< ထွက်မြောက်ရာ 32 >

1 မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန် ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။
မော​ရှေ​သည်​တောင်​အောက်​သို့​မ​ဆင်း​ဘဲ တောင် ပေါ်​တွင်​ကြာ​မြင့်​စွာ​နေ​သော​အ​ခါ၊ လူ​တို့ သည်​အာ​ရုန်​ထံ​သို့​စု​ရုံး​ရောက်​ရှိ​လာ​ပြီး လျှင်``အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော​မော​ရှေ​အ​ဘယ်​သို့​ဖြစ်​သည် ကို အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်​အကျွန်ုပ်​တို့ ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့'' ဟု​တောင်း​ဆို​ကြ​၏။
2 အာရုန်ကလည်း၊ သင်တို့မယား သားသမီးများ၏ နား၌ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ ဆောင်ခဲ့ကြဟုဆိုလျှင်၊
အာ​ရုန်​က``သင်​တို့​၏​မ​ယား​နှင့်​သား​သ​မီး တို့ ဝတ်​ဆင်​ထား​သော​ရွှေ​နား​တောင်း​များ​ကို ချွတ်​၍ ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို လေ​၏။-
3 လူအပေါင်းတို့သည် မိမိတို့နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။
သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ ၏​ရွှေ​နား​တောင်း​များ​ကို​ချွတ်​၍ အာ​ရုန် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။-
4 အာရုန်သည်လည်း လက်ခံ၍၊ နွားသငယ် ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
အာ​ရုန်​သည်​နား​တောင်း​များ​ကို​အ​ရည် ကျို​ပြီး​လျှင်၊ ရွှေ​ဖြင့်​နွား​ငယ်​ပုံ​သွန်း​လုပ် လေ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​ငါ​တို့ ၏​ဘု​ရား​ဖြစ်​သည်'' ဟု​ဆို​လေ​၏။
5 အာရုန်သည် ထိုအမှုကို သိမြင်လျှင်၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကို တည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ ပွဲခံရသောနေ့ ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာစေ၏။
ထို​နောက်​အာ​ရုန်​သည်​ရွှေ​နွား​ရုပ်​ရှေ့​မှာ ပလ္လင် ကို​တည်​၍``နက်​ဖြန်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပွဲ​ခံ​ရ​ကြ​မည်'' ဟု​ကြေ​ညာ​၏။-
6 နက်ဖြန်နံနက်စောစော လူတို့သည် ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက် ထိုင်နေကြ၏ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏။
နောက်​နေ့​နံနက်​စော​စော​တွင်​လူ​အ​ပေါင်း​တို့ သည် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ပူ​ဇော်​ကြ​၏။ ထို​သို့​ယဇ်​ပူ​ဇော်​ကြ​ပြီး နောက်၊ သူ​တို့​သည် စား​သောက်​မူး​ယစ်​ကြ​ပြီး လျှင်၊ အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​အ​ပျော် ကူး​ကြ​ကုန်​၏။
7 ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖေါက်ပြန်ကြပြီ။
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``တောင်​အောက် သို့​အ​မြန်​ဆင်း​လော့။ အီ​ဂျစ်​ပြည်​မှ​သင်​ထုတ် ဆောင်​ခဲ့​သော​သင်​၏​လူ​တို့​သည်​ငါ့​ကို​စွန့်​ပယ် ကြ​ပြီ။-
8 ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊
သူ​တို့​သည်​ငါ​ချ​မှတ်​သော​လမ်း​စဉ်​မှ​သွေ​ဖည် သွား​ကြ​လေ​ပြီ။ ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင်၊ ထို​ရုပ်​တု​ကို​ယဇ်​ပူ​ဇော်​ရှိ​ခိုး​ကြ ပြီ။ ထို​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​ကြောင်း၊ ကြွေး​ကြော်​နေ​ကြ​ပြီ။''-
9 ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။
ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​တို့​အ​လွန် ခေါင်း​မာ​ကြောင်း​ငါ​သိ​၏။-
10 ၁၀ သို့ဖြစ်၍ ငါ့ကို ရှိစေတော့။ ငါသည် အမျက်ပြင်းစွာ ထွက်၍ သူတို့ကို ဖျက်ဆီးမည်။ သင့်ကိုကား ကြီးသော အမျိုးဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။
