< ထွက်မြောက်ရာ 24 >

1 တဖန် ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရားထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။
Ní ìgbà náà ni Olúwa sọ fún Mose pé, “Gòkè tọ Olúwa wá, ìwọ àti Aaroni, Nadabu àti Abihu àti àádọ́rin àwọn àgbàgbà Israẹli. Ẹ̀yin kì ó sìn ni òkèèrè réré.
2 သင်တယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ၏။
Ṣùgbọ́n Mose nìkan ṣoṣo ni yóò súnmọ́ Olúwa; àwọn tókù kò gbọdọ̀ súnmọ́ tòsí ibẹ̀. Bẹ́ẹ̀ ni àwọn ènìyàn kò gbọdọ̀ gòkè wá pẹ̀lú rẹ̀.”
3 မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက်အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်းပြန်ပြောကြ၏။
Nígbà ti Mose lọ láti sọ fún àwọn ènìyàn, gbogbo ọ̀rọ̀ àti òfin Olúwa, wọ́n wí ní ohùn kan pé, “Gbogbo ohun ti Olúwa wí ni àwa yóò ṣe.”
4 မောရှေသည် ထာဝရဘုရား၏ စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင်တဆယ်နှစ်တိုင်ကို ၎င်း တည်လေ၏။
Nígbà náà ni Mose kọ gbogbo ohun tí Olúwa sọ sílẹ̀. Ó dìde ní kùtùkùtù òwúrọ̀ ọjọ́ kejì, ó sì mọ pẹpẹ ni ẹsẹ̀ òkè náà. Ó ṣe ọ̀wọ́n òkúta méjìlá. Èyí ti ó dúró fún àwọn ẹ̀yà Israẹli méjìlá.
5 ဣသရေလအမျိုးသား လူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့မှာ မီးရှို့သောယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။
Nígbà náà ni ó rán àwọn ọ̀dọ́mọkùnrin Israẹli, wọ́n sì rú ẹbọ sísun, wọ́n fi ọ̀dọ́ màlúù rú ẹbọ àlàáfíà si Olúwa.
6 မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ထည့်၍၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။
Mose bu ìlàjì ẹ̀jẹ̀ ẹran sínú abọ́, ó sì fi ìlàjì tókù wọn ara pẹpẹ.
7 ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော် မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။
Nígbà náà ni ó sì mú ìwé májẹ̀mú, ó sì kà á sí àwọn ènìyàn. Wọ́n dáhùn pé, “Àwa yóò ṣe gbogbo ohun tí Olúwa wí. Àwa yóò sì gbọ́rọ̀.”
8 မောရှေသည်လည်း၊ အသွေးကို ယူ၍ လူများအပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။
Nígbà náà ni Mose gbé ẹ̀jẹ̀, ó sì wọn sí àwọn ènìyàn náà lára pé, “Èyí ni ẹ̀jẹ̀ májẹ̀mú tí Olúwa ti ṣe pẹ̀lú yín ni ìbámu pẹ̀lú àwọn ọ̀rọ̀ wọ̀nyí.”
9 ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့ သည် တက်၍၊
Mose àti Aaroni, Nadabu àti Abihu àti àádọ́rin àwọn àgbàgbà Israẹli gòkè lọ.
10 ၁၀ ဣသရေလအမျိုး၏ ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့၎င်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့၎င်း ထင်လေ၏။
Wọ́n sì rí Ọlọ́run Israẹli. Ní abẹ́ ẹsẹ̀ rẹ̀ ni ohun kan bí i pèpéle ti a fi òkúta safire ṣe wà. Èyí ti ó mọ́ nigínnigín bí àwọ̀ sánmọ̀ fúnra rẹ̀.
11 ၁၁ ဣသရေလအမျိုးသား မှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကို မြင်ရသော် လည်း၊ စားသောက်လျက်နေကြ၏။
Ṣùgbọ́n Ọlọ́run kò gbé ọwọ́ rẹ̀ sókè sí àwọn àgbàgbà Israẹli wọ̀nyí; wọ́n ri Ọlọ́run, wọ́n jẹ, wọ́n sì mu.
12 ၁၂ ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊
Olúwa sì sọ fún Mose pé, “Gòkè wá sí ọ̀dọ̀ mi, kí o sì dúró níhìn-ín. Èmi yóò sì fún ọ ní wàláà òkúta pẹ̀lú òfin àti ìlànà tí mo ti kọ sílẹ̀ fún ìtọ́sọ́nà wọn.”
13 ၁၃ မောရှေသည် မိမိလက်ထောက်ယောရှုနှင့် အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။
Nígbà náà ni Mose jáde lọ pẹ̀lú Joṣua arákùnrin rẹ̀. Mose lọ sí orí òkè Ọlọ́run.
14 ၁၄ အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမှီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့် ဟုရသည် သင်တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့ သွားစေဟု မှာထားလေ၏။
Ó sì wí fún àwọn àgbàgbà pé, “Ẹ dúró dè wá níhìn-ín yìí, títí àwa yóò fi tún padà tọ̀ yín wá, sì kíyèsi i, Aaroni àti Huri ń bẹ pẹ̀lú yín, bí ẹnìkan bá ni ọ̀ràn kan, kí ó tọ̀ wọ́n lọ.”
15 ၁၅ မောရှေသည် တောင်တော်ပေါ်သို့တက်၍၊ မိုဃ်းတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။
Nígbà tí Mose gun orí òkè lọ, ìkùùkuu bo orí òkè náà.
16 ၁၆ ထာဝရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုဃ်းတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကို ခေါ်တော်မူ၏။
Ògo Olúwa sì wà ní orí òkè Sinai. Ìkùùkuu bo orí òkè náà fún ọjọ́ mẹ́fà, ni ọjọ́ keje ni Olúwa kọ sí Mose láti inú ìkùùkuu náà wá.
17 ၁၇ ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ၏။
Ni ojú àwọn ọmọ Israẹli ògo Olúwa náà dàbí iná ajónirun ni orí òkè.
18 ၁၈ မောရှေသည် မိုဃ်းတိမ်အထဲသို့ ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာ နေလေ၏။
Nígbà náà ni Mose wọ inú ìkùùkuu náà bí ó ti ń lọ ní orí òkè. Ó sì wà ni orí òkè náà ni ogójì ọ̀sán àti ogójì òru.

< ထွက်မြောက်ရာ 24 >