< ထွက်မြောက်ရာ 28 >
1 ၁ သင်၏ အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့်သူ၏ သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။
Trong vòng dân Y-sơ-ra-ên, ngươi hãy chọn A-rôn, anh ngươi, cùng các con trai ngươi, là Na-đáp, A-bi-hu, Ê-lê-a-sa, và Y-tha-ma, lập lên làm chức tế lễ trước mặt ta.
2 ၂ သင်၏အစ်ကိုအာရုန်၌ဘုန်း အသရေ ထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသော အဝတ်ကို လုပ်၍ပေး ရမည်။
Ngươi hãy chế bộ áo thánh cho A-rôn, anh ngươi, để người được vinh hiển trang sức.
3 ၃ အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ၍၊ သူ့ကို သန့်ရှင်းစေခြင်းငှါ၊ ငါပေးသော ဥာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည် အကြောင်း မှာထားရမည်။
Hãy truyền cho hết thảy kẻ thông minh, là người ta đã ban đầy tính trí huệ, chế bộ áo cho A-rôn, đặng biệt người riêng ra thánh, hầu cho người làm chức tế lễ trước mặt ta.
4 ၄ လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗေါင်း၊ ခါးပန်းတည်း ဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှါ၊
Đây là bộ áo mà họ sẽ chế: Bảng đeo ngực, ê-phót, áo dài, áo lá trong thêu, mũ và đai. Thế thì, họ sẽ chế bộ áo thánh cho A-rôn, anh ngươi, cùng các con trai người, để các người đó làm chức tế lễ trước mặt ta.
5 ၅ ရွှေနှင့်ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ယူရမည်။
Họ sẽ dùng kim tuyến, chỉ màu tím, đỏ điều, đỏ sặm, và vải gai mịn.
6 ၆ ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာ လုပ်ရမည်။
Họ sẽ chế ê-phót bằng kim tuyến, chỉ màu tím, đỏ điều, đỏ sặm, và vải gai đậu mịn thêu cực xảo.
7 ၇ သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်ရမည်။
Hai bên ê-phót làm hai đai vai, đâu đầu vào ê-phót.
8 ၈ သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို၎င်း လုပ်ရမည်။
Đai để cột ê-phót ở phía ngoài, sẽ làm nguyên miếng một cũng như công việc ê-phót, bằng kim tuyến, chỉ tím, đỏ điều, đỏ sặm, và vải gai đậu mịn.
9 ၉ ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးကို၊
Ngươi hãy lấy hai viên bích ngọc mà khắc các tên con trai Y-sơ-ra-ên ở trên:
10 ၁၀ အသက်အကြီးအငယ် အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာ တင်ရမည်။
sáu tên trên viên bích ngọc nầy, sáu tên trên viên bích ngọc kia, tùy theo thứ tự ngày sinh của họ.
11 ၁၁ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ဣသရေလအမျိုး၏ နာမည် တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။
Phải khắc các tên con trai Y-sơ-ra-ên trên hai viên bích ngọc đó, như cách của thợ khắc con dấu, và khảm trong khuôn bằng vàng.
12 ၁၂ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ သူတို့နာမည်များကို အာရုန် သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။
Đoạn gắn hai viên bích ngọc đó trên hai đai vai ê-phót, dùng làm ngọc kỷ niệm về con cháu Y-sơ-ra-ên; A-rôn sẽ mang tên của họ trên hai vai mình làm kỷ niệm trước mặt Đức Giê-hô-va.
13 ၁၃ ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည်။
Ngươi cũng hãy làm móc gài bằng vàng,
14 ၁၄ အဆုံးနှင့်တပ်ရသော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍ လုပ်ပြီးမှ ကျောက်အိုး၌ တွဲရမည်။
đánh hai sợi dây chuyền nhỏ bằng vàng ròng như hình dây, rồi để chuyền đánh như thế vào móc gài.
15 ၁၅ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ဗျာဒိတ် ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။
Bảng đeo ngực về sự xét đoán, ngươi cũng phải làm cho cực xảo, y như ê-phót; tức là bằng kim tuyến, chỉ tím, đỏ điều, đỏ sặm, và vải gai đậu mịn.
