that was used for the work in all the work of the sanctuary, even the gold of the offering, was twenty and nine talents, and seven hundred and thirty shekels, after the shekel of the sanctuary.
25 ၂၅ စာရင်းဝင်သော ပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တထောင်နှင့် တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။
And the silver of them that were numbered of the congregation was a hundred talents, and a thousand seven hundred and threescore and fifteen shekels, after the shekel of the sanctuary:
26 ၂၆ အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တဝက်စီ ပေးရကြ၏။
a beka a head, [that is], half a shekel, after the shekel of the sanctuary, for every one that passed over to them that were numbered, from twenty years old and upward, for six hundred thousand and three thousand and five hundred and fifty men.
27 ၂၇ ခြေစွပ်တခု၌ ငွေအခွက်တဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တထောင်နှင့် တဲတော် ခြေစွပ်၊ အတွင်းကုလားကာ ခြေစွပ်တည်းဟူသော ခြေစွပ် တရာကို သွန်းလေ၏။
And the hundred talents of silver were for casting the sockets of the sanctuary, and the sockets of the veil; a hundred sockets for the hundred talents, a talent for a socket.
28 ၂၈ ကျန်သောငွေအခွက်တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကို လုပ်၍ တိုင်ထိပ်များကို မွမ်းမံလေ၏။
And of the thousand seven hundred seventy and five [shekels] he made hooks for the pillars, and overlaid their capitals, and made fillets for them.
29 ၂၉ လှူသော ကြေးဝါပေါင်းကား အခွက်ခုနစ်ရာနှစ်ဆယ်နှင့် လေးပိဿာဖြစ်သတည်း။
And the brass of the offering was seventy talents, and two thousand and four hundred shekels.
30 ၃၀ ထိုကြေးဝါနှင့် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝခြေစွပ်၊ ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊
And therewith he made the sockets to the door of the tent of meeting, and the brazen altar, and the brazen grating for it, and all the vessels of the altar,
31 ၃၁ ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌ စိုက်သော တံသင်ရှိသမျှ ကို၎င်း လုပ်လေ၏။
and the sockets of the court round about, and the sockets of the gate of the court, and all the pins of the tabernacle, and all the pins of the court round about.