< ထွက်မြောက်ရာ 33 >

1 တဖန်ထာဝရဘုရားက၊ သင်မှစ၍ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သောလူတို့၊ ဤအရပ်မှ ထွက်၍ သင်၏ အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၌ ငါကျိန်ဆိုသော ပြည်သို့သွားကြလော့။
တဖန် ထာဝရဘုရား က၊ သင် မှစ၍ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော လူ တို့၊ ဤ အရပ်မှ ထွက် ၍ သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် ၌ ငါကျိန်ဆို သော ပြည် သို့ သွား ကြလော့။
2 ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ ငါစေလွှတ်၍၊ သူသည်ခါနနိလူ၊ အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို နျင်ထုတ်၍၊
ကောင်းကင်တမန် ကိုလည်း သင် တို့ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူသည်ခါနနိ လူ၊ အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို နှင်ထုတ်၍၊
3 နို့နှင့် ပျားရည်စီးသော ပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့် အတူ ငါကိုယ်တိုင် မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်သောကြောင့်၊ လမ်း၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ၏။
နို့ နှင့် ပျားရည် စီး သော ပြည် သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင် မ သွား။ သင် တို့သည် လည်ပင်း ခိုင်မာ သောလူမျိုး ဖြစ်သောကြောင့် ၊ လမ်း ၌ သွားစဉ် သင် တို့ကို ငါဖျက်ဆီး မည် စိုးရိမ် စရာရှိသည်ဟု မောရှေ အား မိန့် တော်မူ၏။
4 ထို မကောင်းသော သိတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ၏။
ထို မကောင်း သော သိတင်း ကို လူ များတို့သည်ကြား သောအခါ ၊ ငိုကြွေး မြည်တမ်းလျက် ၊ အဘယ်သူမျှ တန်ဆာ မ ဆင် ဘဲနေကြ၏။
5 အကြောင်းမူကား၊ ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် လည်ပင်းခိုင်မာသော အမျိုးဖြစ်ကြ၏။ သင်တို့အလယ်၌ ချက်ချင်း ငါပေါ်လာ၍ ဖျက်ဆီးမည်။ ထို့ကြောင့် သင်တို့၌ အဘယ်သို့ ငါပြုရမည်ကို ငါသိခြင်းငှါ၊ သင်တို့တန်ဆာများကို ချွတ်ကြလော့ ဟု မောရှေအား မိန့်တော်မူနှင့်သတည်း။
အကြောင်း မူကား၊ ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား ကို ဆင့်ဆို ရမည်မှာ၊ သင် တို့သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်ကြ၏။ သင်တို့အလယ် ၌ ချက်ချင်း ငါပေါ်လာ ၍ ဖျက်ဆီး မည်။ ထို့ကြောင့်သင် တို့၌ အဘယ်သို့ ငါပြု ရမည်ကို ငါသိ ခြင်းငှါ၊ သင် တို့တန်ဆာ များကို ချွတ် ကြလော့ဟု မောရှေ အား မိန့် တော်မူနှင့်သတည်း။
6 ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း၌ မိမိတို့တန်ဆာများကိုချွတ်ကြ၏။
ဣသရေလ အမျိုးသား တို့သည် ဟောရပ် တောင် ခြေရင်း၌ မိမိ တို့တန်ဆာ များကိုချွတ် ကြ၏။
7 မောရှေသည် တဲတော်ကို ယူ၍ တပ်ပြင်၌ ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ် စသည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူ အပေါင်းတို့သည် တပ်ပြင်၌ ရှိသော ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ၏။
