< ထွက်မြောက်ရာ 16 >
1 ၁ တဖန် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှ ထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ၏။
І рушили вони з Єліму, і вся громада Ізраїлевих синів прибула́ до пустині Сін, що між Єлімом та між Сіна́єм, п'ятнадцятого дня другого місяця по ви́ході їх з єгипетського кра́ю.
2 ၂ ထိုတော၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊
І стала ре́мствувати вся громада Ізраїлевих синів на Мойсея та на Аарона в пустині.
3 ၃ ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
І говорили їм Ізраїлеві сини: „Коли б ми були повмирали від Господньої руки в єгипетськім кра́ї, як ми сиділи над горшком м'яса, як ми їли хліба до́сить! Бо ви вивели нас до цієї пустині, щоб поморити голодом увесь цей збір“.
4 ၄ ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တနေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည်။
І промовив Господь до Мойсея: „Ось Я спускатиму вам дощем хліб із неба, а наро́д вихо́дитиме й щоденно збиратиме, скільки треба на день, щоб ви́пробувати його, чи буде він ходити в Моєму Зако́ні, чи ні.
5 ၅ နေ့တိုင်းသိမ်းယူသော အရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ ပြင်ရကြမည်ဟု မောရှေအား မိန့်တော်မူ၏။
А настане шостий день, то приготують, що принесу́ть, і буде подвійне супроти того, що збирають день-у-день “.
6 ၆ မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ သည်ဟု ယနေ့ ညဦးယံ၌ သင်တို့ သိကြလိမ့်မည်။
І сказали Мойсей та Аарон до всіх Ізраїлевих синів: „Настане вечір — і ви довідаєтеся, що Господь вивів вас із єгипетського кра́ю.
7 ၇ နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။
А настане ра́нок, то побачите славу Господню, бо Він почув ваші ре́мствування на Господа. А ми що́, що ви ре́мствуєте на нас?“
8 ၈ တဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌သင်တို့စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်းပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသောအသံကို ထာဝရဘရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကို မထိမခိုက်၊ ထာဝရဘုရားကို ထိခိုက်သည်ဟု ဆိုလေ၏။
І сказав Мойсей: „Довідаєтесь, як увечорі Господь дасть вам м'яса на їжу, а рано хліба на наси́чення, бо почув Господь ре́мствування ваші, що ви ре́мствуєте на Нього. А ми́ що? Не на нас ре́мствування ваше, а на Господа!“
9 ၉ တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည် ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊
І сказав Мойсей до Аарона: „Скажи всій громаді Ізраїлевих синів: Наблизьтеся перед лице Господа, бо Він почув ваші ре́мствування!“
10 ၁၀ အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသော ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြ၏။
І сталося, коли говорив Аарон до всієї громади Ізраїлевих синів, то обернулися вони до пустині, — аж ось слава Господня показалася в хмарі!
11 ၁၁ ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။
І промовив Господь до Мойсея, говорячи:
12 ၁၂ ညဦးယံ၌ သင်တို့သည် အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့် ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့က ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
„Я почув ре́мствування Ізраїлевих синів. Промовляй до них, кажучи: Під вечір бу́дете їсти м'ясо, а рано наси́титесь хлібом, — і познаєте, що Я — Господь, Бог ваш!“
13 ၁၃ ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။
І сталося ввечорі, і зняли́ся перепели́ці, і покрили та́бір. А рано була верства́ роси навколо табо́ру.
14 ၁၄ နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ၏။
І підняла́ся верства́ тієї роси, — аж ось на пове́рхні пустині щось дрі́бне, вузькувате, дрібне, немов па́морозь на землі.
15 ၁၅ ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကို တယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။
І побачили Ізраїлеві сини, та й казали один до одного: „Ман гу?“, бо не знали, що́ то. А Мойсей відказав їм: „Це той хліб, що дав вам Господь на їжу.
16 ၁၆ လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တယောက် တဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
Це те, що про нього Господь наказав: Збирайте з нього кожен у міру їди́ своєї, го́мер на голову, за числом ваших душ: візьміть кожен для того, хто в наме́ті його.
17 ၁၇ ဣသရေလအမျိုးသားတို့သည် ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။
I зробили так Ізраїлеві сини, і назбирали хто більше, а хто менше.