၁၀ငါ့​ကို​မ​ဆီး​တား​နှင့်။ ငါ​သည်​အ​မျက်​ထွက်​၍ သူ​တို့​ကို​သုတ်​သင်​ပစ်​မည်။ ထို​နောက်​သင်​နှင့် သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လူ​မျိုး​ကြီး ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ၏။
11 ၁၁ မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။
၁၁သို့​ရာ​တွင်​မော​ရှေ​သည် မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​ပန်​လျှောက်​ထား သည်​မှာ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အီ​ဂျစ်​ပြည်​မှ၊ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ကယ် တင်​ခဲ့​သော​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အ​မျက်​ပြင်း​စွာ​ထွက်​တော်​မူ​မည်​လော။-
12 ၁၂ အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့်၊ သူတို့ကို တောတောင်များ၌ သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်း အလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏ လူတို့၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။
၁၂အီ​ဂျစ်​အ​မျိုး​သား​တို့​က​ကိုယ်​တော်​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​တောင်​များ ပေါ်​သို့​ခေါ်​ဆောင်​၍၊ အ​ကုန်​အ​စင်​ရှင်း​လင်း သုတ်​သင်​ပစ်​ရန်​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သွား​သည်​ဟူ​၍​ဆို​ဖွယ်​ရာ​အ​ကြောင်း​ရှိ စေ​ရ​ပါ​မည်​လော။ ပြင်း​ပြ​သော​အ​မျက် တော်​ကို​ပြေ​စေ​လျက်​ကိုယ်​တော်​၏​လူ​မျိုး တော်​အား​ပေး​မည့်​အ​ပြစ်​ဒဏ်​မှ​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ရ​စေ​ပါ။-
13 ၁၃ ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။
၁၃ကိုယ်​တော်​၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့် ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ပါ။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့ ပွား များ​စေ​မည်​ဖြစ်​ကြောင်း​နှင့်​ကိုယ်​တော်​ရှင် က​တိ​ထား​တော်​မူ​သော ထို​ပြည်​အား​လုံး ကို​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား ထာ​ဝ​စဉ်​ပိုင်​ဆိုင်​ရန်​ပေး​မည်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​တော်​မူ​ပါ။-''
14 ၁၄ ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။
၁၄ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​၍၊ မိ​မိ​လူ​မျိုး​တော်​အား​ပေး မည့်​အ​ပြစ်​ဒဏ်​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​တော်​မူ​၏။
15 ၁၅ မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။
၁၅မော​ရှေ​သည်​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင် ပ​ညတ် တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သော​ကျောက် ပြား​နှစ်​ချပ်​ကို​ယူ​ဆောင်​လျက်​တောင်​ပေါ်​မှ ဆင်း​လာ​၏။-
16 ၁၆ ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်းတော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင် အက္ခရာတင်တော်မူသော စာဖြစ်သတည်း။
၁၆ထို​ကျောက်​ပြား​များ​နှင့်​ကျောက်​ပြား​များ​ပေါ် ရှိ​အက္ခ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​လက်​ရာ တော်​ဖြစ်​သ​တည်း။
17 ၁၇ လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို၏။
၁၇ယော​ရှု​သည်​လူ​များ​၏​ကြွေး​ကြော်​သံ​ကို ကြား​ရ​သော​အ​ခါ၊ မော​ရှေ​အား``စ​ခန်း​ထဲ ၌​တပ်​လှန့်​သံ​ကို​ကြား​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။-
18 ၁၈ မောရှေကလည်း၊ ငါကြားသော အသံသည် အောင်၍ ကြွေးကြော်သံမဟုတ်၊ ရှုံး၍ ငိုကြွေးသံလည်း မဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။