မောရှေ သည် တဲ တော်ကို ယူ ၍ တပ် ပြင် ၌ ခပ်ဝေး ဝေးဆောက် ပြီးလျှင် ၊ ပရိသတ် စည်းဝေး ရာတဲ ဟူ၍ ခေါ် ဝေါ်၏။ ထာဝရဘုရား ကို ရှာ သောသူ အပေါင်း တို့သည် တပ် ပြင် ၌ ရှိသော ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြ၏။
8 မောရှေသည် တဲတော်သို့ ထွက်သွားသောအခါ၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည် တိုင်အောင် ကြည့်ရှုလျက်နေကြ၏။
မောရှေ သည် တဲ တော်သို့ ထွက်သွား သောအခါ ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါး ဝ၌ ရပ် လျက် တဲ တော်အထဲ သို့ မောရှေ ဝင် သည် တိုင်အောင် ကြည့် ရှုလျက်နေကြ၏။
9 မောရှေသည်တဲတော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင် ဆင်းသက်၍ တဲတော်တံခါးဝ၌ ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။
မောရှေ သည်တဲ တော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ် တိုင် ဆင်းသက် ၍ တဲ တော်တံခါးဝ ၌ ရပ် သဖြင့် ၊ ထာဝရဘုရားသည် မောရှေ နှင့် နှုတ်ဆက် တော်မူ၏။
10 ၁၀ တဲတော်တံခါးဝ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကို မြင်လျှင်၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ ကိုးကွယ်ကြ၏။
၁၀တဲ တော်တံခါးဝ ၌ မိုဃ်းတိမ် တိုင် ရပ် နေသည်ကို မြင် လျှင် ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါးဝ ၌ ကိုးကွယ် ကြ၏။
11 ၁၁ ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည် နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင် ၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သော လုလင်သည်၊ တဲတော်မထွက်ဘဲ နေ၏။
၁၁ထာဝရဘုရား သည် အဆွေ ခင်ပွန်းချင်းကို နှုတ်ဆက် တတ်သည် နည်းတူ ၊ မောရှေနှင့် မျက်နှာ ချင်းဆိုင် ၍ နှုတ်ဆက် တော်မူ၏။ မောရှေ သည် တပ် ထဲသို့ ပြန်ဝင် သောအခါ သူ ၏လက်ထောက် နုန် ၏သား ယောရှု မည်သော လုလင် သည်၊ တဲ တော်မှ မ ထွက် ဘဲ နေ၏။
12 ၁၂ မောရှေကလည်း၊ ဤလူတို့ကို ပို့ဆောင်လော့ဟု ကိုယ်တော်မိန့်တော်မူသည်တွင် အကျွန်ုပ်နှင့်အတူ အဘယ်သူကို စေလွှတ်တော်မူသည်ကို အကျွန်ုပ်မသိရ။ သို့သော်လည်း ကိုယ်တော်က သင့်ကို သင်၏နာမဖြင့် ငါသိ၏။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ။
၁၂မောရှေ ကလည်း ၊ ဤ လူ တို့ကို ပို့ဆောင် လော့ဟု ကိုယ်တော် မိန့် တော်မူသည်တွင်၊ အကျွန်ုပ် နှင့်အတူ အဘယ်သူ ကို စေလွှတ် တော်မူသည်ကို အကျွန်ုပ် မ သိ ရ။ သို့သော် လည်းကိုယ်တော် က သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီဟု အကျွန်ုပ်အား မိန့် တော်မူပြီ။
13 ၁၃ သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည် အကြောင်း၊ ကိုယ်တော်၏လမ်းကိုပြတော်မူပါ။ ဤလူမျိုးသည် ကိုယ်တော်၏လူဖြစ်ကြောင်းကို ဆင်ခြင်တော် မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား လျှောက်ဆို၏။
၁၃သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ မျက်နှာ ရကြောင်းကို အကျွန်ုပ်သိ ပါမည် အကြောင်း ၊ ကိုယ်တော် ၏လမ်း ကိုပြ တော်မူပါ။ ဤ လူမျိုး သည် ကိုယ်တော် ၏လူ ဖြစ်ကြောင်း ကို ဆင်ခြင် တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆို ၏။
