< ထွက်မြောက်ရာ 19 >
1 ၁ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ တတိယလ တရက်နေ့၌ သိနာတောသို့ ရောက်ကြ၏။
Iden tredje Maaned, efter at Israels Børn vare udgangne af Ægyptens Land, paa den Dag kom de til Sinai Ørk.
2 ၂ ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။
Thi de droge fra Refidim og kom til Sinai Ørk og lejrede sig i Ørken, og der lejrede Israel sig lige for Bjerget.
3 ၃ မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊
Og Mose steg op til Gud, og Herren raabte til ham fra Bjerget og sagde: Saa skal du sige til Jakobs Hus og kundgøre Israels Børn:
4 ၄ ငါသည် အဲဂုတ္တုလူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။
I have set, hvad jeg gjorde ved Ægypterne, og jeg bar eder paa Ørnevinger og lod eder komme til mig.
5 ၅ ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။
Og nu, dersom I kun ville lyde min Røst og holde min Pagt, da skulle I være mig en Ejendom fremfor alle Folk; thi mig hører al Jorden til.
6 ၆ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
Og I skulle blive mig et præsteligt Kongerige og et helligt Folk. Disse ere de Ord, som du skal sige til Israels Børn.
7 ၇ မောရှေသည် ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူ သော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။
Og Mose kom og kaldte ad Folkets ældste og forelagde dem alle disse Ord, som Herren havde budet ham.
8 ၈ လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီ တညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။
Da svarede alt Folket til Hobe og sagde: Alt det som Herren har sagt, ville vi gøre; og Mose bragte igen Folkets Ord for Herren.
9 ၉ ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား၍ အစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း၊ မိုဃ်းတိမ်တိုက်၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။
Da sagde Herren til Mose: Se, jeg vil komme til dig i en tyk Sky, paa det Folket maa høre, naar jeg taler med dig, og ligeledes tro paa dig evindelig; og Mose forkyndte Herren Folkets Ord.
10 ၁၀ ထာဝရဘုရားကလည်း လူတို့ရှိရာသို့ သွား၍၊ ယနေ့နှင့်နက်ဖြန်၌ သူတို့ကို သန့်ရှင်းစေလော့။ သူတို့အဝတ်ကို လျှော်စေ၍၊
Og Herren sagde til Mose: Gak til Folket, og du skal hellige dem i Dag og i Morgen, og de skulle to deres Klæder.
11 ၁၁ သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့ရှေ့၊သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။
Og de skulle være rede til den tredje Dag; thi paa den tredje Dag skal Herren nedstige for alt Folkets Øjne paa Sinai Bjerg.
12 ၁၂ လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့ မတက်၊ တောင်ခြေရင်းကို မထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကို ထိမိသောသူမည်သည်ကား၊ ဧကန်အမှန် အသေခံစေ။
Og du skal sætte Gærde for Folket rundt omkring, sigende: Vogter eder for at gaa op paa Bjerget og at røre ved dets Fod; hver den som rører ved Bjerget, skal visselig dødes.
13 ၁၃ ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရ ကြမည်ဟု မောရှေအား မိန့်တော်မူ၏။
Ingen Haand skal røre ved ham; men han skal visselig stenes eller skydes, hvad enten det er et Dyr eller et Menneske, da skal det ikke leve; naar Basunen lyder langsomt, skulle de stige op paa Bjerget.
14 ၁၄ မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ၏။
Og Mose gik ned ad Bjerget til Folket og helligede Folket, og de toede deres Klæder.
15 ၁၅ မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အား ဆိုလေ၏။
Og han sagde til Folket: Værer rede til om tre Dage, og holder eder ikke til Kvinder.
16 ၁၆ သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
Og det skete paa den tredje Dag, der det blev Morgen, at der var Torden og Lyn og en tyk Sky paa Bjerget og en saare stærk Basuns Lyd, og det ganske Folk, som var i Lejren, bævede.
17 ၁၇ မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။
Og Mose førte Folket ud af Lejren mod Gud, og de bleve staaende neden for Bjerget.
18 ၁၈ ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။
Og hele Sinai Bjerg røg for Herrens Ansigt, som for ned over det i Ilden, og der opgik en Røg af det som Røg af en Ovn, og hele Bjerget bævede saare.
19 ၁၉ တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။
Og Basunens Lyd tog til og blev meget stærk; Mose talede, og Gud svarede ham lydelig.
20 ၂၀ ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။
Der Herren var kommen ned over Sinai Bjerg, over Bjergets Top, da kaldte Herren Mose op paa Bjergets Top, og Mose steg op.
21 ၂၁ ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။
Da sagde Herren til Mose: Stig ned for at vidne for Folket, at de ikke skulle bryde frem til Herren for at se, saa at mange af dem maatte falde.
22 ၂၂ ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။
Endog Præsterne, som komme nær til Herren, skulle hellige sig, at Herren ikke skal gøre et Skaar iblandt dem.
23 ၂၃ မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ၏။
Og Mose sagde til Herren: Folket kan ikke stige op paa Sinai Bjerg; thi du vidnede for os og sagde: Sæt Gærde om Bjerget og hellige det.
24 ၂၄ ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့်အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့ တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည် ဟု မိန့်တော်မူ၏။
Og Herren sagde til ham: Gak bort, stig ned, og du skal siden stige op, du og Aron med dig; men Præsterne og Folket skulle ikke bryde frem for at stige op til Herren, for at han ikke skal gøre et Skaar paa dem.
25 ၂၅ မောရှေသည်လည်း လူများတို့ရှိရာသို့ ဆင်း၍ ကြားပြောလေ၏။
Og Mose steg ned til Folket og sagde det til dem.