16 ၁၆ နှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်း လေးထောင့် ဖြစ်ရမည်။
Bảng đeo ngực hình vuông và may lót; bề dài một em-ban, bề ngang một em-ban.
17 ၁၇ ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီရမည်။ ပဌမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊
Ngươi hãy gắn bốn hàng ngọc vào bảng đeo ngực: hàng thứ nhất gắn ngọc mã não, ngọc hồng bích, và ngọc lục bửu;
18 ၁၈ ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊
hàng thứ nhì, ngọc phỉ túy, ngọc lam bửu và ngọc kim cương;
19 ၁၉ တတိယအတန်းကား၊ ဝှါကိန္တုမဟူရာ၊ ဂေါ်မိတ်။
hàng thứ ba, ngọc hồng bửu, ngọc bạch mã não, và ngọc tử tinh;
20 ၂၀ စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီရမည်။
hàng thứ tư, ngọc hu”nh bích, ngọc hồng mã não, và bích ngọc. Các ngọc nầy sẽ khảm vào khuôn bằng vàng.
21 ၂၁ ဣသရေလအမျိုး တဆယ်နှစ်မျိုး ရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက် တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊
Số các ngọc đó hết thảy là mười hai viên, tùy theo tên các con trai Y-sơ-ra-ên; trên mỗi viên ngọc sẽ khắc tên của một trong mười hai chi phái Y-sơ-ra-ên, như người ta khắc con dấu vậy.
22 ၂၂ ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။
Ngươi hãy làm các sợi chuyền bằng vàng ròng đánh như hình dây, chuyền trên bảng đeo ngực;
23 ၂၃ ရင်ဖုံးအပေါ် ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊
rồi làm hai khoanh bằng vàng để ở hai góc đầu trên bảng.
24 ၂၄ ကျစ်သော ရွှေကြိုးနှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌ တပ်၍၊
cùng cột hai sợi chuyền vàng vào hai khoanh nơi hai đầu bảng,
25 ၂၅ သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲရမည်။
và hai đầu sợi chuyền cột vào móc gài, đoạn gắn trên hai đai vai ê-phót về phía đằng trước ngực.
26 ၂၆ တဖန် ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌ တပ်ရမည်။
Ngươi cũng hãy làm hai cái khoanh bằng vàng nữa, để vào hai góc đầu dưới của bảng đeo ngực, về phía trong ê-phót.
27 ၂၇ အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။
Lại làm hai khoanh khác nữa bằng vàng, gắn vào hai đầu dưới đai vai ê-phót ném về phía trước, ở trên đai gần chỗ giáp mối.
28 ၂၈ ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။
Rồi một sợi dây màu tím sẽ cột hai cái khoanh của bảng đeo ngực lại cùng hai cái khoanh ê-phót, hầu cho nó dính với đai, đừng rớt khỏi ê-phót.
29 ၂၉ အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ်ဌာနတော်ထဲသို့ ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှါ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည်။
Thế thì, khi nào A-rôn vào nơi thánh, sẽ mang trên lòng mình tên các con trai Y-sơ-ra-ên nơi bảng đeo ngực về sự xét đoán, đặng giữ làm kỷ niệm luôn luôn trước mặt Đức Giê-hô-va.
30 ၃၀ ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။
Trên bảng đeo ngực của sự xét đoán, ngươi hãy gắn u-rim và thu-mim vào, đặng khi A-rôn đến trước mặt Đức Giê-hô-va thì các món đó sẽ ở trên lòng mình. Aáy vậy, trước mặt Đức Giê-hô-va, A-rôn sẽ mang sự xét đoán của con trai Y-sơ-ra-ên trên lòng mình luôn luôn.
31 ၃၁ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာ လုပ်ရမည်။
Ngươi cũng hãy may áo dài của ê-phót toàn bằng vải tím.
32 ၃၂ ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စါပ်ကို မစုပ်စေခြင်းငှါ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည် နှင့် ကွပ်ရမည်။
ỳ giữa áo có một lỗ tròng đầu vào; viền chung quanh, dệt như lỗ áo giáp mặt lưới, để cho khỏi tét.
