< ထွက်မြောက်ရာ 13 >
1 ၁ မောရှေကို ခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဘွားသောသူ၊
Og Herren talte til Moses og sa:
2 ၂ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဘို့ သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။
Du skal hellige mig alt førstefødt, alt det som åpner morsliv blandt Israels barn, enten det er folk eller fe! Mig hører det til.
3 ၃ မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကို မစားရ။
Og Moses sa til folket: Kom i hu denne dag da I gikk ut av Egypten, av trælehuset, for med sterk hånd førte Herren eder ut derfra! Da skal I ikke ete syret brød.
4 ၄ အဗိဗလ၊ ယနေ့၌ပင် သင်တို့သည် ထွက်လာကြပြီ။
Idag drar I ut, i måneden abib.
5 ၅ သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။
Når da Herren fører dig inn i kana'anittenes og hetittenes og amorittenes og hevittenes og jebusittenes land, som han tilsvor dine fedre å gi dig, et land som flyter med melk og honning, da skal du holde denne tjeneste i denne måned.
6 ၆ ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရား အဘို့ ပွဲခံရကြမည်။
I syv dager skal du ete usyret brød, og på den syvende dag skal det være høitid for Herren.
7 ၇ တဆေးမပါသောမုန့်ကို စားရသော ခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေ သောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။
Usyret brød skal du ete alle de syv dager, det skal ikke finnes syret brød hos dig, og ikke surdeig i hele ditt land.
8 ၈ ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ၏ဟု ထိုနေ့၌ သားမြေးတို့အား ကြားပြောရမည်။
Og samme dag skal du fortelle din sønn det og si: Dette er til minne om det som Herren gjorde for mig da jeg drog ut av Egypten.
9 ၉ ထာဝရဘုရား၏ တရားသည်၊ သင်၏နှုတ်၌ တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌ လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဘို့ရာ ဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။
Og det skal være dig til et tegn på din hånd og til en minneskrift på din panne, forat Herrens lov skal være i din munn; for med sterk hånd førte Herren dig ut av Egypten.
10 ၁၀ ထို့ကြောင့် စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။
Og du skal gjøre efter denne lov til fastsatt tid, år efter år.
11 ၁၁ သင်တို့၌၎င်း၊ ဘိုးဘေး၌၎င်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင်၍၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ၊
Og når Herren har ført dig til kana'anittenes land, således som han tilsvor dig og dine fedre, og gir dig det,
12 ၁၂ သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။
da skal du overgi til Herren alt det som åpner morsliv; alt som åpner morsliv, som faller av det fe du har, hvis det er av hankjønn, hører det Herren til.
13 ၁၃ မြည်းမ၌ အဦးဘွားသော မြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ် လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။
Og alt som åpner morsliv blandt asen, skal du løse med et stykke småfe; men hvis du ikke løser det, skal du bryte nakken på det; og alt førstefødt av mennesker, blandt dine sønner, skal du løse.
14 ၁၄ နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။
Og når din sønn siden spør dig og sier: Hvad betyr dette? da skal du svare ham: Med sterk hånd førte Herren oss ut av Egypten, av trælehuset.
15 ၁၅ ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။
For dengang da Farao satte sig hårdt imot å la oss fare, da slo Herren ihjel alt førstefødt i Egyptens land, både folk og fe; derfor ofrer jeg Herren alt det som åpner morsliv, det som er av hankjønn, og alle førstefødte blandt mine sønner løser jeg.
16 ၁၆ ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။
Og det skal være til et tegn på din hånd og til en minneseddel på din panne; for med sterk hånd førte Herren oss ut av Egypten.
17 ၁၇ ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။
Da nu Farao lot folket fare, da førte Gud dem ikke på veien til filistrenes land, skjønt den var den nærmeste; for Gud sa: Folket kunde angre det når de ser krig for sig, og så vende tilbake til Egypten.
18 ၁၈ ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့် ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသော တပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။
Men Gud lot folket ta omveien gjennem ørkenen mot det Røde Hav. Og Israels barn drog fullt rustet ut av Egyptens land.
19 ၁၉ အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာ တော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ် ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။
Og Moses tok Josefs ben med sig; for Josef hadde tatt en ed av Israels barn og sagt: Gud skal visselig se til eder, og da skal I føre mine ben med eder op herfra.
20 ၂၀ တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။
Så brøt de op fra Sukkot og slo leir i Etam ved grensen av ørkenen.
21 ၂၁ သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎င်း၊ ညဉ့်၌ကား၊ အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။
Og Herren gikk foran dem, om dagen i en skystøtte for å lede dem på veien og om natten i en ildstøtte for å lyse for dem, så de kunde dra frem både dag og natt.
22 ၂၂ နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။
Skystøtten vek ikke fra folket om dagen, ikke heller ildstøtten om natten.