14 ၁၄ ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်ဟု မိန့်တော်မူ၏။
၁၄ငါကိုယ်တိုင်သွား ၍ ငြိမ်ဝပ် ခြင်းချမ်းသာကို ပေးမည်ဟု မိန့် တော်မူ၏။
15 ၁၅ တဖန်မောရှေက၊ ကိုယ်တော်တိုင် မသွားလျှင် အကျွန်ုပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။
၁၅တဖန် မောရှေ က၊ ကိုယ်တော် တိုင် မ သွား လျှင် အကျွန်ုပ် တို့ကို ဤ အရပ်မှ ပို့ တော်မ မူပါနှင့်။
16 ၁၆ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌ မျက်နှာရသောအကြောင်းသည် အဘယ်သို့ ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည် မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆို လျှင်၊ -
၁၆အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် ရှေ့ တော်၌ မျက်နှာ ရသောအကြောင်း သည် အဘယ် သို့ထင်ရှား ပါမည်နည်း။ အကျွန်ုပ် တို့နှင့် ကြွ သွားတော်မူသောအားဖြင့် သာ ထင်ရှားပါမည် မဟုတ် လော။ ထိုသို့ အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် မြေကြီး ပေါ် မှာ ရှိသမျှ သော လူ တို့နှင့် ခြားနား ရပါမည်ဟု လျှောက်ဆိုလျှင်၊
17 ၁၇ ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကို သင်၏နာမဖြင့် ငါသိ၏ဟု မောရှေအား မိန့်တော်မူ၏။
၁၇ထာဝရဘုရား က၊ သင်လျှောက် သည်အတိုင်း ငါပြု မည်။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီ။ သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏ဟု မောရှေ အား မိန့် တော်မူ၏။
18 ၁၈ တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
၁၈တဖန် တုံ၊ ကိုယ်တော် ၏ ဘုန်း ကိုအကျွန်ုပ် အား ပြ တော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက် လျှင် ၊
19 ၁၉ ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရ ဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူး ပြုမည်။ သနားလိုသောသူကိုလည်းသနားမည်။
၁၉ထာဝရဘုရားက ငါ ၏ကောင်းမွန် ခြင်းရှိသမျှ ကို သင့် ရှေ့ ၌ ငါ ရှောက် သွားစေမည်။ ထာဝရဘုရား ၏နာမ တော်ကိုလည်း၊ သင့် ရှေ့ ၌ ငါကြွေးကြော် မည်။ ငါသည် ကျေးဇူး ပြုလိုသောသူ ကို ကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်။
20 ၂၀ သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊
၂၀သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
21 ၂၁ ငါ့အနားမှာ နေရာတခုရှိ၏။ သင်သည်ကျောက်ပေါ်မှာ ရပ်ရမည်။
၂၁ငါ့ အနား မှာ နေရာ တခုရှိ၏။ သင်သည်ကျောက် ပေါ် မှာ ရပ် ရမည်။
22 ၂၂ ငါ့ဘုန်းရှောက်သွားသောအခါ၊ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့်ကို ငါ့လက်နှင့် ဖုံးအုပ်မည်။
၂၂ငါ့ ဘုန်း ရှောက် သွားသောအခါ ၊ သင့် ကို ကျောက် ကြား ၌ ငါသွင်း ထား၍ ငါ ကြွ သွားသည်အခိုက်၊ သင့် ကို ငါ့ လက် နှင့် ဖုံးအုပ် မည်။
23 ၂၃ ငါလက်ကို သိမ်းရုပ်သောအခါ၊ ငါ့ကျောကိုသာ မြင်ရမည်၊ ငါ့မျက်နှာကိုမမြင်ရဟူ၍၎င်း မိန့်တော် မူ၏။
၂၃ငါ လက် ကို သိမ်း ရုပ်သောအခါ ၊ ငါ့ ကျော ကိုသာ မြင် ရမည်၊ ငါ့ မျက်နှာ ကိုမ မြင် ရဟူ၍၎င်း မိန့် တော်မူ ၏။

< ထွက်မြောက်ရာ 33 >