33 ၃၃ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်သော သလဲသီးများကို၎င်း၊ ရွှေ ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
Nơi biên dưới hãy thắt trái lựu màu tím, đỏ điều, đỏ sặm, cùng chuông vàng nhỏ đan tréo nhau ở vòng theo viền,
34 ၃၄ သလဲသီးတလုံး၊ ရွှေဆည်းလည်းတလုံးစီခြားလျက်၊
nghĩa là một cái chuông rồi kế một trái lựu, ở vòng khắp chung quanh viền áo.
35 ၃၅ အစဉ်အတိုင်း ဆွဲထားရမည်။ အာရန်သည် အမှုတော်ကို ဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲ မှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကို ဝတ်၍ သူ၏ အသံကို ကြားရမည်။
Khi A-rôn hầu việc tế lễ, sẽ mặc áo đó; và khi vào hay ra nơi thánh trước mặt Đức Giê-hô-va, người ta sẽ nghe tiếng chuông vàng nhỏ, và A-rôn khỏi chết vậy.
36 ၃၆ ရွှေစင်သင်းကျစ်ကိုလည်း လုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း ခြင်းဟု အက္ခရာတင်၍၊
Ngươi cũng hãy làm một cái thẻ bằng vàng ròng, trên đó khắc như người ta khắc con dấu, rằng: Thánh Cho Đức Giê-hô-va.
37 ၃၇ ပြာသောကြိုးနှင့်ဗေါင်းရှေ့၌ ချည်ထားရမည်။
Rồi lấy một sợi dây màu tím buộc thẻ đó để trên đằng trước cái mũ.
38 ၃၈ အာရုန်သည် ထိုသင်းကျပ်ကို နဖူး၌ ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏ စိတ်တော်နှင့် တွေ့ခြင်းငှါ၊ အာရုန်၏ နဖူး၌ အစဉ်ဆင်ရမည်။
Thẻ đó sẽ ở trên trán A-rôn; A-rôn gánh tội lỗi của dân Y-sơ-ra-ên phạm trong khi họ dâng của lễ thánh; thẻ đó sẽ ở nơi trán A-rôn luôn luôn, để dân sự được đẹp ý Đức Giê-hô-va.
39 ၃၉ ပိတ်ချောအင်္ကျီကိုလည်း လုပ်၍ ချယ်လှယ်ရမည်။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကို လည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည်။
Ngươi hãy chế một cái áo lá mặc trong bằng vải gai mịn, một cái mũ bằng vải gai mịn và một cái đai thêu.
40 ၄၀ အာရုန်၏သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကို လုပ်ပေးရမည်။
Ngươi cũng hãy chế cho các con trai A-rôn áo lá, đai và mũ, hầu cho họ được vinh hiển và trang sức.
41 ၄၁ ထိုသို့ သင်၏ အစ်ကိုအာရုန်နှင့် သူ၏သားတို့ကို ဝတ်ဆင်စေပြီးမှ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ ခန့်ထား၍ သန့်ရှင်း စေရမည်။
Đoạn, hãy lấy các bộ áo đó mặc cho A-rôn, anh ngươi, cùng các con trai người; hãy xức dầu cho, lập và biệt riêng ra thánh, để họ làm chức tế lễ trước mặt ta.
42 ၄၂ သူတို့၌ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှါ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ်၍ ပေးရမည်။
Hãy chế cho họ quần lót trong bằng vải gai, đặng che sự lõa lồ, mặc từ ngang lưng quần cho đến bắp vế.
43 ၄၃ အာရုန်နှင့်သူ၏သားတို့သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သော်၎င်း၊ သန့်ရှင်းရာ အရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်၎င်း၊ အပြစ်ရောက်၍ မသေစေခြင်းငှါ ထိုသို့ ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
A-rôn cùng các con trai người sẽ mặc quần đó trong khi vào hội mạc hay là đến gần bàn thờ đặng làm việc tế lễ trong nơi thánh, thì chẳng mắc tội và chẳng chết đâu. Aáy là một mạng lịnh đời đời cho A-rôn và dòng dõi người.