၁၈မော​ရှေ​က``ငါ​ကြား​ရ​သော​အ​သံ​သည်၊ စစ် အောင်​သံ​လည်း​မ​ဟုတ်၊ စစ်​ရှုံး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​သံ​ပင်​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။
19 ၁၉ တပ်အနီးသို့ ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။
၁၉မော​ရှေ​သည်​စ​ခန်း​အ​နီး​သို့​ရောက်​ရှိ​သော အ​ခါ၊ နွား​ငယ်​ရုပ်​ကို​လည်း​ကောင်း၊ လူ​များ က​ခုန်​နေ​သည်​ကို​လည်း​ကောင်း၊ တွေ့​မြင်​ရ လျှင်၊ အ​လွန်​အ​မျက်​ထွက်​သ​ဖြင့်၊ သူ​ယူ ဆောင်​ခဲ့​သော​ကျောက်​ပြား​များ​ကို​တောင် ခြေ​ရင်း​၌​ပစ်​ချ​လိုက်​ရာ​အ​ပိုင်း​ပိုင်း​ကျိုး ကုန်​၏။-
20 ၂၀ သူတို့လုပ်သော နွားသငယ်ကိုလည်း ယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာ ဖြူး၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ၏။
၂၀သူ​သည်​သူ​တို့​လုပ်​သော​နွား​ရုပ်​ကို​အ​ရည် ကျို​၍၊ အ​မှုန့်​ထောင်း​ပြီး​လျှင်၊ အ​မှုန့်​ကို​ရေ ပေါ်​၌​ဖြူး​လေ​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ထို​ရေ​ကို​သောက်​စေ​၏။-
21 ၂၁ အာရုန်ကိုလည်းခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင်၊
၂၁မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။
22 ၂၂ အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော် သိပါ၏။
၂၂အာ​ရုန်​က``အ​ကျွန်ုပ်​ကို​အ​မျက်​မ​ထွက်​ပါ နှင့်။ ဤ​သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​ရန် မည် မျှ​လောက်​စိတ်​ဆန္ဒ​ကြီး​ကြောင်း​ကိုယ်​တော် သိ​ပါ​၏။-
23 ၂၃ သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင်၊
၂၃သူ​တို့​က​အ​ကျွန်ုပ်​အား`အီ​ဂျစ်​ပြည်​မှ​အ​ကျွန်ုပ် တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​မော​ရှေ​သေ​သည်၊ ရှင် သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်၊ အ​ကျွန်ုပ် တို့​ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့' ဟု​တောင်း​ဆို​ကြ​ပါ​သည်။-
24 ၂၄ အကျွန်ုပ်က၊ ရွှေရှိသော သူသည် ချွတ်စေဟုဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည် မီးထဲ၌ ထည့်လျှင်၊ ဤနွားသငယ် ထွက်လာပါသည်ဟု ပြန်ပြော၏။
၂၄အ​ကျွန်ုပ်​က​သူ​တို့​အား`သင်​တို့​၏​ရွှေ​ဝတ် တန်​ဆာ​ကို​ချွတ်​၍​ငါ့​အား​ပေး​လော့' ဟု ပြော​ပါ​သည်။ အ​ကျွန်ုပ်​သည်​သူ​တို့​ထံ​မှ ရ​ရှိ​သော​ရွှေ​အား​မီး​ထဲ​သို့​ပစ်​ချ​ရာ၊ ဤ နွား​ရုပ်​ထွက်​လာ​ပါ​သည်'' ဟု​ဆို​လေ​၏။
25 ၂၅ ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာ အချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊
၂၅ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပတ်​ဝန်း ကျင်​၌​ရန်​သူ​များ​ကဲ့​ရဲ့​စ​ရာ​ဖြစ်​လျက်၊ အာ​ရုန်​၏​အား​ပေး​မှု​ဖြင့်​စည်း​ကမ်း​မဲ့ က​ခုန်​မြူး​ထူး​နေ​သည်​ကို၊ မော​ရှေ​မြင်​ရ​၏။-
26 ၂၆ တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။
၂၆ထို့​ကြောင့်​သူ​သည်​စ​ခန်း​ပေါက်​ဝ​တွင်​ရပ် လျက်``ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​တော်​သား​ဖြစ် သူ​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့'' ဟု​အော်​ဟစ် ဖိတ်​ခေါ်​လေ​၏။ ထို​အ​ခါ​လေ​ဝိ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မော​ရှေ​ထံ​သို့​စု​ရုံး​လာ ကြ​သော​အ​ခါ၊-
27 ၂၇ မောရှေကလည်း၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီး အသီး မိမိ ညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊
၂၇မော​ရှေ​က​သူ​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ တစ်​ယောက်​စီ​ဋ္ဌား​ကို​ကိုင်​စွဲ​၍၊ စ​ခန်း​တစ်​ဘက် မှ​တစ်​ဘက်​သို့​နေ​ရာ​အ​နှံ့​အ​ပြား​သွား​ပြီး လျှင်၊ သင်​တို့​၏​ညီ​အစ်​ကို၊ အ​ဆွေ​ခင်​ပွန်း၊ အိမ်​နီး ချင်း​တို့​ကို​သတ်​လော့' ဟု​မိန့်​တော်​မူ​သည်'' ဟု ဆင့်​ဆို​လေ​၏။-
