< ထွက်မြောက်ရာ 36 >
1 ၁ ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဥာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
၁ထိုသို့ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း ရာဌာန၌ အမှု တော်ဆောင် စရာဘို့ ၊ အမျိုးမျိုး သောအလုပ်ကို လုပ်တတ်သော ဉာဏ် ပညာကို ထာဝရဘုရား ပေး သွင်းတော်မူသောပညာရှိ အပေါင်း တို့နှင့်တကွ ၊ ဗေဇလေလ ၊ အဟောလျဘ တို့သည် အလုပ်လုပ် ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
2 ၂ တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရားပေးတော်မူသော ဥာဏ် သဘောကို ရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကို၎င်း ခေါ်ပြီးလျှင်၊
၂တဖန် မောရှေ သည်၊ ဗေဇလေလ ၊ အဟောလျဘ ကို၎င်း ၊ ထာဝရဘုရား ပေး တော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ် လုပ် ချင်သော စေတနာစိတ် ရှိသော ပညာရှိ အပေါင်း တို့ကို ၎င်းခေါ် ပြီးလျှင်၊
3 ၃ သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်း ထပ်၍ ဆောင်ခဲ့ကြသေး၏။
၃သန့်ရှင်း ရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင် စေခြင်းငှာ ၊ ဣသရေလ အမျိုးသား တို့ ဆောင် ခဲ့သော အလှူ ရှိသမျှ ကို ထိုသူတို့သည် မောရှေ လက်မှ ခံ ကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူ ကို နံနက် တိုင်း ထပ်၍ဆောင် ခဲ့ကြသေး၏။
4 ၄ ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီး မိမိလုပ်ရာမှ၊
၄ထိုအခါ သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သော ပညာရှိ အပေါင်း တို့သည်၊ အသီးအသီး မိမိ လုပ် ရာမှ ၊
5 ၅ မောရှေထံသို့ လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ ဆောင်ခဲ့ကြ ပါပြီဟု ကြားပြောလျှင်၊
၅မောရှေ ထံသို့ လာ၍ ထာဝရဘုရား မှာ ထားတော်မူသော အလုပ် ပြီးလောက်ရုံမျှမက ၊ ပို ၍ ဆောင် ခဲ့ကြ ပါပြီဟု ကြား ပြောလျှင်၊
6 ၆ မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့ လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့် ဟု စီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။
၆မောရှေ က၊ သန့်ရှင်း ရာဌာနတော်အဘို့ လှူ ခြင်းငှာ အဘယ်ယောက်ျား မိန်းမ မျှ ထပ်မံ ၍ မ လုပ် စေနှင့် ဟု စီရင်၍၊ တတပ် လုံး၌ ကြော်ငြာ စေသဖြင့် ၊ လူ များအလှူဆောင် ခြင်းအမှုကို ဆီးတား ၏။
7 ၇ ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။
၇ရခဲ့သောဥစ္စာ သည် လုပ် ရှိသမျှ ကို ပြီးစီးလောက် ရုံမျှမက ပို လျက်ရှိ သတည်း။
8 ၈ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။
၈သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သောသူတို့ တွင် ၊ ပညာရှိ သောသူသည် ပိတ်ချော၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ပိတ်ချော ကုလားကာ ဆယ် ထည်ကို လုပ် လေ၏။
9 ၉ ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။
၉ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံတူ ၏။
10 ၁၀ ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။
၁၀ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် လေ၏။
11 ၁၁ ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။
၁၁ကုလားကာတထည် ပြင် ဘက်ကုလားကာ နား ချင်းဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ၍၊ အခြား သော ကုလားကာပြင် ဘက် ကုလားကာ နား ချင်းဆက်မှီရာ၌ လည်း ထိုအတူ လုပ် လေ၏။
12 ၁၂ ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို ၎င်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။
၁၂ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြားသော ကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို၎င်း လုပ် သဖြင့်၊ ကွင်း ချင်း ဆိုင် မိကြ၏။
13 ၁၃ ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ၏။
၁၃ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် တဲ တော် တ ဆောင်တည်းဖြစ် လေ၏။
14 ၁၄ တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။
၁၄တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် လေ၏။
15 ၁၅ ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ၏။
၁၅ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍ ကုလားကာ ဆယ် တထည် တို့သည် အလျား အနံချင်း တူ ၏။
16 ၁၆ ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်း ချုပ်လေ၏။
၁၆ကုလားကာ ငါး ထည်တစပ်၊ ခြောက် ထည်တစပ်တည်း ချုပ် လေ၏။
17 ၁၇ ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။
