< ထွက်မြောက်ရာ 17 >

1 ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သိန်တောထဲက ထွက်၍ ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဘို့ရာ ရေမရှိ။
Isarel rangpuinaw ni BAWIPA e kâ patetlah Sin kahrawng dawk hoi a tâco awh teh kahlawng bout a cei awh nah Rephidim vah rim a tuk awh. Hote hmuen koe taminaw nei hanelah tui awm hoeh.
2 ထိုကြောင့် လူများတို့က၊ သောက်ဘို့ရေပေးပါဟု ဆို၍ မောရှေကို ရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟု ဆိုလေ၏။
Hatdawkvah, taminaw ni Mosi koe nei hane tui na poe telah a titeh Mosi a yue awh. Mosi ni bangkongmaw kai koe thoenae na tawng awh. BAWIPA hah bangkongmaw na tanouk awh vaw telah atipouh.
3 လူများတို့သည် ရေငတ်၍ မောရှေကို အပြစ်တင် မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။
Taminaw tui a kahran dawkvah, Mosi yon a pen awh teh a phuenang awh. Kamamouh khue hoi ka canaw, saringnaw pueng tui kahran sak hanelah, Izip ram hoi bangkongmaw na hrawi telah atipouh awh.
4 ထိုအခါ မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ၏။
Hat navah, Mosi ni BAWIPA hah a kaw teh, hete taminaw heh kai ni bangtelamaw ka ti han. Talung hoi kai dêi hanelah meimei coungkacoe ao awh toe telah atipouh.
5 ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကို ခေါ်လော့။ မြစ်ကို ရိုက်သော သင်၏လှံတံကို ကိုင်လျက်၊ ဟောရပ်အရပ်သို့ သွားလော့။
BAWIPA ni hai taminaw e hmalah cet nateh, Isarel tami kacuenaw hah kaw. Tuipui na hemnae sonron hah sin nateh Horeb mon lah cet.
6 ထိုအရပ်၌ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည်။ သင်သည် ထိုကျောက်ကို ရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။
Hote hmuen koe kaawm e lungsong van vah kai ka kangdue han. Nang ni hote lungsong hah na hem han. Taminaw ni a nei hane tui hote lungsong dawk hoi a tâco han telah Mosi koe atipouh. Mosi ni Isarel kacuenaw e hmalah hottelah a sak.
7 ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင် ရှိသလော မရှိလောဟု ထာဝရဘုရားကို စုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟု သမုတ်သတည်း။
Isarelnaw ni BAWIPA teh kaimouh koe ao hoi ao hoeh e a tanouk awh dawkvah, hote hmuen teh Massah hoi Meribah telah ati awh.
8 ထိုအခါ အာမလက်လူတို့သည် လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။
Hat navah, Amaleknaw ni a tho awh teh Isarelnaw Refidim vah a tuk awh.
9 မောရှေကလည်း၊ လူတို့ကို ရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကို ကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။
Mosi ni taminaw hah a rawi teh Amaleknaw tuk hanelah cet awh. Tangtho vah, Cathut e sonron ka sin vaiteh, mon vah ka kangdue han telah Joshua koe atipouh.
10 ၁၀ မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ၏။
Mosi ni a dei pouh e patetlah Joshua ni a sak teh Amaleknaw hah a tuk. Mosi, Aron hoi Hur tinaw mon vah a luen awh.
11 ၁၁ မောရှေသည် လက်ကို ချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကို ချသောအခါ၊ အာမလက်လူတို့သည် နိုင်ကြ၏။
Mosi ni a kut a dâw nah, Isarelnaw ni a tâ awh. A kut a pabo nah, Amaleknaw ni a tâ awh.
12 ၁၂ သို့ရာတွင် မောရှေ၏လက်သည် ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကို ထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ၍ သူ၏လက်ကို မကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။
Hatei, Mosi e kut tha a tawn dawkvah, ahnimouh ni talung a la awh teh, Mosi talung van a tahung sak hnukkhu, Aron hoi Hur ni avoivang lahoi a kut a tawm pouh roi. Hatdawkvah, Kanîloum totouh a kut teh ama paroup lah ao.
13 ၁၃ ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကို ထားလက်နက်ဖြင့် လုပ်ကြံလေ၏။
Joshua ni hai Amalek bawinaw hoi a taminaw hah tahloi hoi a thei.
14 ၁၄ ထာဝရဘုရားကလည်း၊ ဤအမှုကို အောက်မေ့စရာဘို့ စာရေးထား၍ ယောရှုအား ဘတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအား မိန့်တော်မူ၏။
BAWIPA ni hai hete hno dawk pahnim hoeh nahanlah ca thut nateh touk telah Joshua koe atipouh. Bangkongtetpawiteh, kalvan rahim vah Amalek pahnimhoehnae hah kai ni ka takhoe han telah Mosi koe atipouh.
15 ၁၅ မောရှေသည်လည်း ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။
Mosi ni khoungroe a sak teh BAWIPA teh ka tânae (Jehovah-nissi) doeh telah ati.
16 ၁၆ အကြောင်းမူကား၊ အာမလက်လူမျိုး၏ လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ ရန်ဘက်ဖြစ် သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကို စစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။
Bangkongtetpawiteh, Amaleknaw e kut ni BAWIPA e khoungroe e taran lah ao dawkvah, BAWIPA ni Amaleknaw teh a yungyoe hoi taran lah a tuk han telah ati.

< ထွက်မြောက်ရာ 17 >