18 ၁၈ ဩမဲတောင်းနှင့် ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီး တို့သည် စားလောက်အောင် သိမ်းယူကြ၏။
І зміряли вони гомером, — і не мав зайвого той, хто зібрав більше, а хто зібрав менше, не мав нестачі, — зібрали кожен у міру своєї їди́!
19 ၁၉ မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှ မကျန်စေနှင့်ဟု ဆိုသော်လည်း၊
І сказав до них Мойсей: „Нехай ніхто не лишає з ньо́го до ра́нку!“
20 ၂၀ အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။
Та не послухали вони Мойсея, і дехто позоставля́ли з нього до ранку, а воно зачерви́віло, і стало смердюче. І розгнівався на них Мойсей!
21 ၂၁ ထိုသူ အသီးအသီးတို့သည် နေ့တိုင်း မိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါ အရေဖြစ်လေ၏။
І збирали його щора́нку, кожен у міру своєї їди. А розгрівалося сонце — і воно розтавало.
22 ၂၂ ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။
І сталося шостого дня, — поназби́рували вони хліба подвійно, два гомери на одного. І посхо́дилися всі начальники громади, і розповіли Мойсеєві.
23 ၂၃ သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာ ကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
А він сказав до них: „Це те, що говорив Господь: Повний спокій, субота свята для Господа взавтра. Що бу́дете пекти — печіть, а що бу́дете варити — варіть, а все позостале покладіть собі на схо́вок до ра́нку“.
24 ၂၄ မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင် သိုထားကြ၏။ နံခြင်းနှင့် ကင်းလွတ်၏။ ပိုးလည်းမရှိ။
І поклали його аж до ранку, як Мойсей наказав, і не засмерділось воно, і черви́ не було в нім.
25 ၂၅ မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌ မတွေ့ရ။
І сказав Мойсей: „Їжте його сьогодні, бо сьогодні субота для Господа. Сьогодні не зна́йдете його на полі.
26 ၂၆ ခြောက်ရက်ပတ်လုံး သိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟု ဆိုလေ၏။
Шість день будете збирати його, а дня сьомого — субота: не бу́де в ній того “.
27 ၂၇ ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍ မတွေ့ရကြ။
І сталося сьо́мого дня, повихо́дили були з наро́ду збирати, та не знайшли.
28 ၂၈ ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း။
І сказав Господь до Мойсея: „Аж доки ви будете відмовлятися виконувати заповіді Мої та зако́ни Мої?
29 ၂၉ ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌ နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
Побачте, — Господь дав вам суботу, тому Він дає вам шостого дня хліба двох днів. Сидіть кожен у себе, — нехай сьомого дня не виходить ніхто з свого місця!“
30 ၃၀ ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။
І сьомого дня наро́д відпочивав.
31 ၃၁ ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့် ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။
І назвав Ізраїлів дім ім'я́ тому: ма́нна. Вона була́, як коріяндрове насі́ння, біла, а смак її, — як тісто в меду.
32 ၃၂ မောရှေကလည်း၊ သင်တို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အား ကျွေးသော မုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
І сказав Мойсей: „Оце те, що наказав Господь: Напо́вни нею го́мер на схо́вок для ваших поколінь, щоб бачили той хліб, яким Я годував вас на пустині, коли Я виводив вас із єгипетського кра́ю“.
33 ၃၃ တဖန် အာရုန်ကိုလည်း၊ အိုးတလုံးကို ယူ၍ မန္နတဩမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုး အစဉ်အဆက်ဘို့ စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟု ဆို၍၊
І сказав Мойсей до Аарона: „Візьми одну посу́дину, і поклади туди повний го́мер ма́нни, і постав її перед Господнім лицем на схо́вок для ваших поколінь“.
34 ၃၄ မောရှေကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာ သိုထားလေ၏။
І як наказав Бог Мойсею, так поставив її Аарон перед ковчегом свідоцтва на сховок.
35 ၃၅ ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကို စားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကို စားကြ၏။
А Ізраїлеві сини їли ту манну сорок літ, аж до прибуття́ їх до краю заселеного, їли манну аж до прихо́ду їх до границі ханаанського кра́ю.
36 ၃၆ ဩမဲမူကား၊ ဧဖာဆယ်စုတစုဖြစ်သတည်း။
А го́мер — він десята частина ефи.