< ထွက်မြောက်ရာ 2 >
1 ၁ ထိုကာလ၌ လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊
Odšel je mož iz Lévijeve hiše in za ženo vzel Lévijevo hčer.
2 ၂ မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ်လုံး ဖွက်ထားလေ၏။
Ženska je spočela in rodila sina in ko je videla, da je bil čeden otrok, ga je skrivala tri mesece.
3 ၃ နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။
Ko pa ga ni mogla več skrivati, je zanj vzela pletenico iz ločja, jo namazala z blatom in s smolo in vanjo položila otroka in to položila v rogoz poleg rečnega brega.
4 ၄ သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး၌ ရပ်နေလေ၏။
Njegova sestra pa je stala daleč stran, da izve kaj se bo z njim zgodilo.
5 ၅ ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌ လှည့်လည်စဉ်၊ ကိုင်းတော၌ ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ်လေ၏။
In dol je prišla faraonova hči, da se pri reki umije, njene služabnice pa so hodile vzdolž rečnega brega in ko je med rogozom zagledala pletenico, je poslala svojo služabnico, da odide ponjo.
6 ၆ ပုခက်ဖုံးကို ဖွင့်သောအခါ၊ ငိုလျက်နေသော သူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသော်၊
Ko jo je ta odprla, je zagledala otroka in glej, dojenček je jokal. Do njega je imela sočutje ter rekla: »To je eden izmed hebrejskih otrok.«
7 ၇ သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ ခေါ်ရ ပါမည်လောဟု ဖာရောဘုရင်၏ သမီးတော်အား မေးလျှောက်၍၊
Potem je njegova sestra rekla faraonovi hčeri: »Ali naj grem in k tebi pokličem dojiljo izmed hebrejskih žensk, da bo lahko otroka dojila zate?«
8 ၈ မင်းသမီးက သွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
Faraonova hči ji je rekla: »Pojdi.« Deklica je odšla in poklicala otrokovo mater.
9 ၉ ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကို ယူသွား၍ ငါ့ဘို့ ထိန်းလော။ အခကို ငါပေးမည်ဟု မှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကို ယူသွား၍ ထိန်းလေ၏။
Faraonova hči ji je rekla: »Odnesi tega otroka proč in ga dôji zame, jaz pa ti bom dajala tvoja plačila.« In ženska je vzela otroka ter ga dojila.
10 ၁၀ သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏ သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ ခန့်ထားလျက်၊ မောရှအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း။
Otrok je zrastel in privedla ga je k faraonovi hčeri in ta je postal njen sin. Njegovo ime je imenovala Mojzes. Rekla je: »Ker sem ga potegnila iz vode.«
11 ၁၁ မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊
Pripetilo se je v tistih dneh, ko je Mojzes odrasel, da je odšel k svojim bratom, gledal na njihova bremena in oprezal za Egipčanom, ki je udarjal Hebrejca, enega izmed njegovih bratov.
12 ၁၂ ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌ မြှုပ်ထားလေ ၏။
Pogledal je to pot in tisto pot in ko je videl, da tam ni bilo nobenega človeka, je Egipčana usmrtil in ga skril v pesek.
13 ၁၃ နက်ဖြန်နေ့၌ ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏အပေါင်းအဘော်ကို အဘယ်ကြောင့် ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော်၊
Ko je drug dan odšel ven, glej, dva moža izmed Hebrejcev sta se skupaj prepirala in temu, ki je storil napačno, je rekel: »Čemu udarjaš svojega rojaka?«
14 ၁၄ ထိုသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။ အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီဟု သိ၍ကြောက်လေ၏။
Ta pa je rekel: »Kdo te je naredil princa in sodnika nad nama? Ali me nameravaš ubiti, kakor si ubil Egipčana?« Mojzes se je zbal ter rekel: »Ta stvar se je zagotovo izvedela.«
15 ၁၅ ထိုသိတင်းကို ဖါရောဘုရင်ကြားသောအခါ၊ မောရှေကို သတ်ခြင်းငှါ ရှာကြံလေ၏။ မောရှေသည် ဖါရောဘုရင်ထံမှ ထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာ ထိုင်၍နားနေလေ၏။
Torej, ko je faraon slišal to stvar, je iskal Mojzesa, da ga ubije. Mojzes pa je pobegnil izpred faraonovega obličja in prebival v midjánski deželi in se usedel poleg vodnjaka.
16 ၁၆ ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။
Torej duhovnik iz Midjána je imel sedem hčera in prišle so, zajele vodo in napolnile korita, da bi napojile trop svojega očeta.
17 ၁၇ သိုးထိန်းအချို့တို့လည်း လာ၍ သိုးဆိတ်များကို မောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကို ရေတိုက်လေ၏။
Prišli pa so pastirji ter jih odgnali proč, toda Mojzes je vstal, jim pomagal in napojil njihov trop.
18 ၁၈ ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန် ရောက်လာရကြသနည်းဟု မေးလေ၏။
Ko so prišle k svojemu očetu Reguélu, je rekel: »Kako je to, da ste danes prišle tako zgodaj?«
19 ၁၉ သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေ လိုသမျှကို ခပ်သဖြင့်၊ သိုးဆိတ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော၏။
Rekle so: »Egipčan nas je osvobodil iz roke pastirjev in nam prav tako zajel dovolj vode in napojil trop.«
20 ၂၀ အဘကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။
Svojim hčeram je rekel: »In kje je? Zakaj je to, da ste človeka pustile? Pokličite ga, da bo lahko jedel kruh.«
21 ၂၁ မောရှေသည် ထိုသူထံမှာနေ၍ ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။
Mojzes je bil zadovoljen, da prebiva s človekom in ta je Mojzesu dal svojo hčer Cipóro.
22 ၂၂ ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။
Rodila mu je sina in njegovo ime je imenoval Geršóm, kajti rekel je: »Tujec sem bil v tuji deželi.«
23 ၂၃ ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေကျွန်ခံ၍ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ၏။
Pripetilo se je tekom časa, da je egiptovski kralj umrl, Izraelovi otroci pa so vzdihovali zaradi razloga suženjstva in vpili in njihovo vpitje je zaradi razloga suženjstva prišlo do Boga.
24 ၂၄ သူတို့ ညည်းတွားမြည်တမ်းခြင်း အသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။
Bog je slišal njihovo stokanje in Bog se je spomnil svoje zaveze z Abrahamom, Izakom in Jakobom.
25 ၂၅ ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကို ကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။
Bog je pogledal na Izraelove otroke in Bog je imel do njih spoštovanje.