< ထွက်မြောက်ရာ 22 >
1 ၁ လူသည် သိုးနွားကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတကောင်အတွက် နွားငါးကောင် ကို၎င်း၊ သိုးတကောင်အတွက် သိုးလေးကောင်ကို၎င်း ပြန်ပေးရမည်။
Naar nogen stjæler en Okse eller et Lam og slagter det eller sælger det, skal han betale fem Okser for Oksen og fire Lam for Lammet.
2 ၂ သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင်သတ်သော်လည်း၊သေစား မသေစေရ။
Om nogen Tyv bliver greben, idet han bryder ind, og bliver slagen og dør, skal ingen Bloddom udgaa for hans Skyld.
3 ၃ သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။
Men er Solen opgangen over ham, da skal Bloddom udgaa for hans Skyld. Tyven skal betale; men har han intet, da skal han sælges for sit Tyveri.
4 ၄ သူခိုးလက်၌ ခိုးသောနွား၊ သိုးကို အသက်ရှင်လျှက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။
Dersom det stjaalne findes i hans Vold, hvad enten det er Okse eller Asen eller Lam, som er levende, skal han betale dobbelt.
5 ၅ သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်၎င်း၊ မိမိတိရိစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။
Naar nogen lader afæde Ager eller Vingaard, idet han slaar sit Kvæg løs, og det afæder en andens Ager, da skal han betale af det bedste paa sin Ager og af det bedste i sin Vingaard.
6 ၆ မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။
Om Ild farer ud og griber fat i Torne, og Negene eller det staaende Korn eller Ageren ødelægges, da skal han, som antændte Branden, visselig betale.
7 ၇ လူတဦးသည် အိမ်နီးချင်းတဦး၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကို အပ်နှံ၍၊ အပ်နှံခံသော သူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကို တွေ့မိသောအခါ နှစ်ဆလျော်စေ။
Om nogen flyr sin Næste Penge eller Tøj at forvare, og det bliver stjaalet af Mandens Hus, skal Tyven, hvis han findes, betale dobbelt.
8 ၈ သူခိုးကို မတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့် ရှေ့တော်၌ အစစ်ခံရမည်။
Men findes Tyven ikke, da skal Husbonden føres frem for Gud at vidne, at han ikke har lagt sin Haand paa sin Næstes Tøj.
9 ၉ သူ့ဥစ္စာကို ပြစ်မှားသည် အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစ ရှိသော ပျောက်သော ဥစ္စာတစုံတခုကို တွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင်၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော်၌အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။
Hvad angaar al svigagtig Handel, om Okse, Asen, Lam, Klæder, om alt, hvad der er tabt, om hvilket nogen siger, at dette er hans, da skal begges Sag komme for Gud; hvem Gud siger at være skyldig, han skal betale sin Næste dobbelt.
10 ၁၀ လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊
Naar nogen flyr sin Næste Asen eller Okse eller Lam eller andet Kvæg at passe paa, og det dør, eller det kommer til Skade, eller det bortføres, og ingen ser det,
11 ၁၁ အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။
da skal Ed ved Herren være imellem dem begge, at han ikke har lagt sin Haand paa sin Næstes Gods, og den skal dets Ejermand tage for god, og den anden skal ikke betale.
12 ၁၂ သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်။
Men bliver det stjaalet fra ham, da skal han betale dets Ejermand det.
13 ၁၃ သားရဲကိုက်လျှင် သက်သေဘို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။
Men bliver det sønderrevet, da skal han føre det frem til et Vidnesbyrd; han skal ikke betale det, som er sønderrevet.
14 ၁၄ လူသည် အိမ်နီးချင်း၌ တစုံတခုကို ငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍ နာသော်၎င်း၊ အမှန်လျော်ရမည်။
Og naar nogen laaner noget af sin Næste, og det kommer til Skade eller dør, da skal han, hvis Ejermanden ikke er til Stede, betale det.
15 ၁၅ ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။
Dersom dets Ejermand er derhos, da skal han ikke betale; dersom det er lejet, da regnes det for Lejen.
16 ၁၆ မပေးစားလိုသော အပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကို ပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။
Og naar nogen lokker en Jomfru, som ikke er trolovet, og ligger hos hende, da skal han visselig give Morgengave for hende og tage sig hende til Hustru.
17 ၁၇ မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။
Men om hendes Fader vægrer sig ved at give ham hende, da skal han tilveje Penge efter Morgengave for en Jomfru.
18 ၁၈ စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။
Du skal ikke lade en Troldkvinde leve.
19 ၁၉ တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
Hver som ligger hos et Dyr, skal visselig dødes.
20 ၂၀ ထာဝရဘုရားမှတပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။
Hvo som ofrer til Guderne og ikke til Herren alene, skal være forbandet.
21 ၂၁ တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။
Og du skal ikke plage en fremmed og ikke undertrykke ham; thi I have været fremmede i Ægyptens Land.
22 ၂၂ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။
I skulle ikke plage nogen Enke eller faderløs.
23 ၂၃ နှောင့်ရှက်ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကို အမှန်ကြား၍၊
Dersom du plager ham, og han raaber til mig, da skal jeg visselig høre hans Raab.
24 ၂၄ ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
Saa optændes min Vrede, og jeg ihjelslaar eder med Sværd, og eders Hustruer skulle blive Enker og eders Børn faderløse.
25 ၂၅ ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။
Dersom du laaner mit Folk Penge, nemlig den fattige hos dig, da skal du ikke være ham som en Aagerkarl; I skulle ikke lægge Aager paa ham.
26 ၂၆ အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည်။
Dersom du tager din Næstes Klædebon til Pant, da skal du give ham det igen, førend Solen gaar ned.
27 ၂၇ အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသော သဘောရှိ၏။
Thi det er hans eneste Skjul, det er hans Klædebon for hans Krop; deri ligger han; og det skal ske, naar han raaber til mig, da skal jeg høre det, thi jeg er naadig.
28 ၂၈ ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ။
Du skal ikke bande Gud, og den øverste iblandt dit Folk skal du ikke ønske ondt over.
29 ၂၉ အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည်။
Du skal ikke tøve med at give mig af din Lades Fylde og din Vinperses Væde; du skal give mig den førstefødte af dine Sønner.
30 ၃၀ ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည်။
Saaledes skal du gøre med din Okse og med dit Faar; det skal være syv Dage hos sin Moder, paa den ottende Dag skal du give mig det.
31 ၃၁ သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကို မစားရ။ ခွေးတို့အား ပစ်ပေးရမည်။
Og I skulle være mig aldeles hellige Mennesker og ikke æde Kød, som er sønderrevet paa Marken; for Hunde skulle I kaste det.