< ထွက်မြောက်ရာ 23 >
1 ၁ သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။
Thou shalt not receiue a false tale, neyther shalt thou put thine hande with the wicked, to be a false witnes.
2 ၂ လူများနောက်သို့ လိုက်၍ မတရားသဖြင့် မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ။
Thou shalt not follow a multitude to do euil, neither agree in a controuersie to decline after many and ouerthrowe the trueth.
3 ၃ ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။
Thou shalt not esteeme a poore man in his cause.
4 ၄ သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။
If thou meete thine enemies oxe, or his asse going astray, thou shalt bring him to him againe.
5 ၅ သင့်ကို မုန်းသော သူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။
If thou see thine enemies asse lying vnder his burden, wilt thou cease to helpe him? thou shalt helpe him vp againe with it.
6 ၆ သင်၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။
Thou shalt not ouerthrowe the right of thy poore in his sute.
7 ၇ မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသော သူကို အပြစ်မလွှတ်။
Thou shalt keepe thee farre from a false matter, and shalt not slaye the innocent and the righteous: for I will not iustifie a wicked man.
8 ၈ သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို ကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။
Thou shalt take no gift: for the gift blindeth the wise, and peruerteth the wordes of the righteous.
9 ၉ တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ ဘူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။
Thou shalt not oppresse a stranger: for ye knowe the heart of a stranger, seeing yee were strangers in the land of Egypt.
10 ၁၀ ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကို သိမ်းရမည်။
Moreouer, sixe yeres thou shalt sowe thy land, and gather the fruites thereof,
11 ၁၁ သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့် ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။
But the seuenth yeere thou shalt let it rest and lie still, that the poore of thy people may eat, and what they leaue, the beastes of the fielde shall eate. In like maner thou shalt doe with thy vineyard, and with thine oliue trees.
12 ၁၂ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည်။
Sixe dayes thou shalt do thy worke, and in the seuenth day thou shalt rest, that thine oxe, and thine asse may rest, and the sonne of thy maide and the stranger may be refreshed.
13 ၁၃ ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏ နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့်။
And ye shall take heede to all things that I haue sayde vnto you: and ye shall make no mention of the name of other gods, neither shall it be heard out of thy mouth.
14 ၁၄ တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလချိန်းချက်သော နေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက် ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။
Three times thou shalt keepe a feast vnto me in the yeere.
15 ၁၅ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သော နေ့ရက်အချိန၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
Thou shalt keepe the feast of vnleauened bread: thou shalt eate vnleauened bread seue dayes, as I commanded thee, in the season of the moneth of Abib: for in it thou camest out of Egypt: and none shall appeare before me emptie:
16 ၁၆ လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်း ခံရမည်။
The feast also of the haruest of the first fruites of thy labours, which thou hast sowen in the fielde: and the feast of gathering fruites in the ende of the yere, when thou hast gathered in thy labours out of the fielde.
17 ၁၇ သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ မျက်နှာပြရကြမည်။
These three times in the yeere shall all thy men children appeare before the Lord Iehouah.
18 ၁၈ ငါ့ယဇ်ကောင်၏ အသွေးကို၊ တဆေးပါသောမုန့်နှင့် ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။
Thou shalt not offer the blood of my sacrifice with leauened bread: neyther shall the fatte of my sacrifice remayne vntill the morning.
19 ၁၉ သင်၏မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
The first of the first fruites of thy lande thou shalt bring into the house of the Lord thy God: yet shalt thou not seeth a kid in his mothers milke.
20 ၂၀ ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကို စောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။
Behold, I send an Angel before thee, to keepe thee in the way, and to bring thee to the place which I haue prepared.
21 ၂၁ ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည် မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။
Beware of him, and heare his voyce, and prouoke him not: for he will not spare your misdeedes, because my name is in him.
22 ၂၂ အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။
But if thou hearken vnto his voyce, and do all that I speake, the I wil be an enemie vnto thine enemies, and will afflict them that afflict thee.
23 ၂၃ ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။
For mine Angel shall go before thee, and bring thee vnto the Amorites, and the Hittites, and the Perizzites, and the Canaanites, the Hiuites, and the Iebusites, and I will destroy them.
24 ၂၄ သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။
Thou shalt not bow downe to their gods, neither serue them, nor doe after the workes of them: but vtterly ouerthrowe them, and breake in pieces their images.
25 ၂၅ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေး တော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။
For ye shall serue the Lord your God, and he shall blesse thy bread and thy water, and I will take all sickenes away from the middes of thee.
26 ၂၆ သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။
There shall none cast their fruite nor be baren in thy lande: the number of thy dayes will I fulfill.
27 ၂၇ ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ လှည့်စေမည်။
I will send my feare before thee, and will destroy all the people among whome thou shalt go: and I will make all thine enemies turne their backes vnto thee:
28 ၂၈ ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။
And I will sende hornets before thee, which shall driue out the Hiuites, the Canaanites, and the Hittites from thy face.
29 ၂၉ ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည် သင့်တဘက်၌ များပြားလိမ့်မည်။
I will not cast them out from thy face in one yeere, least the land grow to a wildernes: and the beasts of the field multiplie against thee.
30 ၃၀ သင်သည် တိုးပွား၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင် ထုတ်မည်။
By litle and litle I will driue them out from thy face, vntill thou increase, and inherite the lande.
31 ၃၁ သင့်နေရာ နယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်၎င်း၊ တောမှသည် မြစ်တိုင်အောင်၎င်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့် မည်။
And I will make thy coastes from the red sea vnto the sea of the Philistims, and from the desert vnto the Riuer: for I will deliuer the inhabitants of the lande into your hande, and thou shalt driue them out from thy face.
32 ၃၂ သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည် မိဿဟာယမဖွဲ့ရ။
Thou shalt make no couenant with them, nor with their gods:
33 ၃၃ သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌ မနေရကြ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
Neither shall they dwell in thy lande, least they make thee sinne against me: for if thou serue their gods, surely it shall be thy destruction.