< ထွက်မြောက်ရာ 37 >
1 ၁ တဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာပေါ်နား ပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ၏။
And Bezaleel made the ark [of] shittim wood: two cubits and a half [was] the length of it, and a cubit and a half the breadth of it, and a cubit and a half the hight of it:
And he overlaid it with pure gold within and without, and made a crown of gold to it round about.
3 ၃ ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာနှစ်ကွင်းစီတပ်လေ၏။
And he cast for it four rings of gold, [to be set] by the four corners of it; even two rings upon the one side of it, and two rings upon the other side of it.
4 ၄ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
And he made staffs [of] shittim wood, and overlaid them with gold.
5 ၅ သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်း၌ လျှိုထားလေ၏။
And he put the staffs into the rings by the sides of the ark, to bear the ark.
6 ၆ အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ ရှိသော သေတ္တာအဖုံးကိုလည်း၊ ရွှေစင်နှင့်လုပ်လေ၏။
And he made the mercy-seat [of] pure gold: two cubits and a half [was] the length of it, and one cubit and a half the breadth of it.
7 ၇ ရွှေခေရုဗိမ်နှစ်ပါးကိုလည်း၊ သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်လေ၏။
And he made two cherubim [of] gold, beaten out of one piece he made them, on the two ends of the mercy-seat;
8 ၈ ထိုသို့ ခေရုဗိမ်နှစ်ပါးကို၊ သေတ္တာဖုံးကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊
One cherub on the end on this side, and another cherub on the [other] end on that side: out of the mercy-seat made he the cherubim on the two ends of it.
9 ၉ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးလျက် ရှိ၏။
And the cherubim spread out [their] wings on high, [and] covered with their wings over the mercy-seat, with their faces one to another; [even] towards the mercy-seat were the faces of the cherubim.
10 ၁၀ အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊
And he made the table [of] shittim wood: two cubits [was] its length, and a cubit its breadth, and a cubit and a half its hight:
11 ၁၁ ရွှေစင်နှင့် မွမ်းမံလေ၏။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊
And he overlaid it with pure gold, and made to it a crown of gold round about.
12 ၁၂ အနံတလက်ဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်လေ၏။
Also he made to it a border of a hand-breadth round about; and made a crown of gold for its border round about.
13 ၁၃ ရွှေလေးကွင်းကိုလည်း သွန်း၍ ခြေထောက်လေးခုအထက်၊ စားပွဲလေးထောင့်၌ တပ်လေ၏။
And he cast for it four rings of gold, and put the rings upon the four corners that [were] in its four feet.
14 ၁၄ ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်၏။
Over against the border were the rings, the places for the staffs, to bear the table.
15 ၁၅ စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့် မွမ်းမံလေ၏။
And he made the staffs [of] shittim wood, and overlaid them with gold, to bear the table.
16 ၁၆ စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။
And he made the vessels which [were] upon the table, its dishes, and its spoons, and its bowls, and its covers to cover with, [of] pure gold.
17 ၁၇ မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ၏။
And he made the candlestick of pure gold; [of] beaten work he made the candlestick; its shaft, and its branch, its bowls, its knobs, and its flowers were of the same:
18 ၁၈ မီးခုံတိုင် တဘက် တချက် သုံးလက်စီ ထွက်၍၊ အလက်ခြောက်လက်ရှိ၏။
And six branches proceeding from its sides; three branches of the candlestick from the one side of it, and three branches of the candlestick from the other side of it.
19 ၁၉ မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိ၏။
Three bowls made after the fashion of almonds in one branch, a knob and a flower; and three bowls made like almonds in another branch, a knob and a flower: so throughout the six branches proceeding from the candlestick.
20 ၂၀ မီးခုံတိုင်၌လည်းဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။
And in the candlestick [were] four bowls made like almonds, its knobs, and its flowers:
21 ၂၁ မီးခုံတိုင်ထဲက ထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိ၏။
And a knob under two branches of the same, and a knob under two branches of the same, and a knob under two branches of the same, according to the six branches proceeding from it.
22 ၂၂ ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်း ဖြစ်စေ၍ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ၏။
Their knobs and their branches were of the same: all of it [was] one beaten work [of] pure gold.
23 ၂၃ မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ၏။
And he made its seven lamps, and its snuffers, and its snuff-dishes, [of] pure gold.
24 ၂၄ မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တဆယ်နှင့် လုပ်သတည်း။
[Of] a talent of pure gold he made it, and all its vessels.
25 ၂၅ တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍ အမြင့်နှစ်တောင်ရှိလေ၏။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေ၏။
And he made the incense-altar [of] shittim wood: the length of it [was] a cubit, and the breadth of it a cubit; [it was] foursquare; and two cubits [was] the hight of it; the horns of it were of the same.
26 ၂၆ ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။
And he overlaid it with pure gold, [both] the top of it, and its sides round about, and its horns: also he made to it a crown of gold round about.
27 ၂၇ ရွှေတန်ဆာအောက် ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ပလ္လင်ထမ်းစာရာ ထမ်းဘိုးနေရာဖြစ်၏။
And he made two rings of gold for it under its crown, by the two corners of it, upon its two sides, to be places for the staffs to bear it with.
28 ၂၈ ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံလေ၏။
And he made the staffs [of] shittim wood, and overlaid them with gold.
29 ၂၉ ဆေးသမားအတတ်နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကို ၎င်း၊ နံ့သာမျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာပေါင်းစင်ကို၎င်း လုပ်လေ၏။
And he made the holy anointing oil, and the pure incense of sweet spices, according to the work of the apothecary.