၁၇ကုလားကာများဆက်မှီ ရာ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည်အနား မှာ ကွင်း ငါးဆယ် ကို၎င်း၊ ဆက်မှီ သော အခြား ကုလားကာ အနား မှာ ကွင်း ငါးဆယ် ကို၎င်းလုပ် လေ၏။
18 ၁၈ ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။
၁၈ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ အပေါ်တဲ တပိုင်းနှင့် တပိုင်းကို ပူးတွဲ သဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။
19 ၁၉ အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။
၁၉အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသော သိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် လေ၏။
20 ၂၀ တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။
၂၀တဲ တော်ကာရန်ထောင် ထားသော အကာရှ ပျဉ်ပြား တို့ကိုလည်း လုပ် လေ၏။
21 ၂၁ ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။
၂၁ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိ၏။
22 ၂၂ ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။
၂၂ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက်နှစ်ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် လေ၏။
23 ၂၃ တဲတော်တောင်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊
၂၃တဲ တော်တောင် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊
24 ၂၄ ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ၏။
၂၄ထိုပျဉ်ပြား နှစ်ဆယ် တွင်၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် လေ၏။
25 ၂၅ ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊
၂၅ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊
26 ၂၆ ထိုပျဉ်ပြား၌လည်း ငွေခြေစွပ် လေးဆယ်၊ တပြားနှစ်ခုစီ လုပ်လေ၏။
၂၆ထိုပျဉ်ပြား ၌လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြား နှစ် ခုစီ လုပ်လေ၏။
27 ၂၇ တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
၂၇တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
28 ၂၈ ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြား နှစ်ပြားကို၎င်း လုပ်လေ၏။
၂၈ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် လေ၏။
29 ၂၉ အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။
၂၉အထက် ၌ ၎င်း၊ အောက် ၌၎င်း ၊ ကွင်း ကိုတပ် ၍ စေ့စပ်လျက် ထောင့် နှစ် ခုပြီး လေ၏။
30 ၃၀ ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။
၃၀ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြား နှစ် ခုစီ ရှိ လေ၏။
31 ၃၁ တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို၊ တဘက်ငါးချောင်းစီ လုပ်လေ၏။
၃၁တဲ တော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို၊ တဘက် ငါး ချောင်းစီ လုပ် လေ၏။
32 ၃၂ တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ၏။
၃၂တဲ တော်နောက်ဖေး ၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ၊ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်လေ၏။
33 ၃၃ အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ ဆုံးစေ၏။
၃၃အလယ် ကန့်လန့်ကျင် ကို ထောင့်တဘက်တချက် ၌ ဆုံး စေ၏။
34 ၃၄ ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
၃၄ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။ ကန့်လန့်ကျင် လျှို ဘို့ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။
35 ၃၅ တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
၃၅တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့်၊ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊
36 ၃၆ ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။
၃၆ထိုကုလားကာဘို့ ရွှေ ချ သော အကာရှ သားတိုင် လေး တိုင်ကို၎င်းလုပ် လေ၏။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့် ပြည့်စုံ၍၊ ငွေ ခြေစွပ် လေး ခုကိုလည်း သွန်း လေ၏။
37 ၃၇ တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသော အထည် ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
၃၇တဲ တော်တံခါး ဝ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သော အထည်၊ နီ သော အထည် ပိတ်ချော ဖြင့် ပြီး ၍ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊
38 ၃၈ ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်း လုပ်၍၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။
၃၈ထိုကုလားကာ ဘို့ တံစို့ နှင့် ပြည့်စုံသော တိုင် ငါး တိုင်ကို၎င်းလုပ်၍၊ တိုင် ထိပ် နှင့်တိုင် တန်း တို့ကို ရွှေ နှင့် မွမ်းမံ လေ၏။ ကြေးဝါ ခြေစွပ် ငါးခု လည်း ရှိ၏။