< ထွက်မြောက်ရာ 24 >
1 ၁ တဖန် ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရားထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။
I reèe Mojsiju: izaði gore ka Gospodu ti i Aron i Nadav i Avijud i sedamdeset starješina Izrailjevih, i poklonite se izdaleka.
2 ၂ သင်တယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ၏။
I Mojsije sam neka pristupi ka Gospodu, a oni neka ne pristupe; i narod neka ne ide na gore s njim.
3 ၃ မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက်အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်းပြန်ပြောကြ၏။
I doðe Mojsije, i kaza narodu sve rijeèi Gospodnje i sve zakone. I odgovori narod jednijem glasom i rekoše: èiniæemo sve što je rekao Gospod.
4 ၄ မောရှေသည် ထာဝရဘုရား၏ စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင်တဆယ်နှစ်တိုင်ကို ၎င်း တည်လေ၏။
I napisa Mojsije sve rijeèi Gospodnje, i ustavši rano naèini oltar pod gorom i dvanaest stupova za dvanaest plemena Izrailjevih.
5 ၅ ဣသရေလအမျိုးသား လူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့မှာ မီးရှို့သောယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။
I posla mladiæe izmeðu sinova Izrailjevih, koji prinesoše žrtve paljenice i prinesoše teoce na žrtve zahvalne Gospodu.
6 ၆ မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ထည့်၍၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။
I uzevši Mojsije polovinu krvi, metnu u zdjele, a polovinu krvi izli na oltar.
7 ၇ ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော် မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။
I uze knjigu zavjetnu i proèita narodu. A oni rekoše: što je god rekao Gospod èiniæemo i slušaæemo.
8 ၈ မောရှေသည်လည်း၊ အသွေးကို ယူ၍ လူများအပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။
A Mojsije uze krv, i pokropi njom narod, i reèe: evo krv zavjeta, koji uèini Gospod s vama za sve rijeèi ove.
9 ၉ ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့ သည် တက်၍၊
Potom otide gore Mojsije i Aron, Nadav i Avijud, i sedamdeset starješina Izrailjevih.
10 ၁၀ ဣသရေလအမျိုး၏ ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့၎င်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့၎င်း ထင်လေ၏။
I vidješe Boga Izrailjeva, i pod nogama njegovijem kao djelo od kamena safira i kao nebo kad je vedro.
11 ၁၁ ဣသရေလအမျိုးသား မှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကို မြင်ရသော် လည်း၊ စားသောက်လျက်နေကြ၏။
I ne pruži ruke svoje na izabrane izmeðu sinova Izrailjevih, nego vidješe Boga, pa jedoše i piše.
12 ၁၂ ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊
I reèe Gospod Mojsiju: popni se k meni na goru, i ostani ovdje, i daæu ti ploèe od kamena, zakon i zapovijesti, koje sam napisao, da ih uèiš.
13 ၁၃ မောရှေသည် မိမိလက်ထောက်ယောရှုနှင့် အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။
Tada usta Mojsije s Isusom, koji ga služaše, i izaðe Mojsije na goru Božiju.
14 ၁၄ အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမှီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့် ဟုရသည် သင်တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့ သွားစေဟု မှာထားလေ၏။
A starješinama reèe: sjedite tu dok se vratimo k vama; a eto Aron i Or s vama; ko bi imao što, neka ide k njima.
15 ၁၅ မောရှေသည် တောင်တော်ပေါ်သို့တက်၍၊ မိုဃ်းတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။
I otide Mojsije na goru, a oblak pokri goru.
16 ၁၆ ထာဝရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုဃ်းတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကို ခေါ်တော်မူ၏။
I bijaše slava Gospodnja na gori Sinajskoj, i oblak je pokrivaše šest dana; a u sedmi dan viknu Mojsija ispred oblaka.
17 ၁၇ ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ၏။
I slava Gospodnja bješe po viðenju kao oganj koji sažiže na vrh gore pred sinovima Izrailjevim.
18 ၁၈ မောရှေသည် မိုဃ်းတိမ်အထဲသို့ ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာ နေလေ၏။
I Mojsije uðe usred oblaka, i pope se na goru; i osta Mojsije na gori èetrdeset dana i èetrdeset noæi.