28 ၂၈ မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည် ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။
၂၈လေ​ဝိ​အ​မျိုး​သား​တို့​သည်​မော​ရှေ​အ​မိန့် ပေး​သည့်​အ​တိုင်း​ဆောင်​ရွက်​သ​ဖြင့်၊ ထို​နေ့ တွင်​လူ​ပေါင်း​သုံး​ထောင်​ခန့်​သေ​ဆုံး​လေ​၏။-
29 ၂၉ တဖန် မောရှေက၊ ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြ ပြီးဟု ဆိုလေ၏။
၂၉ထို​နောက်​မော​ရှေ​က​လေ​ဝိ​အ​မျိုး​သား​တို့ အား``ယ​နေ့​တွင်​သင်​တို့​သည်​မိ​မိ​၏​သား ရင်း​ညီ​အစ်​ကို​ရင်း​တို့​ကို​သတ်​ခြင်း​အား ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင် ရန်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​မိ​မိ​တို့ ကိုယ်​ကို​ဆက်​ကပ်​ကြ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ ဘုရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပြီ'' ဟု​ဆို​၏။
30 ၃၀ နက်ဖြန်နေ့၌လည်း၊ သင်တို့ ပြစ်မှားသော အပြစ် ကြီးလှ၏။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား၍၊သင်တို့ အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ၊
၃၀နောက်​တစ်​နေ့​တွင်​မော​ရှေ​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား``သင်​တို့​သည်​ကြီး​လေး သော​ပြစ်​မှု​ကူး​လွန်​ခဲ့​ကြ​ပြီ။ ယ​ခု​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ​တောင်​ပေါ်​သို့ တက်​မည်။ သင်​တို့​၏​အ​ပြစ်​ကို​လွှတ်​ရန် ထာ​ဝ​ရ ဘု​ရား​အား​တောင်း​ပန်​၍​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ဆို​လေ​၏။-
31 ၃၁ ထာဝရဘုရားအထံတော်သို့ ပြန်သွား၍၊ အိုဘုရားသခင်။ ဤလူတို့သည် ပြစ်မှားသော အပြစ် ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကို လုပ်ပါပြီ။
၃၁မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​၍``ဤ​သူ​တို့​သည်​ကြီး​လေး​သော ပြစ်​မှု​ကို​ကူး​လွန်​ခဲ့​ပါ​ပြီ။ ရွှေ​ဘု​ရား ကို​သွန်း​လုပ်​၍​ကိုး​ကွယ်​ကြ​ပါ​၏။-
32 ၃၂ သို့သော်လည်း သူတို့အပြစ်ကို လွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော် စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ လျှောက်လျှင်၊
၃၂သူ​တို့​၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မ​မူ​လျှင်၊ ကိုယ်​တော်​၏​လူ မျိုး​တော်​နာ​မည်​စာ​ရင်း​မှ​အ​ကျွန်ုပ်​၏​နာ​မည် ကို​ပယ်​ဖျက်​တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက် ထား​လေ​၏။
33 ၃၃ ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကို ပြစ်မှား၏၊ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။
၃၃ထာ​ဝ​ရ​ဘု​ရား​က``ငါ့​ကို​ပြစ်​မှား​သူ​၏ နာ​မည်​ကို​သာ​ငါ​၏​စာ​အုပ်​မှ​ပယ်​ဖျက်​မည်။-
34 ၃၄ သို့ဖြစ်၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည်။ သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ၊ သူတို့၌ အပြစ်ပေးလျက် ကြွလာမည်ကို မိန့်တော်မူ၏။
၃၄ယ​ခု​သွား​၍​သင့်​အား​ငါ​မိန့်​မှာ​ပြီး​သော အ​ရပ်​သို့​သူ​တို့​ကို​ပို့​ဆောင်​လော့။ ငါ​၏​ကောင်း ကင်​တ​မန်​သည် သင့်​အား​လမ်း​ပြ​မည်။ သို့​ရာ တွင်​ဤ​သူ​တို့​၏​အ​ပြစ်​အ​တွက်​ငါ​ဒဏ်​စီ​ရင် မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
35 ၃၅ အာရုန်နှင့် လူများတို့သည် နွားသငယ်ကို လုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ၏။
၃၅ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင်​ကပ်​ရော​ဂါ​ဆိုက်​ရောက် စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ သည်​အာ​ရုန်​အား ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း လုပ်​စေ​သော​ကြောင့်​ဖြစ်​သည်။

< ထွက်မြောက်ရာ 32 >